“ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့ ကိုရိုနာ ရောဂါ ပျောက်မှာလား” ဆိုတဲ့ မေးခွန်းကို ဆရာတော်တစ်ပါးရဲ့ ယုတ္တိရှိရှိ ဖြေကြားချက်
”အရှင်ဘုရားတို့..ညစဉ် ပဌာန်းရွတ်၊ရတနသုတ်တွေရွတ်နေရုံနဲ့ Covid.19ရောဂါ ပျောက်မယ်ထင်လို့လား။ တပည့်တော်အမြင်ကတော့ လုံးဝမသက်ဆိုင်ဘူးလို့မြင်တယ်။ အဲဒီယုံကြည်မှုတွေက ဒုက္ခရောက်မဲ့ယုံကြည်မှုတွေလို့မြင်တယ် ဘုရား။တပည့်တော် ကျောင်းဆရာတစ်ယောက်ပါ။တရားနာရလို့ ဖားလေး နတ်ဖြစ်တာ၊လင်းနို့သားတွေ ရဟန္တာဖြစ်တာမပြောနဲ့ဘုရား..တပည့်တော်မယုံဘူး..တဲ့။( ကျောင်းဆရာတစ်ယောက်ရဲ့စာပါ။ )
” အော်..ကျောင်းဆရာကိုး။ ဒကာရေ့..ဘေးနားမှာ လျှပ်စစ်မီးလွှတ်ထားတဲ့ဝါယာစလေးများရှိရင်..လက်နဲ့ကိုင်လိုက်စမ်းပါ။ ဓာတ်လိုက်ပြီးသေသွားလိမ့်မယ်နော်။လျှပ်စစ်ဟာ သက်မဲ့ဆိုပေမဲ့..ဓာတ်ကူးပြီးအစွမ်းပြ လူသတ်နိုင်တယ် ဒကာရဲ့။မယုံဘူးဆိုပြီး သွားမစမ်းနဲ့နော်ဒကာ။(ဒကာ..စာတတ်အောင်သင်ဖူးခဲ့မယ်ဆိုရင် chemistry မှာ ဓာတ်ပြုခြင်း၊ဓာတ်ကူးခြင်းသဘောတွေ နားလည်မှာပါ။ အလွတ်ကျက်အောင်လာတဲ့သူဆိုရင်တော့နားလည်မှာမဟုတ်ဘူးဒကာရဲ့။)

နောက်တစ်ချက်က..ဒကာဟာ ကျောင်းဆရာဖြစ်နေပေမဲ့ စကားလုံးတွေရဲ့ စွမ်းအားကိုနားမလည်တဲ့ကျောင်းဆရာဖြစ်နေတာကတပည့်တွေအတွက် ကံဆိုးမှု တစ်ခုပါပဲ။
ဒကာက ရုန့်ရင့်ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့တစ်စုံတစ်ယောက်ကို ပစ်ပေါက်နေမယ်(ဆဲနေမယ်) ဆိုရင်..အဲဒီစကားလုံးတွေကအဆဲခံရသူထံ ကူးသွားပြီး အစွမ်းပြလိမ့်မယ်ဒကာ။လောဘ၊ဒေါသတွေဖြစ်လာပြီး မငြိမ်းချမ်းမှုတွေ ချက်ခြင်းဖြစ်လာပါလိမ့်မယ်။မတွေးဝံ့စရာ ရလာဒ်တွေလည်းဖြစ်လာနိုင်ပါတယ်။ ( စကားလုံးတွေကအစွမ်းပြလို့ လူသတ်၊ထောင်ကျ၊ဒုက္ခရောက်နေသူတွေကို ဒကာကြားဖူးမှာပါ။)
နည်းပေး၊လမ်းညွှန်၊ဆိုဆုံးမစကားတွေ၊ကောင်းတဲ့ဂုဏ်သတင်းတွေ၊ သူရဲကောင်းတွေရဲ့သမိုင်းတွေ၊ မြင့်မြတ်သန့်ရှင်းစင်ကြယ်သူတို့ရဲ့ အကြောင်းတွေကို ကြားရတဲ့ အခါမှာ .. စကားလုံးတွေကနေတစ်ဆင့်ဓာတ်ကူးပြီး၊ ခွန်အားတွေ၊အသိဉာဏ်တွေဖြစ်ပြီး ဒုက္ခတွေကိုကျော်လွှား၊အောင်မြင်မှု တွေရသွားတဲ့ လူတွေကို မြင်ဖူး၊တွေ့ဖူးရင်အဲဒါဟာ စကားလုံးတွေရဲ့စွမ်းအားကနေဓာတ်ကူးသွားတာ ဆိုတာကို မှတ်ကွဲ့။

