Skip to main content

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ပြိုင်ဘက် မဟုတ်ဘူး ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ မချိုးနှိမ်သင့်ဘူး

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်ဘူး..။ ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ မချိုးနှိမ်သင့်ဘူး..။

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ကိုယ့်ရဲ့ရန်သူမဟုတ်ဘူး..။ ဒါကြောင့် ဘာအကြောင်းကြောင့်နဲ့မှ သံသယတွေပွားလို့ တစိမ်းမဆန်သင့်ဘူး..။

ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားဆိုတာ ဘဝတစ်သက်တာလုံးအတွတ် အေးအတူပူအမျှ ကိုယ်နဲ့ လက်တွဲသွားမယ့်သူမို့ အားနည်းချက်တွေ ရှိခဲ့ရင်တောင် ဖေးမကူညီ လမ်းပြရမယ့်အစား ရူံ့ချလို့ အထင်အမြင် မသေးသင့်ဘူး..။

ကိုယ့်ချစ်သူ, ကိုယ့်ဇနီးမယားဆိုတာ ဘယ်လောက်ရင့်ကျက် တည်ငြိမ်တဲ့ မိန်းမဖြစ်နေနေ ဘယ်လောက် တော်ပြီး ထက်မြတ်တဲ့ မိန်းမဖြစ်နေနေ ဘယ်လောက်ရိုးအ နုံချာတဲ့ မိန်းမဖြစ်နေနေ ယောကျ်ား တစ်ယောက်အပေါ် ချစ်မြတ်နိုးလွန်းတဲ့ စိတ်တစ်ခုထဲနဲ့ ကလေးဆန်သွားတတ်ကြတာ..။ ဆိုးနွဲ့ စိတ်ကောက်တတ်ကြတာတွေကို နားလည်မူမရှိပဲ အထင်သေး ရူံ့ချလို့ ချိုးနှိမ် လှောင်ပြောင်တာတွေ မလုပ်သင့်ဘူး..။

တစ်ချို့သောယောကျ်ားတွေ သိထားစေချင်လို့ပါ။

Nan Khin May Win