တနင်္ဂနွေ သားသမီးများ
ဒီကာလအတွင်းနေ့ညမပျက် အလုပ်လုပ်ရချိန်ပါပဲ။ လူအင်အား၊ ငွေအင်အား၊ အလုံးအရင်း အပြိုင်အဆိုင်များစွာဖြင့် လုပ်ကိုင်နေရမည်။ မြတ်သမျှငွေ အလုပ်ထဲ ပြန်လည်ရင်းနှီးရမည်။ ရလည်းရ၊ ကုန်လည်းကုန်သော အချိန်။ လိမ်ညာလှည့်စား မှုများ ဝိုင်းနေသောကာလဖြစ်သည်။ စာချုပ်နှင့် နှုတ်ကတိများ၊ စာအုပ်ထုတ်ဝေရေးများ စိတ်မလောမိစေရန် သတိပြုရမည်။ ခရီးသွား၊ ဘုရားဖူး၊ ဟော်တယ်၊ ယာဉ်လုပ်ငန်းများ အောင်မြင်မည်။ ရေမသန့်မှုကြောင့် ဝမ်းပျက်မှု ကြုံမည်။ ညအိပ်မပျော် ဖြစ်မည်။ လူငယ်များစိတ်လေပြီးဦးတည်ချက်မရှိ လျှောက်သွားချင်နေတတ်သည်။ အိမ်ထောင်ဖက်ထံမှ လက်ဆောင်များ ရမည်။ စာရင်းဇယားများ အကြိမ်ကြိမ် ထပ်ပြင်နေရမည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်များ အဆင်ပြေမှုတွေ ဆက်တိုက်ဖြစ်မည်။ အချစ်ရေးမှာနုပျိုငယ်ရွယ်သူများ၏ ချစ်မြတ်နိုးမှုကို ရမည်။ ဒါပေမယ့် နှလုံးသားက ချစ်ချင်သော်လည်း အလုပ်ကို ပိုမိုဦးစားပေးနေဖြစ်မည်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်၏ အနားမကပ်နိုင်အောင် အလုပ်ကိစ္စ၊လူမှုရေး၊ ဘာသာရေးများနှင့်ရှုပ်နေမည်။ နေအိမ်ရှိ အတူနေသူများအပေါ် စိတ်တိုင်းမကျဖြစ်မည်။ အိမ်ထောင်ဖက်အတွက် အောင်မြင် မှုတစ်ခု ရယူပေးဖြစ်လိမ့်မည်။ ပညာသင်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အခွင့်အရေးများ ရရှိမည်။ သို့သော် ကိုယ့် အလုပ်နှင့် ကိုယ်ရှုပ်နေမည်။ အလုပ်နှင့်ဆိုင်သော ပညာရပ်များ လေ့လာဖြစ်မည်။
ယတြာ = မိမိနေအိမ်ဘုရားတွင် ပန်းအဖြူ (၂၇)ပွင့် သောက်တော်ရေ (5)ခွက် တနင်္ဂနွေ အပတ်တိုင်း ကပ်လှူပူဇော်ပေးပါ။
တနင်္လာသားသမီးများ
ဒီကာလအတွင်းစွယ်စုံလုပ်ရမည်။ မလိုအပ်တဲ့စာရင်းဇယားများရှင်းရမည်။ အဆက်အသွယ်နှင့် စာချုပ်ဆိုင်ရာ အရောင်းအဝယ်နှင့် ငွေတောင်းခံခြင်းဆိုင်ရာများ ပြုလုပ်ရမည်။ မိသားစုကိုယ်စီတိုင်း အလုပ်ကိုယ်စီရှိသူများ ဝင်ငွေကောင်းပေမယ့်အဖတ်မတင်ဖြစ်တတ်သည်။ မသိနားလည်သူတို့၏ အတွင်းရေး အရှုပ်ထုပ်များ ဖြေရှင်းပေးနေရမည်။ လုပ်ငန်းသစ်စခြင်း၊ ပြောင်းရွှေ့ရခြင်းများ မပြုလုပ်သင့်ပါ။ သတိနှင့် အေးဆေး သီးသန့်နေသင့်သော အချိန်ဖြစ်သည်။ မိတ်ဆွေတို့၏ အားပေးမှုကို ရမည်။ ကျန်းမာရေးကတော့အအေးပတ်၊ နှာစေးပြီး အအေးဒဏ်ကြောင့် ကိုက်ခဲ နာကျင်မည်။ ရေနစ်လွယ်သည်။ ရေတွင်ဆော့ကစားခြင်းဒီအပတ်ထဲအထူးရှောင်ပါ။ အချစ်ရေးတွင် ရုတ်တရက်ပေါ်လာပြီး