ဒူးရင်း၊ မင်းဂွတ်သီးများကဲ့သို့ သားသုံးရာတွင်အရသာရှိ၍ ဒူးရင်း၊မင်းဂွတ်သီးများကဲ့သို့ပင် ပူအိုက်စွတ်စို သောဒေသတွင်ပေါက်ရောက်သောနောက်အသီးတစ်မျိုးမှာ ကြက်မောက်သီးပင်ဖြစ်သည်။သွေး၊သည်းခြေနှင့်သင့်သည်ဟုမြန်မာ့ ဆေးကျမ်းတွင်ဆိုသည်။
စိုက်ပျိုးရန်ဒေသ
ကြက်မောက်ပင်သည်အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းပူအိုက်စွတ်စိုသောရာသီဥတုကိုသာကြိုက်နှစ်သက်၍ပူပြင်းခြောက်သွေ့သောရာသီဥတုတွင် မဖြစ်ထွန်းပေ။အေးမြသောရာသီဥတုတွင်ပေါက်ရောက်ခြင်းမရှိပေ။ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ရခိုင်ပြည်နယ်များတွင်ဖြစ်ထွန်းသည်။အထူးသဖြင့်တနင်္သာရီ တိုင်းတွင်ကောင်းစွာပေါက်ရောက်ဖြစ်ထွန်းသည်။
စိုက်ပျိုးနည်း
ယခုစိုက်ပျိုးနေကြသောနည်းမှာအစေ့ကိုပျိုးထောင်၍ပြောင်းလဲရွေ့စိုက်ပျိုးခြင်းပင်ဖြစ်သည်။ထိုနည်းမှာမျိုးကောင်းမျိုးသန့်အပင်များမှမျိုးကိုယူ၍စိုက်ပျိုးသည့်တိုင်မျိုးကောင်းမျိုးသန့်အပင်များဖြစ်လာရန်စိတ်ချရသည့်နည်းမဟုတ်ပေ။မူလမျိုးယူသည့်အပင်၏အရသာအတိုင်းရရှိ၍အပင်နိမ့်နိမ့်အသက်ငယ်ငယ်နှင့် အသီးသီးရန်ကိုင်းဆက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးသင့်သည်။
အရပ်ဒေသအလိုက်ပေါက်နေကျကြက်မောက်သီးများကိုပျိုးထောင်ထားပြီး နောက်၎င်းအပင်များကို မြေခံပင်ပြုလုပ်ကာအစေ့သေးသေးအသားထူထူ အရသာချိုသောအသီးများများအဆုံးသီးသည့်အပင်မှ ခဲတံချောင်းအရွယ် တစ်နှစ်ခွဲမှနှစ်နှစ်သားအတွင်းရှိအကိုင်းများနှင့်ကိုင်းဆက်စိုက်ပျိုးပါကအပင်ပုပုအသက်ငယ်ငယ်နှင့်မူလမျိုးအတိုင်းအရသာရှိသောအသီးများသီးမည်ဖြစ်သည်။

မြေအမျိုးအစား
ရေစီးရေလာကောင်းသောသဲနုန်းမြေပွတွင်ကောင်းစွာဖြစ်ထွန်းသည်။မြေစေးများတွင်စိုက်ပျိုးမည်ဆိုလျှင်ကျင်းများကိုအကျယ်ငါေးပ၊အနက်ငါးပေအထိတူး၍မြေဆွေး၃၀ရာခိုင်နှုန်း၊သဲ၃၀ရာခိုင်နှုန်းနှင့်အပေါ်ယံမြေသားကိုရောစပ်ပြီးကျင်းပြည့်အောင်ထည့်၍စိုက်ပျိုးပါ။
စိုက်ပျိုးပုံ
ကြက်မောက်ပင်စိုက်ပျိုးရန်အတွက်ကျင်းများကိုတစ်နှစ်ခန့်ကကြိုတင်တူးဖော်၍ပြင်ဆင်ထားသင့်သည်။ကျင်းများကိုသုံးပေအကျယ်သုံးပေအနက်တူး၍အမှိုက်သရိုက်များကိုကျင်းပြည့်အောင်ထည့်ပြီးမီရှို့ပါ။ထို့နောက်မြေဆွေးတစ်ဆအပေါ်ယံမြေသားတစ်ဆရောစပ်၍ကျင်းပြည့်အောင်ထည့်ထားပါ။ထို့နောက်အစေ့မှပျိုးထောင်ထားသောအပင်ကလေးများကိုအမြစ်မနာအောင်ချပြီးစိုက်ပါ။
