Skip to main content

အသက်ကို ပဓာနမထားဘဲ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများကို ဆရာတော် အရှင်ဆေကိန္ဒက ငွေကျပ် ၁ သိန်းစီနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်

အသက်ကို ပဓာနမထားဘဲ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများကို ဆရာတော် အရှင်ဆေကိန္ဒက ငွေကျပ် ၁ သိန်းစီနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်

ပြည်ပမှ ပြန်ရောက်လာသူများကို ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့သည့် COVID-19 Quarantine လုပ်ငန်းစဉ်မှာ ပြီးမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။

Quarantine (14)ရက်တာကာလအတွင်း အသက်ပင် ပဓာနမထားပဲ ကြိုးပမ်းဆောင်ရွက်ပေးကြသော ကျန်းမာရေးဝန်ထမ်း တစ်ဦးစီကို ဆရာတော် အရှင်ဆေကိန္ဒမှ ငွေ(၁၀၀,၀၀၀)ကျပ်နှင့် ဆန်၊ ဆီ၊ စားစရာ အစရှိသည့် ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်တော်မူခဲ့သည်။

''ဂုဏ်ပြုထိုက်တဲ့တန်ဖိုးကို ငွေကြေးနဲ့ တန်ဖိုးဖြတ်တာမဟုတ်ပါဘူး။ တို့တွေနိုင်ခဲ့ပြီ''ဟု ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ကြောင်း ဓမ္မဒူတလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Okkar Thein က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Photo and Source : Okkar Thein