Skip to main content

ဘဏ်သွားစရာ ကိစ္စလေးပေါ်လာလို့ အပြင်ထွက်ရမယ်ပေါ့ စိတ်ထဲမှာ တထင့်ထင့်နဲ့ ရောက်သွားတော့မှပဲ ကိုယ်တောင် အံ့ဩရတယ်

ဒီနေ့မနက် မဖြစ်မနေ ဘဏ်သွားစရာ ကိစ္စလေးပေါ်လာလို့ အပြင်ထွက်ရမယ်ပေါ့။ စိတ်ထဲမှာတော့ တထင့်ထင့်နဲ့။ ရှိသမျှဆိုင်တွေအကုန်နီးပါး ပိတ်နေတဲ့အချိန်မှာ ဘဏ်တွေရော ဖွင့်သေးရဲ့လားလို့။

ရောက်သွားတော့မှပဲ ကိုယ်တောင်အံ့ဩရတယ်။ KBZ Bank က ဝန်ထမ်းတွေအကုန် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ အလုပ်လုပ်နေကြတာတွေ၊ ပြုံးနေတဲ့ မျက်နှာလေးတွေကို Mask တပ်ထားတဲ့ကြားကနေ မြင်ရတာနဲ့တင် စိတ်ထဲအေးသွားတာပဲ။



ဘဏ်ထဲမဝင်ခင် လက်ဆေးဖို့၊ ပိုက်ဆံကိုင်ပြီးတိုင်း Hand Sanitiser သုံးဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခွါခွါနေဖို့ လိုက်သတိပေးနေတာတွေသူတို့ရဲ့စေတနာတွေကို ကိုယ်တိုင်ခံစားမိတယ်လေ။ သူသူကိုယ်ကိုကြောက်နေတဲ့ အချိန်၊အိမ်ထဲမှာပဲ နေနေတဲ့အချိန်မှာ ခုလိုအပြင်ထွက်ပြီး တခြားသူတွေအဆင်ပြေဖို့ အလုပ်လုပ်ပေးနေဖို့ဆိုတာ တော်ရုံတန်ရုံ မေတ္တာစိတ်နဲ့တော့ မရဘူးလေနော်။



ကျေးဇူးပါ KBZ Bank ရေ။ မေတ္တာတရားနဲ့ လက်တွဲပြီး COVID 19 ကို အနိုင်ယူကြမယ်နော်။ ကိုယ်တွေနေတဲ့ ကမ္ဘာကြီးကလူတွေအကုန်လုံးလဲ ရေလိုအေးပြီး ပန်းလိုမွှေးကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။

ဒါ့အပြင် COVID 19 အတွက် စိတ်ဓါတ်အပြည့်နဲ့ ရှေ့တန်းက တိုက်ပွဲဝင်ပေးနေကြတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ၊ တစ်နိုင်ငံလုံး နယ်ပယ်အသီးသီးမှ Volunteers များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။



နောက်ထပ် Delivery service များမှ မောင်လေး ညီမလေးတွေ၊ လူတကာ အကုန်နီးပါး အိမ်ထဲမှာပဲနေပြီး Work from Home နေကြတဲ့အချိန်မှာမဖြစ်မနေ အပြင်ထွက်ပြီး အလုပ်လုပ်ပေးကြတဲ့ Front line fighters တွေအကုန်လုံးလဲ ကျေးဇူးတင်ပါတယ်ရှင်။



UK တို့၊ Singapore တို့မှာတော့ Front-line fighters တွေကို တစ်ရက် ည၈နာရီမှာ ပြိုင်တူ လက်ခုပ်တီးပြီး ဂုဏ်ပြုပေးကြသလို မတ်မတ်ကလည်း ဒီ post လေးတင်ပြီးတော့ ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်ရှင်။ You are our Heroes.

Aye Thaung