ယခုအခါ COVID -19 ကြောင့် ပြည်သူတွေအတွက်အစိုးရမှ ထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ပရဟိတ အဖွဲ့အစည်းများမှလည်း တတ်အားသရွေ့ ကူညီ ဆောင်ရွက်ပေးနေကြတဲ့ ကာလ ဖြစ်ပါတယ်။
ယခုအခါ Max ဇော်ဇော်ဟု လူသိများသော Max ဆီဆိုင်ပိုင်ရှင် ဦးဇော်ဇော်မှ သူ၏ဆိုင်တွေ စက်သုံးဆီလာထည့်ထားသော ကားများအနက် ကျန်းမာရေးဝန်ထမ်းကားများ လူနာတင်ယာဉ်များနှင့် ရဲ့ကားဆိုရင် ဆီဈေးကို ဈေးလျှော့ယူပေးနေတယ်ဆိုပြီး ဆရာဝန်တစ်ဦး၏ လူမှုကွန်ယက် စာမျက်နှာမှာအောက်ပါအတိုင်း ရေးသား ဖော်ပြပေးထားတာဖြစ်ပါတယ်။

ဦးဇော်ဇော်၏ လေးစားစရာ လုပ်ရပ်တစ်ခု
Max ဆီဆိုင်ကနေ အထွက်ကို မျက်ရည်တွေဝဲပြီးထွက်လာရလိမ့်မယ်လို့ တသက်နဲ့တစ်ကိုယ်မထင်ခဲ့ဖူးဘူး။ ဒီနေ့ဆေးရုံကအပြန် scrub suit နဲ့ပြန်လာပီးဆီဝင်ဖြည့်တယ်ပေါ့။ scrub suit နဲ့ဆိုတော့ဆီဖြည့်ပေးတဲ့ ကောင်လေးက အမက ဆရာဝန်လားတဲ့။ ဟုတ်တယ်လို့ ပြန်ဖြေပီး (စိတ်ထဲမှာတော့ ငါ့များမောင်းထုတ်မလို့လားလို့ ထိတ်ခနဲဖြစ်သွားတယ်)။
ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ ကျနော်တို့ ဆီဆိုင်က ဆရာဝန်တွေဆို 92 ၁ လီတာကို ၂၅၀ နဲ့ ဈေးလျော့ပေးနေပါတယ်တဲ့။
ကိုယ်ကျေနပ် ပီတိတွေဖုံးပြီး မျက်ရည်တွေ ဘာတွေ ဝဲပြီး ပြုံးဖြီးဖြီး ဖြစ်သွားတဲ့ မျက်နှာကို ဦးဇော်ဇော်ကြီးကို မြင်စေချင်လိုက်တာ။
Credit : Dr Thet Su Phyu (Yangon Hospital)