ပျောက်သွား မည်။ အိပ်မက်ပမာ အချစ်တွေသာရမည်။ လက်တွေ့ဆန်သော အချစ်ဘက် အားနည်းနေမည်။ ချစ်သူရှိပြီးသူများအပြော မတတ်မှုကြောင့် စိတ်ကောက်သွားတတ်သည်။ အိမ်ထောင်ရေးကတော့အိမ်ထောင်ဖက်၏ အလုပ်အောင်မြင်မှု ဂုဏ်သတင်း ရရှိမည်။ မိမိထက် အစစသာနေမည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တတ်မည်။ စားကောင်းသောက်ဖွယ်များကို လက်ဆုံ စားဖြစ်မည်။ သာယာသော အိမ်ထောင်ရေးကောင်း ဖြစ်သည်။ ပညာရေးမှာတော့သင်ယူလိုစိတ်အားနည်းနေမည်။ပညာရေး အထောက်အကူပစ္စည်းများ ပျောက်ဆုံးမည်။ ပညာရေးအတွက် အချိန်များ ရပေမယ့်မိမိကလိုက်မလုပ်ချင်ဖြစ်မည်။
ယတြာ = တနင်္လာနေ့ မနက် 8နာရီတိတိတွင် နွားနို့ (3)ခွက် ကပ်လှူပေးပါ။
အင်္ဂါသားသမီးများ
ဒီကာအတွင်း ဖောက်သည်ဟောင်း၊ဖောက်သည်အသစ်များ စုပြုံရောက်လာမည်။ မိသားစုလုပ်ငန်းများ ငွေဝင်မည်။ မြေယာ၊အဆောက်အအုံ၊ယာဉ်များကောင်းကျိုးပေးမည်။စာရင်းမှား၍ ငွေစိုက်ရမည်။မရှန်းပါနဲ့။အလုပ်အပေါ်စိတ်နှစ်ထားပါ။ အကျိုးဆောင်နှင့် စပ်တူလုပ်ငန်းများ အကျိုးမပေး ပြဿနာပေါ်မည်။ ဆက်သွယ်ရေးဆိုင်ရာ ခက်ခဲမှုများ ကြုံမည်။ အတူနေသူများ ကောင်းကျိုးပေးမည်။ မိဘနှစ်ပါးလုံး၏ ကျန်းမာရေး ပူပန်ရမည်။ မိမိကိုယ်တိုင်လဲခေါင်းမူး၊ ခေါင်းဝေဖြစ်မည်။အိပ်ရေး၀၀အိပ်ပါ။ ဗိုက်နာ၊ဗိုက်အောက်မည်။ ပတ်ဝန်းကျင်ဆူညံသံများကြောင့် စိတ်ညစ်ရမည်။ အချစ်ရေးတွင် သူလိမ်ကိုယ်လိမ် နှစ်ပင်လိမ်ရှုတ်ထွေးနေရာမှ ပြတ်သွားလိမ့်မည်။ စကားနည်း၊ ရန်စဲကာလ ဖြစ်မည်။ ချစ်သူနှင့် ခဏတာ ခွဲနေရမည်။ လက်ထပ်ရန်ဝေးနေမည်။ လက်ထပ်ဖို့စီစဉ်ပြီးသူများ အခက်အခဲအနည်းငယ်ကြုံမည်။ အိမ်ထောင်ရေးမှာတော့သာယာသော အိမ်ထောင်ရေးဖြစ်မည်။ ဒါပေမယ့်အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည် သို့မဟုတ် ခရီးဝေး ထွက်ခွာရလိမ့် မည်။ အိမ်တွင်းရေး သာယာမည်။ သင်တန်းတွေစုံအောင် လိုက်တတ် နေသော်လည်း လိုက်မမီနိုင်၊ သိလွယ်၊ မေ့လွယ်ဖြစ်မည်။ လက်တွေ့ပိုင်းဆိုင်ရာ ပညာရပ်များ အလုပ်အတွက် အကျိုးပေးမည်။ အလုပ်တာဝန်နှင့်ဆိုင်သော ပညာများ သင်ကြားရမည်။ ပညာတော်သင်ခရီး ထွက်ဖြစ်မည်။
ယတြာ = ဘုရားမှာ အလှူငွေ ၂၁၀၀ကျပ်တိတိ လှူပေးပါ။ ရွှေဆိုင်းများ ကပ်လှူပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
ဒီကာလမျာအရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရမည်။ ဖခင်ရဲ့လုပ်ငန်းတွေကိုကူညီလုပ်ပေးရင်းကနေမိမိလုပ်ငန်းများလဲ ငွေဝင်မည်။ ခရီသွားနှင့် ရေလုပ်ငန်းများ လုပ်ရမည်။ စိုက်ပျိုး မွေးမြူရေး အတွက် ကူညီဆောင်ရွက်ပေးဖြစ်မည်။ သတိထားလုပ်သင့်သော အချိန်ဖြစ်သည်။ လက်ဝတ်ရတနာများ ပျောက် ကွယ်၊ ပျက်စီးလွယ်မည်။ သားသမီးတို့၏ အကျိုးကျေးဇူး ခံစားရမည်။ ကျန်းမာရေးကတော့အစာမကြေ၊ ဗိုက်နာ၊ လေပွမည်။ မျက်စိနာမည်။ ဝမ်းချုပ်မည်။ ရေသောက် နည်းမှုကြောင့် ဆိုင်ရာ ရောဂါရလွယ်မည်။ အိမ်ထောင်ရေးတွင် တိတ်ဆိတ် ငြိမ်သက်နေမည်။ အိမ်ထောင်ရေးအညံ့အဆိုး မရှိပါ။အရင်ကခြေရှုပ်တတ်သူဆိုရင်တော့ အိမ်ထောင်ဖက်၏ မယုံသင်္ကာ စောင့်ကြည့်မှုကို ခံရတတ်သည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေးညံ့တတ်သည်။ အချစ်ရေးတွင် လိုက်တမ်းပြေးတမ်း ကစားနေရသလို ဉာဏ်ကို လွှာသုံးနေရမည်။ မိမိဖြစ်ချင်တာတွေပဲဇွတ်ပြောနေလို့မရပါ။ ဆွေမျိုးများ ကြောင့် ကွဲတတ်သည်။ စာရင်းကိုင်နှင့် ဆက်သွယ်ရေး ပညာများ သင်ကြားဖြစ်မည်။ ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေးရမည်။ ပညာသင်ဆု လျှောက် ထားလျင် ရလွယ်သည်။ လေ့လာရေး ခရီးများ ထွက်ဖြစ်မည်။ အားကစားများသင်ရန် အခွင့်အရေးပေါ်မည်။
ယတြာ = မိမိမွေးနေ့မှာ သတ်သက်လွတ်စားပေးပါ။ သက်ကြီးရွယ်အိုများကို အာဟာရပြည့်ဝစေသော အစားစာများလှူပေးပါ။
ကြာသာပတေးသားသမီးများ
ဒီကာလအတွင်းကိုယ်ပိုင်အတက်ပညာနှင့် ဆိုင်သောလုပ်ငန်းများ လုပ်ဆောင်ဖြစ်မည်။ ဘာသာရေး၊ကုသိုလ်ရေး အလုပ်များအချိန်ပေးလုပ်ဖြစ်နေမည်။ရောင်းအား၊ ဝယ်အား ကောင်းနေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။ အလုပ်သမား အခက်အခဲဖြစ်မည်။အထက်လူကြီး၊ဆရာသမားတွေဆီကအကူအညီရ လွယ်နေမည်။ အခွန်နှင့် ကြော်ငြာများကြောင့် ငွေကုန်များမည်။ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်း အောင်မြင်မည်။ ပန်းချီ၊ အနုပညာ၊ တန်ဖိုးမြင့်တက်မည်။ ဈေးကောင်းရမည်။ အလုပ်တွဲလုပ်သူတွေရဲ့ပျင်းရိမှုကြောင့် စိတ်ရှုပ်နေရမည်။ ကျန်းမာရေးကတော့ဆေးစားမှားမည်။ ကျော်ဘက်အခြမ်း နာကျင်ကိုက်ခဲမည်။ အိပ်မပျော်ဖြစ်မည်။ အိမ်ထောင်ရေးတွင် ရန်ဖြစ်သော်လည်း မယ်နှင့်မောင် တူညီလိုက်ဖက်စွာ အလုပ်လုပ်ဖြစ်မည်။ နှစ်ယောက်လုံးမှ ဝင်ငွေရနေမည်။ မာနချင်းပြိုင်၊ စကားနိုင်လု၊ ငြင်းခုန်ရသော်လည်း အတွဲညီသော အိမ်ထောင်ရေးကာလဖြစ်မည်။ အလုပ်နှင့်ဆိုင် သောပညာရပ်များ သင်ယူရမည်။ ကျက်စာထက် နားထောင်စွမ်းအား ပိုကောင်းမည်။ ဆရာများနှင့် အဆင်မပြေ ဖြစ်မည်။ ပညာရေးကြိုးစားချင်စိတ်ရှိနေမည်။ အလုပ်လုပ်ရင်း အွန်လိုင်းကနေပညာသင်ဖြစ်မည်။ အချစ်ရေးမှာတော့စိတ်လေရသော အချစ်ဖြစ်မည်။ အချစ်နှင့်ပတ်သက်၍ သိက္ခာကျခံရမည်။ ကိုယ်ကစချစ်သော်လည်း သူကကိုယ့်ကိုဥပေက္ခာ ပြုထားတတ်ပါတယ်။
