Skip to main content

ထိုင်းနိုင်ငံမှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ မြန်မာ ဇနီးမောင်နှံ (၂) ဦး

ကျန်ရစ်သူ နှစ်ဖက်သော မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲစွာဖြင့် ။ ။

23/4/2020 ရက် နေ့ ဆူလပ်မြို့နယ် ဒူးရမ်းသီးခြံလုပ်သားဇနီး မောင်နှံတို့နှစ်ဦးသည် နံက်9:0နာရီ စျေးသွားဝယ်ပြီး ဆိုင်ကယ်နှင့် ပြန်လာရာတွင် ကားတိုက်ခံထိ၍ အမှုဖြစ်သောနေရာတွင် နှစ်ယောက်စလုံး သေဆုံးသွားကြောင်း သူဌေးမထံ ဖုန်းဆက်မေးမြန်းချက်အရ သိရပါသည်။



ဖြစ်စဉ်မှာ ကားမောင်းလာသူ ထိုင်းအမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ပြီး ဒေါသကြီးစွာဖြင့် ကားအရှိန်ပြင်းစွာ ညာဖက်ခြမ်း လမ်းကျော် မှားမောင်းခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ကြောင်းလည်း ပြောပြပါသည်။

သေဆုံးသူ ဇနီးမောင်နှံတို့ နှစ်ဦးသည် အလွန်ပင် စိတ်သဘောထားကောင်းကြောင်း နောက်ထပ် ဒီလိုစိတ်ထားကောင်းတဲ့သူမျိုးရှာ မတွေ့နိုင်တော့ကြောင်း သူဌေးမမှ ဝမ်းနည်းစွာ ငိုကြွေးပြီးပြောပြပါသည်။



သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့သည် ကျနော်တို့ အလုပ်သမားအရေး စည်းရုံးရေးသွားဖူးစဉ်က ဒူးရမ်းသီးခြံအတွင်း နေအိမ်တွင် ထမင်းဟင်း ကျွေးမွေးဖူးပါသည် ဒူးရမ်းသီးလက်ဆောင် ပေးဖူးကြပါသည် နှစ်ယောက်စလုံး စိတ်ထားကောင်းပြီး အလုပ်သမားအရေးကို ကူညီဆောင်ရွက်တတ်သူလည်းဖြစ်ပါသည်။

အစစအရာရာ စိတ်ထားကောင်းလွန်းသော ညီငယ်တို့ ဇနီးမောင်နှံ ဖြစ်လေရာ ဘဝတိုင်းမှာ ဒီလိုအဖြစ်ဆိုးနှင့် မကြုံတွေ့ရပါစေနှင့်လို့ ဆုတောင်းပေးရင်း ကောင်းရာဘုံဘဝသို့ ရောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ် ။

မိသားစုနှင့်ထပ်တူဝမ်းနည်းစွာဖြင့်

Source : Fee Feelek