“စကားလုံးတိုင်းမှာ စွမ်းအားကိုယ်စီရှိတကျောင်းဆရာရဲ့။ မကောင်းတဲ့စကားနဲ့ကောင်းတဲ့စကား၊ ပညာရှိစကားနဲ့ ပညာမဲ့စကား စွမ်းအားတွေက မတူပါဘူးဒကာ။( ဒကာ့မှာ မိန်းမရှိရင်.. မိန်းမစကားနဲ့ မိဘစကားတောင် စွမ်းအားမတူဘူးဆိုတာ သိမှာပါ။)
ပဋ္ဌာန်းတို့ ရတနသုတ်တို့ရဲ့စာ၊စကားအဓိပ္ပါယ် ဘာကိုဆိုလိုတယ်ဆိုတာဒကာသိရဲ့လား။လေ့လာဖူးရဲ့လား။ ? ရတနသုတ်က စကားလုံးတွေရဲ့အစွမ်းသိချင်ရင် လေ့လာပါအုံးဒကာ။ သဘောအဓိပ္ပါယ်နဲ့စွမ်းအားတွေကို သိပြီဆိုရင်စကားစစ်ထိုးပါ။
နောက်တစ်ချက်က စကားလုံးရဲ့ စွမ်းအားအနိမ့်အမြင့်ဟာ ပြောဆို၊ရွတ်ဖတ်သူရဲ့စိတ်၊စေတနာ စွမ်းအားနဲ့ သက်ဆိုင်သလိုနာကြားသူရဲ့ သဘောပေါက်နားလည်သိမြင်ကျင့်သုံးမှု့နဲ့လည်း ဆိုင်ပါတယ် ဒကာ။ဒကာ ကျေးညီနောင်ပုံပြင်ကို မှတ်မိအုံးမယ်ထင်ပါတယ်။ ပြောဆိုဆုံးမသူရဲ့ စကားလုံးစွမ်းအားတွေ မတူညီတော့ရလာဒ်တွေလည်း မတူဘူးပေါ့။

နောက်တစ်ချက် ဆရာတစ်ဦးထဲကဆုံးမစကားကို အတူတူပြောပေမဲ့..နာယူသူရဲ့ဉာဏ်ပညာအနိမ့်အမြင့်ပေါ်မူတည်ပြီးတပည့်တွေမှာ လူတော်၊လူညံ့ကွဲပြားသွား တာတွေလည်းမြင်ဖူးမှာပါ။
ထားပါတော့ ဒကာရေ့။ ဆိုလိုချင်တာကစကားလုံးတွေမှာ စွမ်းအားကိုယ်စီရှိတယ်ဆိုတာ သိစေချင်တာပါ။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ရဲ့စကားစွမ်းအားဟာ အဓမ္မနဲ့ ယှဉ်တဲ့စကားသာဖြစ်ခဲ့မယ်ဆိုရင်..နိုင်ငံကိုတောင် ပျက်သွားစေနိုင်ပါတယ်။စကားလေးတစ်ခွန်းကြောင့် ဘဝတွေတိုးတက်ပြောင်းလဲ အောင်မြင်သွားတာတွေစာဖတ်ဖူးရင်သိမှာပါဒကာ။
မြတ်ဗုဒ္ဓရဲ့စကားတော်တွေဟာ သုဂတဂုဏ်နဲ့ ပြည့်စုံတော်မူသတဲ့ဒကာရဲ့။ သတ္တဝါတွေရဲ့ အကျိုးမဲ့ကို ဖြစ်စေတဲ့စကားမပါဘူး။စကားလုံးတိုင်းဟာ ဒုက္ခလွတ်မြောက်ဖို့ အတွက်ဦးတည်ထားတယ်။ လေ့လာလို့ရပါတယ်။ သူခိုး၊ဂျပိုး၊ လူယုတ်မာ၊လူမိုက်၊တွေထံကထွက်လာတဲ့စကားမျိုးမဟုတ်ဘူးကွဲ့။ စွမ်းအားအပြည့်နဲ့စကား။