ယတြာ = မိမိမွေးနေ့ ကြာသပတေးနေ့တွင် အရဟံသဒ်ဓိ ပုတီး (9)ပတ်စိတ်ပေးပါ။
သောကြာသားသမီးများ
ဒီကာလအတွင်းခရီးတွေဆက်နေမည်။ ခရီးမများပါကရပ်ဝေးကဧည့်သည်များ ရောက်လာမည်။ စပ်တူအကျိုးဆောင် လုပ်ငန်းများ လုပ်ဖြစ်မည်။ ခရီးသွား၊ ဟိုတယ်၊ အနုပညာလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမည်။ သီးနှံများအောင်မြင်မည်။ ဈေးကောင်းမည်။ လမ်းနှင့်နီးသော သီးနှံစိုက်ခင်းများ ပိုး၊ ကြွက် ဖျက်ဆီးတတ်သည်။ သားသမီးနှင့် အသိပညာရှိမှု၊မိဘအပေါ် သိတတ်မှုများကြောင့် စိတ်ချမ်းသာရတတ်ပါသည်။လူချစ်လူခင်များတဲ့ကာလဖြစ်တာကြောင့် ကူညီမဲ့သူပေါများနေတတ် သည်။ အနုပညာနယ်ပယ်ကသူဖြစ်တယ်ဆိုရင် လူသိများလာမဲ့ကာလလဲဖြစ်ပါတယ်။ ကျန်းမာရေးကတော့နုပျိုလန်းဆန်း သော အချိန်ဖြစ်သည်။ အိပ်ပျော် အစားအသောက်ကောင်း နေမည်။ များသောအားဖြင့် ကျန်းမာရေးကောင်းနေမည်။ အမျိုး သမီးများ မျက်နှာပြင်လွန်း၍ အကွက်ပေါ်မည်။ အိမ်ထောင်ရေးတွင် မျက်နှာချင်းဆိုင်တိုင်း စကားများ ရန်ဖြစ်ရမည်။ နှစ်ယောက်စလုံး မာနချင်းပြိုင် ငြင်းဖြစ်မည်။ အချစ်ရေးတွင် ငယ်ရွယ်နုပျိုသူကိုမှ ချစ်နေမိမည်။ ပြန်ချစ်ခံရမည်။ မိမိ တပည့်လက်သားကိုပညာသင်ပေးရာမှ ချစ်စိတ်ဝင်လာလိမ့်မည်။ ပညာရေးမှာတော့ပညာသင်ကြားရန် အကောင်းဆုံး အခွင့်အရေး ရလာမည်။ ပန်းချီအနုပညာလုပ်ငန်းများ ပိုမိုတတ်လွယ်သည်။ သင်္ချာအားနည်းမည်။ နှုတ်အပြောညံ့မည်။ လက်တွေ့ ဆိုင်ရာ ဘာသာရပ်များ ထူးချွန်မည်။
ယတြာ = မွေးနံထောင့်မှ ဘုရားအား ရေသပ္ပာယ်၍ ဆုတောင်းပါ။
စနေသားသမီးများ
ဒီကာလအတွင်းစိတ်လှုပ်ရှားရသောအချိန်ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေမည်။ လုပ်သမျှ အလုပ်လူသိများသော် လည်း ရလဒ်ကောင်းထွက်မလာသေးပေ။ လူအင်အား၊ ငွေအင်အား စိုက်ထုတ်လုပ်ဖြစ်မည်။ ဝန်ထမ်း များ အခွင့်ထူး ခံစားခွင့်ရမည်။ အလုပ်လျှောက်လျှင် ရလွယ်သည်။ လက်ကားစီးပွားများငွေရသော်လည်း အရင်းထဲပြန်ပါသွား မည်။ အိမ်ထောင်ရေးတွင် မပေါက်ကွဲအောင် သတိဖြင့်နေ နေရမည်။ ကိုယ့်ဘက်က အမှားတွေရှိခဲ့၍ ဆင်ခြင်နေရမည်။ ဒီနေ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲ ပြောတခြား၊ နားကြားတခြား