Skip to main content

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ တစ်လစာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

ငွေကြေးကံကောင်းမလိုလို နဲ့ ထွက်ထွက် နေနေတတ်ပါသည်။ ချေးထားသောငွေများ ရ ရန်ရှိသော ငွေများ ပြန်ရတတ်ပါသည်။ ဝန်ထမ်းလုပ်သူများအနေနဲ့ ရာထူးတိုးရတတ်ပါသည်။ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။ နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊ ငွေ ၊ ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ကုန်စုံဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါတယ်။ အိမ်ဆောက်မည့်သူများ ကြံံ့ကြာတတ်ပါသည်။
ချစ်သူရှိသူများ ချစ်သူနဲ့ ကတောက် က ဆ ဖြစ်ရတာ က လွဲ ပြီး အဆင်ပြေ တတ်ပါသည်။ ယောက္ခမနဲ့တော့အဆင်မပြေဖြစ်တတ်ပါသည်။ မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။ ဆရာသမား၊ အကြီး အကဲ ညိုညင်တာ ခံ ရတတ်ပါသည်။ တနင်္ဂနွေ ၊ ဗုဒ္ဒဟူးသားသမီး များကို ငွေမချေးပါနှင့် ။ ဝန်ထမ်းလုပ်သူများ အလုပ်ထဲ တွင် မနာလို သူ များကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါသည်။

အလုပ်ပြောင်းချင်သလို မပြောင်းချင်သလိုဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်သူများ အတင်မကျဖြစ်နေမည်။ စက်ပစ္စည်းနဲ့ပတ်သတ်သောလုပ်ငန်း ၊ စာသင်သောအလုပ် ၊ ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊ စပ်တူလုပ်ငန်းများ သင်တန်းလုပ်သောသူများ ဝင်ငွေအားနည်းနေမည်။ အလကားနေရင် စိတ်ရှုပ်နေမှု ၊ စိတ်လေနေမှုများ ဖြစ်နေတတ်ပါသည်။ ကျန်းမာရေးကတော့ ခေါင်းမူးတာ ဗိုက်အောင့်တာ ဖြစ်တတ်ပါသည်။

အထူးကံကောင်းစေသောယတြာ - အင်္ကျီ အဟောင်း(1)ထည် အနောက်ဘက်အရပ်တွင် စွန့်ပစ်လိုက်ပါ အိမ်ဘုရားမှာ ထောပတ် ဆီမီးခွက်(11)ခွက်ကို ထွန်းညှိပူဇော်ပေးပါ၊၊

တနင်္လာသားသမီးများ

မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊ အလုပ်အကိုင်တိုးတတ်မှုအားကောင်းတတ်ပါသည်။ ငွေကုန်ကြေးကျများနေတတ်သည်။ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်း၊ အနုပညာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။ မိတ်ရင်း၊ ဆွေရင်း၊ဆရာသမားလို ပုဂ္ဂိုလ်မျိုးနှင့် အဆင်မပြေ ဖြစ်ကိန်းရှိသည်။ ခြေ၊ လက် ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေးညံ့၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင် ဖက်ဆန်းပွင့်ခြင်း၊ အိမ်ထောင်ဖက်နှင့်အဆင်မပြေဖြစ်ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိပါသည်။ ရည်စားရှိသူများအချစ်ရေး အဆင်မပြေဖြစ်တတ်သည်။ တနင်္ဂနွေ၊ ကြာသပတေးသားသမီးနှင့် ဇာတ်လမ်းဖြစ် လျှင်ပြတ်သွားတတ်ပါသည်။

အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲလွဲလွဲနေတတ်ပါသည်။ ဝင်စရာရှိ သောငွေများလည်း မဝင်ခြင်း၊ ရစရာရှိသောလုပ်ငန်းများ လည်းမအောင်မြင်သေးခြင်းများကြံရတတ်သည်။ စနေ၊ တနင်္ဂနွေသား ချစ်သူအိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ပညာ ရေးကံမကောင်းပါ။ သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်သည်။

