Skip to main content

သားရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ကိုဗစ်ကာလ အတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို လှူဒါန်းလိုက်တဲ့ မိသားစု

သားရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို လှူဒါန်းလိုက်တဲ့ မိသားစု



သားအတွက် ရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို တစ်အိမ်ထောင် ဆန်(၁၀)ပြည်၊ ဆီ(၅၀)ကျပ်သား လှူဒါန်းလိုက်ပါတယ်။



အလှူရှင်များကတော့ မုံရွာမြို့နယ် ကြေးမုံကျေးရွာမှ ဦးကျော်မင်း + ဒေါ်တိုက်ကြည် တို့၏သား ဒေါက်တာမင်းမင်းစံ + မဆွိဆွိတို့ မိသားစုဖြစ်ပါတယ်။



ကျေးရွာထဲမှာရှိတဲ့ အိမ်ထောင်စု (၄၈၀) ကို ဧပြီလ ၂၂ ရက်နေ့ နံနက် (၈) နာရီကနေ စတင်လှုဒါန်းခဲ့ပြီး ရွာသားများကို စနစ်တကျ တစ်ဦးချင်းစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။



ယခု သတင်း ကို ( တင့်လွင် ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။



သတင်း/ဓါတ်ပုံ − တင့်လွင်