Skip to main content

YBS 31 ပေါ်တွင် ကျောင်းသူတစ်ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ အမျိုးသားအား ဖမ်းမိ

၁.၃.၂၀၂၀ ရက်နေ့ YBS 31 ပေါ်တွင် ဖြစ်ပွားခဲ့ သော ကျောင်းသူ မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာထိပါး နှောက်ယှက်ပြီး ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခဲ့သော အသက် ၅၆ နှစ်အရွယ် ဦးနေဝင်း အမည်ရှိသော အမျိုးသားအား ဆရာစိုးကျော်ဦး(တပ်ကြပ်သန်လျင်မြို့မရဲစခန်း)နှင့်အတူ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)မှ ဖမ်းမိခဲ့သည်။



၂ .၃.၂၀၂၀ နေ့လည်တွင် သတင်းရ၍ ကျောင်းသားသမဂ္ဂ ဥက္ကဌ နှင့် နယ်မြေရဲစခန်း မှ တာ၀န်ရှိသူများ ဒေါပုံမြို့ နယ်တွင် လိုက်လံ ရှာဖွေရာ ထိုအမျိုးသားမှာ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ ရပ်ကွက် အိမ်အမှတ် (၃၃)သောက်တော်တွင်း(၄)လမ်းတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။



နောင်တွင် ယင်းကဲ့သို့သော လုပ်ရပ်များ ကျောင်းသား ကျောင်းသူ များအပေါ်တွင် ထပ်မကျူးလွန်လာအောင်လည်း သမဂ္ဂ မှ ကျောင်းသားထုဘက်မှနေ၍ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ နောက်ဆက်တွဲ သတင်းများကိုလည်း ထပ်မံ တင်ပေးသွားပါမည်။

ပြန်ကြားရေး/ရရတကသ/EYUSU