ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ ဟောစာတမ်း
တနင်္ဂနွေသားသမီးများ
ဒီကာလအတွင်းစီးပွားဝင်ငွေ အနည်းငယ်ညံ့နေတတ်သည်။ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ထားသော စီးပွားရေးလုပ်ငန်းများ တွင် အပြောင်းအလဲတစ်စုံတစ်ရာရှိနေမည်။ ဝန်ထမ်းဖြစ်ပါက ဌာနအတွင်း အဆင်မပြေခြင်း များ ဖြစ်ရတတ်ပါတယ်။ တေ့တေ့ဆိုင်ဆိုင်ပြောဆိုထားသော အိုး၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ကိစ္စများ မမျှော် လင့်ဘဲ အဆင်ပြေသွားလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက စုတ်ရော၊ လာဘ်ရော နှစ်မျိုးစလုံးဝင်မည်။ တစ်ပါးသူအပေါ် အလွယ်တကူ ယုံကြည်တတ်ခြင်း၊ အားနာတတ်ခြင်းများကို အထူးသတိ ထားရန် လိုအပ်ပါတယ်။ အားနာမိ၍ ငွေကြေးစိုက်ထုတ်လုပ်ကိုင်ရခြင်းများ၊ တာဝန်ယူအာမခံလိုက်ခြင်းများကြောင့် သူများအမှု ကိုယ့်ကို ပတ်တတ်ပါ တယ်။ ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်မည်ဆိုပါက မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ကိုင်နိုင်ပါတယ်။ ငယ်ရွယ်သူ များ အချစ်ရေးတွင် ပဋိပက္ခဖြစ်နေမှုများမှ အဆင်ပြေသွားမည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန် ကြိုးစားပါ။ ပညာ ရေးအတွက် မိမိဆန္ဒကို ဖြည့်ဆည်းပေးမည့်သူများ ပေါ်ပေါက်လာတတ်ပါတယ်။ ကျန်းမာရေးတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ အစာပြွန်တစ်လျှောက်တွင် ဝေဒနာများ ဖြစ်ပေါ်ခံစားနေရတတ်သည်။ အိမ်ထောင်ရေးကတော့အညံ့ အဆိုးအလွန်နည်းပါတယ်။
အကျိုးပေးဂဏန်း - ၁/၅/၆။ အထူးဟော - အလုပ်များနေပြီးအရေးကြီးတာတွေမလုပ်ဖြစ်တာမျိုးကြုံတတ်သည်။ ယတြာ - သရက်သီးသုပ် ဘုရားကပ်လိုက်ပါ။
တနင်္လာသားသမီးများ
ယခုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေခြင်းဖြင့် ဝင်ငွေ အသင့်အတင့်ရှိနိုင်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများကို လိင်မတူသူများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်း ဖြင့် တိုးတတ်အောင်မြင်မှု ရရှိနိုင်ပါတယ်။ အပြိုင်အဆိုင်ကြားမှ တတ်လမ်းပေါ်မည်။ ကိုယ်ပိုင်ဟန်ကို အဓိကထား၍ ဆုံးဖြတ်လုပ်ကိုင်သင့်သည်။ တစ်ခုထက်မကသောလုပ်ငန်းကိစ္စများ တာဝန်ယူဖြေရှင်းလုပ်ကိုင်ရမည်။ တစ်ဦး တစ်ယောက် ထံတွင် ရှယ်ယာထည့်ဝင်ခြင်း၊ အများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းမျိုး ရှောင်ပါ။ မိမိတွင် ဆုံးရှုံး နစ်နာ ခြင်းမျိုးသာ ဖြစ်ရတတ်ပါတယ်။ တစ်ပါးသူ၏ သံသယဖြစ်ခြင်းများ၊ အထင်အမြင်လွဲမှားခြင်းများ ခံရတတ် ပါတယ်။ ပညာရေးလိုက်စားသူဖြစ်ပါက ပညာရေးနှင့် ပတ်သက်ပြီး