စိုက်ပျိုးရာတွင်ကြက်မောက်ပင်များကိုမြေပြန့်ဖြစ်လျှင်တစ်ပင်နှင့်တစ်ပင်၂၄-ပေပတ်လည်ခွာ၍တောင် စောင်းများတွင်တစ်ပင်နှင့်တစ်ပင်ပေ၂၀-ပတ်လည် ခွာစိုက်ပါ။ အပင်များငယ်စဉ်တွင်အရိပ်များရရှိရန်ငှက်ပျောပင်များအရိပ်ပင်အဖြစ်စိုက်ပျိုးထားရမည်။အပင်ကြီးလာသည့်အခါတွင်အရိပ်ပင်များကိုတဖြည်းဖြည်းဖယ်ရှားပေးရမည်။
မြေသြဇာ
မြေဆွေး၊သစ်ဆွေးမြေသြဇာများမှာကြက်မောက်ပင်အတွင်ကောင်းလှသော မြေသြဇာများပင်ဖြစ်သည်။ဓာတ်မြေသြဇာကျွေးမည်ဆိုလျှင်သာကူစေ့ ဓာတ်မြေသြဇာငါးဆ၊ပိုတက်လေးဆရောစပ်ထားသောဓာတ်မြေသြဇာကို၂နှစ်သားတစ်ပတ်လျှင်လေးအောင်စမှရှစ်အောင်စအထိအပင်ကြီးထွားမှုကိုကြည့်၍ထည့်ပေးပါ။ငါးနှစ်သားမှစှုသုံးဆမှလေးဆအထိတိုး၍ထည့်ပေးပါ။ဓာတ်မြေ သြဇာများကိုနွားချေ၊မြေ ဆွေးများဖြင့်ရော၍ထည့်ပေးပါ။

မြေသြဇာကျွေးရန်ကာလ
ကြက်မောက်ပင်ကိုတစ်နှစ်လျှင်နှစ်ကြိမ်မြေသြဇာကျွေးပေးသင့်သည်။မိုးဦးကျချိန်တွင်တစ်ကြိမ်၊မိုးကုန်ခါနီးမိုးနှောင်းတွင်တစ်ကြိမ်မြေသြဇာကိုအပင်ရွက် အုပ်ပတ်လည်မြောင်းတူး၍ထည့်ပေးပြီးမြေဖြင့်ပြည့် အောင်ဖို့ထားပေးရမည်။
ပိုးမွှားရောဂါ
ကြက်မောက်ပင်မှာပင်စည်ပိုးများကျတတ်သည်။၎င်းပိုးများ၏အန္တရာယ်ကို ကာကွယ်ရန်မှာတစ်နှစ်လျှင်တစ်ကြိမ်ဗော်ဒိုဆေးရည်ခပ်ပျစ်ပျစ်ဖျော်၍ပင်စည်ကိုသုတ်လိမ်းပေးရမည်။
ပြုစုစောင့်ရှောက်ပုံ
ကြက်မောက်ပင်တွင်အထူးအကွေးအကိုင်းများကိုဖြတ်တောက်ပေးရန်မလို သော်လည်းအပေါ်သို့ ထောင်တက်လာသောအကိုင်းများကိုမငဖြတ်ပေးရ မည်။ကိုင်းခြောက်များကိုလည်းရှင်းလင်းပေးရမည်။အသီးများသီးလာသည့် အခါလင်းနို့၊လင်းဆွဲ၊ကျီးကန်းများနှင့်အခြားငှက်များ၏အန္တရာယ်ကို အထူး ကာကွယ်ပေးရန်လိုသည်။ပိုက်ကွန်များ၊ဆူးခက်တန်းများပြုလုပ်ကာကွယ်၍ ဂရုစိုက်ခြောက် လှန့်ပေးရန်လည်းလိုအပ်ပေသည်။
သက်တမ်း
ကြက်မောက်ပင်သည်ခြောက်နှစ်သားအရွယ်တွင်အသီးစသီးပြီးနှစ်ပေါင်း၅၀-အထိအသက်ရှည်ကာ တစ်နှစ်ထက်တစ်နှစ် အသီးပို၍ သီးတတ်သည်။
Credit - စိုက်ပျိုးနည်းပဒေသာ