Skip to main content

ညနေစာ လှူမည့် ထမင်းဘူးတွေပါ ငွေသပြာတွေ ရှိနေလို့တော့ မဟုတ်ပါဘူး စေတနာတွေ ရှိနေလို့ပါ

ပြည်တော်ပြန်များအား တစ်နေ့တာ အဟာရဒါနအတွက် ဩစတေးလျနိုင်ငံမှ အလှူရှင် မိသားစုမှညစာအတွက် ပုဇွန်တုပ်ကြော် ခရမ်းချင်းသီးပန်ထွေဖျော် ဂေါ်ဖီမုန်ညှင်းပြုတ် တို့စရာ အားလှူဒါန်းပါသည်။ ပျော်ပျော်ကြီးစားကြစေ။



ညနေစာ လှူမည့်ထမင်းဘူးတွေပါ။ ငွေသပြာတွေ ရှိနေလို့တော့ မဟုတ်ပါဘူး စေတနာတွေ ရှိနေလို့ပါ။ ငွေတွေပေါပေါများများ ချမ်းသာနေလို့တော့ မဟုတ်။ မေတ္တာတရားတွေ ပေါများ အင်အားတွေ များနေလို့ပါ။



စည်းစိမ်တွေဝန်းရံ ပကာသနတွေ ဝန်းရံနေလို့တော့မဟုတ်။ သစ္စာတရားစွမ်းအားတွေ နှလုံးသားမှာ ပြည့်နေလို့ပါ။ ဒီလိုကာလဒါနဆိုတာ လှူချင်တိုင်းလှူလို့မရဘူး



၁။ အလှူခံက ကိုယ့်အနီးနားရှိနေရမယ်။

၂။အလှူပေးသောပုဂ္ဂိုဟ်က လှူနိုင်သောအင်အားရှိရမယ်။

၃။ အလှူပေးအလှူခံ ရှိနေပြန်လည်း ဝေယျာဝစ္စလုပ်ပေးနိုင်သူပြည့်စုံရမယ်။

၄။ အလှူပေးခွင့်ရသော အချိန်အခါကောင်းကြုံရမယ်။



ဒီလိုတွေ ကုသိုလ်မျိုးတွေ ပြုလုပ်နိုင်ခဲ့တာ (၁၀)ရက်ရှိပြီ တစ်နေ့ကို လေးကြိမ် အလှူလုပ်ပေးနိုင်တယ်။ တစ်ကြိမ်အလှူပေးရင် စုစုပေါင်းလူဦးရေ(၂၃၀)စာလှူပေးရတယ်။



ဒီလိုကုသိုလ်မျိုးတွေ လုပ်ခွင့်ရအောင် ဦးဆောင်ပေးနေသော ကံကြမ္မာကို သိပ်ပြီးကျေးဇူးတင်ပါတယ်။

၆.၄.၂၀၂၀။ ၄:၂၂ ညနေခင်း။

Source : U Hladaw Hladaw Sayardaw