အထူးကံကောင်းစေသောယတြာ - မိမိ၏ အိမ်ဘုရားတွင် အသီး(15)လုံးရွက်လှ(15)ညွန့် , ဖယောင်းတိုင်အနီရောင်(15)တိုင်ကို ထွန်းညှိပူဇော်ပေးပါ။

အင်္ဂါသားသမီးများအတွက်

အလွန်ကောင်းတဲ့သတင်းတစ်ခုကြားရတက်ပါသည် လူချစ်လူခင်များမဲ့ကာလဖြစ်မည်။ စက်ပစ္စည်းနှင့်ပတ်သက်သော လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပြည်ပရင်းနှီးမှုလုပ်ငန်းများ အဆင်ပြေအောင်မြင် ကိန်းရှိပါသည်။ ရပ်ဝေးမှစပ်တူရှယ်ယာလုပ်ငန်းများလည်း ပေါ်တတ်ပါသည်။ ပွဲရုံပွဲစားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပရိဘောဂနှင့် ပတ်သက်သောလုပ်ငန်း၊ ပဲမျိုးစုံရောင်းဝယ်ရေး စသော ကြာသပတေးနံလုပ်ငန်းများလည်း အဆင်ပြေအောင်မြင်တတ်သော ကာလဖြစ်ပါသည်။ ငွေကြေးအဝင်နည်း၊ အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။ မထင်မှတ်ဘဲ ခရီးသွားရတတ်ပါသည်။ ကောင်းသောခရီးဖြစ်တတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ အိမ်ထောင်ဖက်သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်း/ အိမ်က ထွက်သွားခြင်း စန်းပွင့်ခြင်းတို့ဖြစ် ၍စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပါသည်။

ရပ်ဝေးမှမိတ်ဆွေ ဆရာသမား ၊ အင်္ဂါ၊ စနေသားသမီးများ အကူ အညီရတတ်ပါသည်။ ငယ်ရွယ်သူများချစ်သူနှင့်အဆင်မပြေဖြစ်ကိန်းရှိသည်။ တစ်ခါတစ်လေ စိတ်ထိခိုက်သလို စိုးရိမ်သလို စိတ်သောကဖြစ်နေတတ်ပါသည်။ ပညာရေးကိစ္စ၊ အထူးကောင်းပါသည်။ သင်တန်းကိစ္စများလည်း အဆင်ပြေအောင်မြင်ပြီး သင်တန်းတတ်ရန် ရည်ရွယ်ထားသာများ သင်တန်းတတ်ဖြစ်လိမ့်မည်။

အထူးကံကောင်းစေသောယတြာ - အင်္ဂါဂြိုဟ်နံဒေါင့်ဘုရားတွင် ကံ့ကော်ညွန့်(9)ညွန့်, ဖယောင်းတိုင်(9)တိုင် ချိုချဉ်(သကြားလုံး) (9)လုံး လှူပေးလိုက်ပါ။

ဗုဒ္ဓဟူးသားသမီးများ

လက်ရှိလုပ်နေသော လုပ်ငန်းအား မိတ်ဆွေသူငယ်ချင်းတစ်ဦးကြောင့် နှောင်နှေးပြီး လွှဲချော်တက်သော့ကာလဖြစ်သည်။ ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ ။စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ ချစ်သူနှင့်စကားပြောအဆင်မပြေဖြစ်တတ်သည်။ မထင်မှတ်ဘဲ ခရီးတစ်ခုသွားရတတ်သည်။ ခရီးသွားပြီးပြန် လာလျှင် ညံ့နေသောကံများကောင်း သွားတတ်ပါသည်။ မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့်ပတ် သက်ပြီး စိတ်သောကရောက်ရတတ်ပါသည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။ ကား၊ ကွန်ပျူတာ၊ ကင်မရာများ ဝင်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင်လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ စပ်တူရှယ်ယာလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ အလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။ စီးပွားရေးလုပ်ငန်းလုပ်သူများ ငွေရေးကြေးရေးစကားပြောရတတ်သည်။ အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။ သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။

