Skip to main content

ခန္ဓာကိုယ်မှ အဖုအကျိတ်တွေကို ပျောက်ကင်းစေမည့် ဆေးနည်း

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်မှာကတော့ လေူတိုင်းသိရှိထားသင့်တဲ့ ကုသရန် ခက်ခဲသူများအတွက် ခန္ဓာကိုယ်မှ အဖုအကျိတ် ပျောက်စေရန် နည်းလမ်းကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် ။

လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန် ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီးတို နည်းလေးအား ဝေငှပေးခဲ့ပါသည် ။

ဘေးထွက်ဆိုးကြိုးများလည်း မရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည် ။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှ ထုတ်နုတ်ဖေါ်ပြပါသည် ။

ဆေးနည်းမှာ – (၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ် ။ ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ ။

လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။ အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ ။

တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။ အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည် ။ အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)