အလွဲလွဲအချော်ချော်ဖြစ်မည်။ အရေးကြီးတဲ့ စာချုပ်စာတမ်း တွေအသိမ်းလွန်ပြီး ပျောက်ရှမည်။ ဆရာ၊ မိဘများနှင့် အဆင်မပြေဖြစ်မည်။ ငယ်ရွယ်သူများ အမှတ်နည်း၍ အရိုက်ခံရမည်။ ကြီးသူများ ကျောင်းပြေးချင်စိတ်ဖြစ်ပေါ် မည်။ လက်ရှိချစ်သူထက် ပိုမိုချစ်ရမည့်သူ အားကိုးရမည့်သူတွေ့ဖြစ်မည်။ ဒါကြောင့်ပဲလက်ရှိချစ်သူအပေါ်စိတ်မပါသလိုဖြစ်နေမည်။ စကားများ ရန်ဖြစ်ရင်း ကွဲရတတ်သည်။ ကျန်းမာရေးတွင် စိတ်မငြိမ်၊ အစားအသောက်မမှန်ဖြစ်မည်။ သူခိုးခိုးခံရလွယ်တဲ့ နေ့ရက်တွေဖြစ်တာကြောင့် သတိထားပါ။ မီးနှင့်ပတ်သက်၍ အနာတရဖြစ်မည်။ ဓါတ်လိုက်ခံရမည်။
ယတြာ = မိမိမွေးနေ့တွင် ဘုရားမှာ ပန်းအဝါ (10)ပွင့် ဖယောင်းတိုင် (10) အမွှေးတိုင် (10)တိုင် ကပ်လှူထွန်းညှိ့ပူဇော်ပေးပါ။
ရာဟုသားသမီးများ
ဤလအတွင်း၌ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ အဲလို ကြွလာလျှင် ၄ အစ ၂ အဆုံး ၊ ၂ အစ ၄ အဆုံးထီထိုးပေးပါ။ ဤကာလအတွင်း၌ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ လူငယ်များ ချစ်သူ အဟောင်းနဲ့ ပြတ်ပြီး အသစ်တွေ့တတ်ပါသည်။ တနင်္ဂနွေ ၊ အင်္ဂါ သားသမီးကြောင့် စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါသည်။ အထူးသတိပြုရန် မှာ အိမ်ထောင်ရှိသူမျာ စန်းပွင့်တတ်ပါသည်။ အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ အိမ်ထောင်ရှိသူများ ပဖဘမ သဟ အမည်ပါသော အမျိုးသမီးတစ်ဦးနဲ့ စန်းပွင့်ကိန်းရှိပါသည်။ အဲဒီလို စန်းပွင့်တာကို လူမိ မည့် ၊ မိန်းမသိသွားမည့် လ လည်းဖြစ်ပါသည်။ ( လူတစ်ချို့တွင်သာ၊ လူတိုင်း မဆိုလိုပါ ) အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ ဆွေမျိုးသားချင်း ကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ။ ကျန်းမာရေးကတော့ မျက်စိ အားနည်းခြင်း ၊ သွားဒုက္ခပေးခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရ စကားပြောရ ကိန်းလည်း ရှိပါသည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘဝသို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။ ဒီလ ကိုယ်ကျင့်တရားကု ိဂရုစိုက်ပါလေ ။
ယတြာ = မနက် 5နာရီတွင် ဘုရားစဉ်၌ ပန်းအနီရောင်(19)ပွင့်၊ ဖယောင်းတိုင်(19)တိုင်၊ အမွှေးတိုင်(19)တိုင်၊ ထွန်းညှိပူဇော်ပေးပါ၊၊
ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသုခ
မန္တလေးမြို (09-440243656၊ ၇၃ လမ်း/၃၄-၃၅ လမ်းကြား)