အထူးကံကောင်းစေသောယတြာ - အိမ်ဘုရားမှာ ပန်းအဖြူရောင်(17)ပွင့် ဆီမီးခွက်(17)ခွက်,အမွှေးတိုင်(17)တိုင် ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။

ကြာသပတေးသားသမီးများ

ရည်ရွယ်ချက် ရည်မှန်းချက်များ ထင်ထင်ရှားရှား အောင်မြင်မည့်ကာလဖြစ်သည်။ ငွေကြေးကုန်ကျများခြင်း၊ အဖေ၊ အမေ ကျန်းမာရေးညံ့ခြင်းများကြုံရတတ်ပါသည်။ ချစ်ခင်သောသူများနှင့်လည်းလမ်းခွဲရတတ်ပါသည်။ ချစ်သူ အသစ်တွေ့လို့ စိတ်ခံစားရကိန်းရှိပါတယ်။ အချစ်ရေး ငွေကြေး ဒီလ ထဲကံကောင်းပါမည်။ သို့သော် အဝင်နဲ့ အထွက် ငွေကြေး အထွက်များရတတ်ပါတယ်။ ချေးထားသောငွေများပြန်မရခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး ငွေကုန်ကြေးကျများခြင်းများကြုံရတတ်ပါသည်။ တနင်္လာ၊ ကြာသပတေးသားသမီး များကို ငွေမချေးပါနဲ့ ။

အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။ ဒီလအတွင်း အချစ်ရေးကံမကောင်းပါ။ မိန်းမတစ်ယောက်ကို အကြောင်းပြုပြီးချစ်သူနှင့်အဆင်မပြေဖြစ်ကာ လမ်းခွဲရကိန်း ကြုံရတတ်ပါသည်။ တစ်ခါတစ်ရံ စိတ်အားငယ်သလို ဖြစ်နေတတ်သည်။ အိမ်ထောင်ရှိသူများ သား၊သမီးရကိန်းရှိပါသည်။ ပညာရေးကံမကောင်းပါ၊ သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။

အထူးကံကောင်းစေသောယတြာ - အိမ်ဘုရားမှာ နှင်းဆီပန်း အနီရောင်(၁၉)ပွင့် ဖယောင်းတိုင်(၁၉) အမွှေးတိုင်(၁၉) ထွန်းညှိပူဇော်ပေးပါ၊၊

သောကြာသားသမီးများ

ဘာပဲလုပ်လုပအပင်ပန်းခရသလောက် အကျိုးမပေးတက်တဲ့ကာလဖြစ်သည်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။ သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူမရှိသူများကတော့ အချစ်သစ်တွေ့မည်၊။ မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။ အိမ်ထောင်ရှိသူများ၊ အိမ်ထောင် ရေးအဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ကြုံရကိန်းရှိသည်။

ပညာရေးကံကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများအဆင်ပြေ အောင်မြင်ကိန်းရှိပါသည်။ ငွေရေး၊ ကြေးရေးကံမကောင်းပါ။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီး သောကရောက်ကိန်းရှိပါသည်။ အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မ ပြေဖြစ်တတ်သည်။ နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့်ပတ်သက်သောလုပ်ငန်း၊ အစိုးရနှင့်ပတ်သက်သောလုပ်ငန်းများ အောင်မြင်ကိန်းရှိပါသည်။ ငွေကြေးနှင့်ပတ်သက်သောလုပ်ငန်း၊ စက်ပစ္စည်းနှင့်ပတ်သက်သောလုပ်ငန်းလုပ်သူများ ငွေကြေးကံကောင်းမှုအားနည်းတတ်ပါသည်။

အထူးကံကောင်းစေသောယတြာ - ဒီလအတွင်းငွေရေးကြေးရေး ကံကောင်းစေရန် ဘုရား တစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ သင်္ဘောသီး(1)လုံးလှူပေးပါ။ အိမ်ဘုရားမှာ သပြေပန်းလှူပေးပါ။