ကံကောင်းမည်။ ပညာအမွေပေးမည့် သူများနှင့်လည်း တွေ့ရတတ်ပါတယ်။ ကျန်းမာရေးမှာ အမျိုးသားများ အနေဖြင့် ဆီး၊ ကျောက်ကပ်ဝေဒနာ ခံစားရတတ်သည်။ အမျိုးသမီးဖြစ်ပါက သားအိမ်ဆိုင်ရာ ဝေဒနာများ ခံစားရတတ်သည်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ လူချင်း စိတ်ချင်း ဝေးနေရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာတတ်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ ယုယကြင်နာမှု ကိုရရှိတတ် ပါတယ်။
အကျိုးပေးဂဏန်း - ၂/၆/၀။ အထူးဟော - စိတ်ပင်ပန်းစရာတွေများနေတတ်ပါတယ်။ ယတြာ - ထောပတ်သီးဖျော်ရည် ဘုရားကပ်လှူလိုက်ပါ။
အင်္ဂါသားသမီးများ
သင့်အတွက်ကုသိုလ်ကံကောင်းစေသော အချိန်ကာလများဖြစ်၍ လုပ်ငန်းကိစ္စအဝဝကို လုပ်ကိုင်ဆောင် ရွက်ပါ။ မိမိဆန္ဒရှိသည်များ သေချာပေါက်ဖြစ်ရတတ်ပါတယ်။ အထူးသဖြင့် လူမျိုးကွဲ၊ ဘာသာကွဲများထံမှ အကူ အညီများရရှိ တတ်သည်။ အပြောင်းအလဲနှင့်တိုးတတ်မှုများ ပူးတွဲဖြစ်ပေါ်မည်။ အလုပ်ပို၊ ကိစ္စပိုများကြုံမည်။ တစ်ခုထက်မကသောလုပ်ငန်းများ တစ်ပြိုင်နက်လုပ် ရမည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ဒဏ်၊ ပင်ပန်း ဒဏ်များ ခံရတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်တွင်းရေးအဆင်ပြေမည်။ သားသမီးများနှင့် စုစုရုံးရုံး ပျော်ရွှင်ရမှုများ ရှိမည်။ လိမ္မာသော သားသမီးများကြောင့် ဂုဏ်ယူစရာများ ရှိနေမည်။ စကားရှုပ်ထွေး သော သူများ လိမ်ညာ လှည့်စားမှုကြောင့် အနှောက်အယှက်များကြုံမည်။ ၅၂၈နှင့် ၁၅၀၀ မေတ္တာများ တစ်ပြိုင်နက်ကောင်းမည်။ ငယ် ရွယ်သူများ အချစ်ရေးတွင် ဝေခွဲရခက်နေ တတ်သည်။ မိမိထက်အသက်ကြီးသူ၊ အလွန်ငယ်သူ၊ လူမျိုးမတူ၊ ဘာသာ ခြား တို့၏ စိတ်ဝင်စားခြင်း၊ လက်ထပ် ခွင့် တောင်းခံခြင်းများ ရှိနေမည်။ ကျန်းမာရေးမှာ အရိုးအဆစ်များ နာကျင် ကိုက်ခဲခြင်းများ ကြုံရတတ်သည်။ ဦးခေါင်း ပိုင်းတွင် ပြင်းပြင်းထန်ထန် ဝေဒနာများ ခံစားရကိန်းရှိနေပါ တယ်။
အကျိုးပေးဂဏန်း - ၁/၃/၇။ အထူးဟော - ကံမြင့်မားနေတတ်ပါတယ်။ ယတြာ - အုန်းနို့ပါသော မုန့် တစ်မျိုးမျိုး ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု သားသမီးများ
ယခုကာလသည် သင့်အတွက်ကံကောင်းသော အချိန်ဖြစ်၍ အောင်မြင်လိုသော လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်လုပ်ကိုင်ပါ။ တစ်ဇွတ်ထိုးစိတ်မြန်လက်မြန်လုပ်၍ အောင်မြင် သင့်သလောက် မအောင်မြင်ပါ။ အိမ်သုံး စရိတ်၊ အပိုအသုံးစရိတ်များမည်။ ဝန်ထမ်းဖြစ်ပါက မိမိအပြောကြောင့် တစ်ပါးသူ၏ အငြိုးအတေးပြုခြင်းကို ခံရတတ်ပါတယ်။ အထူးသဖြင့် လက်အောက်ငယ်သားများ၏ ရန်အတိုက်အခံပြုခြင်းများ အတွက် သတိထားပါ။ အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်၍ အောင်မြင်မှုများရရှိမည်။ အပြောင်းအလဲနှင့်တိုးတတ်မှုဖြစ်ပေါ်မည်။ ငယ် ရွယ်သူများ အချစ်ရှိပြီးသူများ မိမိချစ်သူနှင့် စေ့စပ်ကြောင်းလမ်းရခြင်း၊ လက်ထပ်မင်္ဂလာပြုရခြင်းများ ရှိမည်။ ချစ်သူမရှိသေးသူများ ချစ်သူရည်းစားရရှိတတ်သည်။ ကျန်းမာရေးနှင့်ပတ်သက်ပြီး မျက်စိနှင့် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာများ ပြင်းပြင်းထန်ထန် ခံစားရတတ်ခြင်း၊ ဦးခေါင်းပိုင်းတွင် မတော်တဆ ထိခိုက်အနာတရ ဖြစ်တတ် ခြင်းများအတွက် သတိထားသင့်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ဖက်အပေါ် ဂရုစိုက်သင့်ပါတယ်။ လိင်မတူသူများ အနှောက်အယှက်များ ရှိတတ်ပါတယ်။ ပညာရေးလိုက်စားနေသူများ အပြိုင်အဆိုင်အခက်အခဲ များကြားမှ အောင်မြင်အဆင်ပြေမည်။
အကျိုးပေးဂဏန်း - ၁/၈/၂။ အထူးဟော - စုတ်လာဘ်ဝင်တတ်ပါတယ်။ ယတြာ - အမိအဖကို တတ်နိုင်တာလေးတစ်ခုနဲ့ ကန်တော့လိုက်ပါ။
ကြာသပတေးသားသမီးများ
ယခုကာလအတွင်း စီးပွားရေးလုပ်ငန်းများတွင် အနည်းငယ်အဆင်မပြေမှုများ ရရှိလာမည်။ တစ်ဖက်တွင် လည်း မိမိအား စိတ်ဒုက္ခ၊ လူဒုက္ခဖြစ်ရန် ကြိုးစားနေသူများ ရှိနေဦးမည်။ အသွားအလာ အထူးသတိထား ဆင်ခြင် သင့်ပါတယ်။ အရာရာကို စိတ်အေးအေးထား လုပ်ကိုင်တတ်ရန် အရေးကြီးပါသည်။ အိမ်ထောင်ရှင်ဖြစ်ပါက လိင် မတူသူအနှောက်အယှက်များ ရှိနေတတ်ခြင်းကြောင့် မကြာခဏ အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်ရတတ် သည်။ အထူးသဖြင့် စနေသားသမီး များနှင့် ပတ်သက်၍ စိတ်အနှောက်အယှက်များစွာ ဖြစ်ရတတ်သည်။ ဝန်ထမ်း များ ဌာနဆိုင်ရာသင်တန်းများ တတ်ရခြင်းများ၊ လုပ်ငန်းခွင်စာမေးပွဲ ဖြေဆိုရခြင်းများရှိမည်။ အဆင်ပြေအောင်မြင် မှုများ တွေ့ရတတ်သည်။ အတွေ့အကြုံကောင်းများလည်း ရရှိနိုင်မည်။ ငယ်ရွယ်သူများ အချစ်ရေးတွင် လူလိမ်၊ လူညာနှင့် တွေ့ရတတ်သည်။ အပြောကောင်းသူကို ဝေးဝေးရှောင်ရတတ်သည်။ ပညာရေးနှင့်ပတ်သက်ပြီး ပညာ ရေးကံကောင်းနေတတ်ပါတယ်။ ဘာသာရပ်ဆိုင်ရာသင်တန်းများ တတ်ရောက်နိုင်ခြင်းရှိမည်။ ကျန်းမာရေးနှင့် ပက် သက် ပြီး အနာများပေါက်ခြင်း၊ အဖုအကျိတ်များထွက်ခြင်း၊ ဆေးရုံဆေးခန်းသို့ အကြိမ်ကြိမ်သွားရတတ်ခြင်း များရှိမည်။
အကျိုးပေးဂဏန်း - ၉/၂/၃။ အထူးဟော - ကံအနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ယတြာ - ကန်စွန်းရွက်ကြော် ဘုရားကပ်လှူလိုက်ပါ။
သောကြာသားသမီးများ
