မိသားစုလိုက် ကူးစက် ခံထားရတဲ့ ပြည်က လူနာ (၄) ဦးလုံးကို အနီးကပ် ပြုစုနေရတဲ့ ဆရာဝန်တစ်ဦး ရေးထားတဲ့ ခံစားချက်
ဒီအိမ်သား ၄ ယောက် positive လို့ကြားကတည်းက ငါ့ဆီရောက်တော့မှာလားအတွေးထက် ကလေးလေး ၂ ယောက်ပါတယ် ကြားကတည်းက ဝမ်းနည်းမိတယ်။
မိသားစုတစ်စုလုံး အကူးခံရတယ်ဆိုတာ နည်းတဲ့ကံကြမ္မာမှမဟုတ်တာ ကလေးတွေအတွက် စိုးရိမ်တယ် တခါတည်း သူတို့မိဘတွေ ဘယ်လို ခံစားရမလဲ ဆိုတာ တွေးတောင်မကြည့်ရဲဘူး ကိုယ်ကိုယ်တိုင်လည်း မိဘဖြစ်နေတဲ့အတွက် အရမ်းကိုခံစားမိတယ်။
ပထမဆုံး စတွေ့တဲ့ညမှာပဲ ကလေးတွေကိုမြင်ရတာ ပျော်တောင်သွားတယ် ကြောက်တာကတပိုင်းပေါ့။ positive လို့သာ တွေးပြီးကြောက်နေတာ သူတို့ကိုတွေ့တော့ နွေးထွေးတဲ့မိသားစုလေးနဲ့ ရိုးရိုးလူတွေပါပဲလို့ တမျိုးလေးတော့ဖြစ်သွားတယ်။ အခုထိကြည့်ခဲ့တဲ့တောက်လျောက်မှာ လည်း သူတိူ့ကတောင် ကိုယ်တွေကို ပြန်အားနာနေတယ်။

ဘဝတလျောက် ကုခဲ့တဲ့လူနာတွေထဲမှာ သံယောစဉ်အတွယ်မိဆုံး လူနာတွေ ဖြစ်နေခဲ့တာပဲ။ ကလေး ၂ ယောက်ကလည်းလိမ္မာလိုက်တာ ဘာမှကို ဂျီမကျတာပါ။ ခရစ်ယာန်တွေကပဲ ပိုစိတ်ကောင်းတာလားလို့တောင် တွေးမိတယ်။
လူကြီးတွေတောင် q 14 ရက်ကို compliant မျိုးစုံတက်နေပေမယ့် သူတို့တွေကအခုထိ ထူးထူး ခြား ဘာမှ မတောင်းဆိုခဲ့ဘူး။ သူတို့ဘယ်လောက်ကြောက်နေမလဲ အမေ အဖေတွေ ဘယ်လောက်တောင် ပူနေမလဲ icu ထဲက ထွက်တဲ့သူကထွက် ဝင်တဲ့သူက ဝင်ရနဲ့ ကလေးတွေကတော့ ဘာမှမသိတဲ့အဖြူထည်မျက်နှာလေးတွေနဲ့ အဖေ အမေရဲ့သောကကို ကိုယ်တောင် ဝင်မခံစားနိုင်ဘူး။
အဖေက သူစိတ်ပူတာ တစ်ခုပဲပြောတယ် ကလေးတွေက ကောင်းနေတော့ သူ့ဆီက ပြန်ကူးနိုင်လားတဲ့။ သူဘာသာ သီးခြားနေတယ် စပြောင်းလာရကတည်းကလဲ အထုတ်ကြီးအထုတ်ငယ် ကလေးတွေအတွက်ကော ဘာမှမလိုအောင် ပြင်ဆင်ခဲ့ပြီးသား။ အဖေ တစ်ယောက်အနေနဲ့ပါ သူတို့မိသားစုကြီး ဒီလိုအခြေအနေမျိုးမှာ ခွဲနေရပါ့လားဆိုပြီးလည်း စိတ်မကောင်း ဖြစ်ရပါတယ်။
ဒီရောဂါကြီး စကြားကတည်းက ကျန်းမာရေး ဝန်ထမ်းတစ်ဦး အနေနဲ့ ငါ့ကူးခဲ့ရင်ကော ဆိုပြီးမိသားစုအရေး စဉ်းစားဖူးတယ်။ မိဘအနေနဲ့ ကိုယ်ဖြစ်လို့ တခုခုတောင် မကြောက်ပါဘူး ဒီအချိန်ငါ့ကလေးတွေ ထားခဲ့လို့ မဖြစ်သေးဘူးလို့ တွေးမိတယ်။
လူနာ အဖေအမေ လည်းအဲလို ခံစားရမှာ မလွဲပါဘူး။ သူတို့ မိသားစု လေး အရင်လို ကျန်းကျန်းမာမာ ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
(အစကတည်းကစာကောင်း၂ မရေးတတ် စာရှည် သွားရင် သည်းခံကြပါ)
Source : Lei Yee Maung