စနေသားသမီးများ

မျှော်လင့်ချက်များပြီးပြည့်စုံမည့်ကာလဖြစ်သည်။ မိမိဖြစ်ချင်သောအရာမှန်သမျှ ယခုကာလအတွင်း
ထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။လုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါရှိပါစေ။ အဆောက်အဦးနှင့်ပတ်သက်သော လုပ်ငန်း၊ တိုက်တာဆောက်လုပ်ခြင်း၊ အိမ်သစ်ဆောက်လုပ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစားလုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ အောင်မြင်ကိန်းရှိပါသည်။ ပြီးခဲ့သည့်လများမရခဲ့သော ရစရာရှိ သောငွေများ ဆုံးရှုံးသွားသောငွေများနှင့်ရွှေများပြန်လည်ရရှိ ကိန်းရှိသည်။ မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ဝေးခရီးသွားရကိန်းလည်း ရှိပါသည်။ ရပ်ဝေးမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။ ငွေအထွက်များတတ်ပါသည်။ ငွေပျောက်ကိန်းရှိသည်။

က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အက္ခရာအမည်နှင့်စသောသူ များကိုငွေရေးကြေးရေးကိစ္စ သတိထားပါ၊ အာမခံနှင့်ငွေမချးပါနှင့်။ အိမ်ထောင်ရှင်မများ အိမ်ထောင်ရေးအဆင်ပြေပြီး အိမ်ထောင်ရှင်အမျိုးသားများ ဆန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။ ချစ်သူ၊ သမီးရည်းစားများ ချစ်သူနှင့်အဆင်မပြေဖြစ်တတ်သည်။ တနင်္လာ၊ သောကြာ သားသမီးများနှင့် ချစ်သူဖြစ်လျှင် အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။ ပညာရေး ကံကောင်းပါသည်။ သင်တန်းတတ်ရန် စိတ်ကူးရှိသူများ သင်တန်းတတ်ဖြစ်တတ်သည်။ အင်တာဗျူး ဖြေမည့်သူများ အောင်မြင် ကိန်းရှိသည်။ တစ်ခါတစ်ရံ အိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။

အထူးကံကောင်းစေသောယတြာ - မိမိ၏ မွေးနံဂြိုလ်ဒေါင့်ဘုရားမှာ ကွမ်းရွက်(10)ရွက်,
ဖယောင်းတိုင် အဖြူရောင် (10)တိုင်, ပန်းအဖြူရောင်(10)ပွင့်ကို ကပ်လှူပူဇော်ပေးပါ။

ရာဟုသားသမီးများအတွက်

ဒီလထဲတွင်ကြုံတွေ့နေရသောပြသနာများအားချုပ်ကိုင်အနိုင်ယူစွမ်းရှိသောကာလဖြစ်သည်။မိမိလုပ်ဆောင်သမျှကိုအမျိုးသမီးတစ်ဦးမလိုက်လံကူညီတက်သည် ။စီးပွားရေး၊ အလုပ်အကိုင်နှင့်ပတ် သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊ အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်းရှိပါသည်။ အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2)ရက်နေ့ကျော်မှ ပြောင်းပါလေ။

ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစ်ရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့်ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။ အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲရှိနေတတ်ပါ သည်။ အင်တာဗျူးကိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေတတ်ပါသည်။

အထူးကံကောင်းစေသောယတြာ - အိမ်ဘုရားစဉ်တွင် ပန်းအဝါ(15)ပွင့် ဖယောင်းတိုင်-အဝါယောင် (15)တိုင် အမွှေးတိုင်(15)တိုင် အသီး(15)လုံးကို ကပ်လှူထွန်းညှိပူဇော်ပေးလိုက်ပါ။

ဗေ‌ဒင်နှင့်လက္ခဏာ ဆရာမင်းသုခ (မန္တလေးမြို၊ ၇၃လမ်း/၃၄-၃၅ လမ်းကြား၊ 09440243656)