ငါတို့ပရိတ်ရွတ်တယ်ဆိုတာ ဒကာနားလည်အောင်ပြောရရင် စွမ်းအားပြည့်စကားလုံးတွေကို မိတ္တူကူးတာပါပဲ။ပရိတ်ရွတ်လို့ Covid ပျောက်တာ၊မပျောက်တာ ငါတို့စိတ်မဝင်စားပါဘူးဒကာ။ ပျောက်မယ်လို့လည်းမပြောပါဘူး။ စွမ်းအားရှိတဲ့စကားလုံးတွေကို မိတ္တူကူးခြင်း၊ဓာတ်ကူးခြင်းကြောင့် ငါတို့မှာ စိတ်ဓာတ်စွမ်းအားတွေရတယ်။ ဒါဟာ ငါတို့ရဲ့ယုံကြည်ချက်ပါ။ဒါ့ကြောင့် ငါတို့ပရိတ်ရွတ်ပါတယ်။
မြင်နိုင်တဲ့သတ္တဝါရှိသလို၊ မမြင်နိုင်တဲ့သတ္တဝါ ဆိုတာလည်းရှိတယ်ဒကာရဲ့။နောက်တစ်ခုက စည်းကမ်းလိုက်နာတဲ့သတ္တဝါရှိသလို၊ မလိုက်နာတဲ့ သတ္တဝါလည်းရှိတာပါပဲ။ သတ္တဝါတွေမှာ သူ့အဖွဲ့အစည်းနဲ့သူ ဓာတ်တူရာစုကြသကွဲ့။ သူတို့နဲ့ဓာတ်မတူ၊ဓာတ်မတဲ့ရင် ရှောင်ပြေးကြပါတယ်။ အစိုးရက အမိန့်စာထွက်လာရင် လိုက်နာသူ
မလိုက်နာသူ ရှိစမြဲပါ။ အစိုးရကိုယ်တိုင်မလာပေမဲ့ အမိန့်စာမှာ စွမ်းအားတွေပါသကွဲ့။ အစိုးရနဲ့ သူခိုးဓားပြ ဓာတ်မတူပါဘူး။ဒါပေမဲ့..ညမထွက်ရလို့အမိန့်စကားထုတ်လိုက်ရင် .. ဘယ်သူအပြင်ထွက်ရဲလို့လည်း။ဒါက စကားလုံးစွမ်းအားနဲ့ အမိန့်စွမ်းအားကို ဥပမာပြတာပါ။အစိုးရမင်းလာရင် ရဲတွေပါမယ်။ ရဲတွေပါရင် လူဆိုးတွေပြေးမယ်။အမွှေးနံ့လာရင်၊ အပုတ်နံ့ပျောက်မယ်။အပူဓာတ်လာရင် အအေးဓာတ်ပျောက်မယ်။
ပြောရတာလည်းရှည်ပါသကွယ်။ ဥပမာတစ်ခုပြောပါ့မယ်။ ဒကာတို့ကျောင်းမှာ..အမှိုက်တွေရှုပ်နေပေမဲ့ လူကြီးလာသတဲ့ဆိုရင် သန့်ရှင်းရေးလုပ်ကြရတယ်မဟုတ်လား။ ဒီလိုပါပဲ။ လောကရဲ့ကောင်းကျိုးကိုသာ ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ဂုဏ်တွေကို ရွတ်ဖတ်ပူဇော်ကြတဲ့အခါ..မြတ်ဗုဒ္ဓကို ကြည်ညိုလေးစား တန်ဖိုးထားကြသူတော်ကောင်းလူ၊နတ်၊ဗြဟ္မာတွေဓာတ်တူရာစုကြသကွဲ့။ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ ဆိုသလို.. မကြည်ညိုမလေးစား တန်ဖိုးမထားတတ်၊နားမလည်သူလူ့ဗာလကတော့..ရှောင်သွားကြတာပေါ့လေ။ ဓာတ်မှ မတူတာကိုး။ငါတို့ ပရိတ်လှည့်ရွတ်တယ်ဆိုတာ..ဓာတ်မတူတာတွေ ရှောင်ရှားဖို့အတွက်ဓာတ်တူတာတွေကို ဆောင်ထားတဲ့သဘောပါ ဒကာ။ ဒါဟာတို့ရဲ့ယုံကြည်မှုပါ။
Credit : Ashin Apple