ကောက်ရထားသော ပိုက်ဆံအိတ်ကို ပိုင်ရှင်ထံ ပြန်ပေးခဲ့တဲ့အတွက် လက်ဖက်ရည် စားဖွယ်စုံ တစ်သက်တာ အခမဲ့ သုံးဆောင်ခွင့်ရ
၂၉.၂.၂၀၂၀ ညနေ ၆:၃၀ အချိန်ဝန်းကျင်တွင် ညောင်ဦးမြို့ အမှတ်(၁)ရပ်ကွက် သီရိမဂ်လာရပ်တွင် နေထိုင်သော မောင်သာခွါး(ခ)မောင်နန်းဇေယျာဦး ( AYA Bank ညောင်ဦးဘဏ်ခွဲ လုံခြုံရေးဝန်ထမ်း)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြား ရောက်ရှိလာခဲ့ပြီး
၎င်းကောက်ရထားသော ပိုက်ဆံအိတ်တစ်လုံးကို ပိုင်ရှင်အားဆက်သွယ်ပေးရန် အပ်နှံခဲ့သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အိတ်တွင်းပါ နိုင်ငံသားကတ် နှစ်ခု ယာဉ်မောင်းလိုင်စင်နှစ်ခု ဘဏ်ATMကတ် နှစ်ခု အခြားစာရွက်စာတမ်းများနှင့် ငွေကျပ်နှစ်သိန်းနီးပါးတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိပ်စာအမည်နဲ့တကွ ချက်ချင်းအကြောင်းကြားခေါ်ယူကာ ကောက်ရထားသူနဲ့ ပိုင်ရှင်တို့အား စစ်ဆေးလွှဲပြောင်းပေးအပ်စေခဲ့သည်။

ပိုင်ရှင်မှ ကျေးဇူးတုန့်ပြန်ခဲ့သော်လည်း ရိုးသားဖြောင့်မတ်သူ မောင်နန်းဇေယျာဦးမှ လက်ခံပေးခြင်း မရှိခဲ့၍ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိသားစုကိုယ်ပိုင်လုပ်ငန်းဖြစ်သော ခိုင်ဝါ 7 လက်ဖက်ရည်နှင့်စားဖွယ်စုံ သို့ တစ်သက်တာ အခမဲ့သုံးဆောင်နိုင်ရန် ဂုဏ်ပြုပေးခဲ့ပါသည်။
ဂုဏ်ပြုထိုက်သူကို ချီးမြှောက် ဂုဏ်ပြုပေးခြင်းသည် မဂ်လာတစ်ပါး ဖြစ်၏။
Ko Htay Nyu