ယခုကာလအတွင်း အလုပ်အဆင့်နှင့် ဝင်ငွေဥစ္စာတိုးပွားမည်။ အကြီးအကဲ အထောက်အကူရမည်။ နာမည် ကောင်းသတင်းနှင့် တိုးတတ်ခြင်းကြုံမည်။ ပြန်လည် ဆုံစည်းရန်မဖြစ်နိုင်ဟု သက်မှတ်ထားသောသူနှင့်ဆုံစည်း မည်။ အိုးအိမ်ပြောင်းရွှေ့ရခြင်း၊ အလုပ်ခန်း၊ ဆိုင်ခန်း ပြောင်းရွှေ့ရခြင်းများ ရှိတတ်သည်။ ယခုကာလအတွင်း ငွေကြေးသော်လည်ကောင်း၊ အဖိုးတန်ပစ္စည်း တစ်ခုခုသော်လည်ကောင်း သိသိနှင့်ပင် အလိမ်ခံရတတ်ခြင်းရှိမည် ဖြစ်၍ လူတိုင်းအပေါ်ယုံကြည်တတ်မှုကို လျှော့သင့်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပါက သားသမီးတစ်ဦးအတွက် စိုးရိမ်ပူပန်ရခြင်း၊ ငွေကုန်ကြေးကျများခြင်းများ ဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးကံမကောင်းသေး ပါ၍ အချစ်အတွက် ကြိုးစားကြံစည်မှုမှ ပြဿနာဖြစ်ရတတ်ခြင်း၊ အမှုအခင်း ကြီးကြီးမားမား ဖြစ်ရတတ်ခြင်းများ ကြုံမည်။ ဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာမှ စေလွှတ်သော ခရီးများသွားရတတ်ခြင်း မတက်ဖြစ်သော သင်တန်းများ တတ်ရောက်ရခြင်းများ ရှိမည်။ ပညာရေးလိုက်စားသူဖြစ်ပါက ပညာရေးအတွက် အခက်အခဲများ ရှိရတတ်ပါတယ်။ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဝမ်းကိုက်ခြင်း၊ မကြာခဏ သွေးတိုးခြင်း၊ မူးလဲတတ်ခြင်း၊ လေးဖက်နာဝေဒနာ ဖြစ်ပေါ်ခံစားရတတ်ခြင်းများ ရှိမည်။
အကျိုးပေးဂဏန်း - ၃/၄/၆။ အထူးဟော - ကံအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ ယတြာ - အောက်လက်ငယ်သားတွေကို ဆန်လှူလိုက်ပါ။
စနေသားသမီးများ
ဤကာလအတွင်း ယခုအချိန်သည် သင့်အတွက် ဝင်ငွေအထူးကောင်းနေသော အချိန်များဖြစ်၍ ငွေကြေး စုဆောင်း သင့်ပါတယ်။လက်ဝယ်စုဆောင်းထားသောငွေများချေးငှားခြင်းတော့မပြုလိုက်ပါနဲ့။ ခရီးသွားရန် စီစဉ် ထား ပြီး ရက်အနည်းငယ်လိုပါမှ ကျန်းမာရေးအညံ့ကြုံမည်။ ခရီးမပျက်ပါနှင့်။ ခရီးစဉ်ရက် ရောက်သည်နှင့် ကျန်းမာ ရေးပြန်လည်ကောင်းမွန်လာမည်။ အလောတကြီးဆောင်ရွက်ခြင်းငှာမသင့်။ နေအိမ်၊တိုက်တာ၊ခြံ၊ ကား အရောင်း အဝယ်ကိစ္စများမှ အမြတ်အစွန်းများ ရရှိတတ်သည်။ လူမှုရေးကိစ္စများ ပရဟိတအလုပ်များ ရည်ရွယ်ထားသော လုပ်ငန်း တိုးချဲ့မှုများကို ခေတ္တရပ်ဆိုင်းထားပြီးငွေထပ်စုသင့်သည်။ ဝန်ထမ်းဖြစ်ပါက လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်း၊ တစ်နည်းနည်းဖြင့် ဝင်ငွေကောင်း ခြင်းများ ရှိတတ်သည်။ ပညာရေးလိုက်စားနေသူများ မိမိအား မနာလိုသူ၏ အနှောက်အယှက်ပြုခြင်း၊ ခံရတတ်သည်။ ငယ်ရွယ်သူဖြစ်ပါက အချစ်ရေးအလွန် စန်းပွင့်နေချိန်ဖြစ်နေတတ် ပါတယ်။ လူပျိုကြီး၊ အပျိုကြီးများ စန်းပွင့်နေပြီး မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါ တယ်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး အညံ့အဆိုးနည်းပါးပါတယ်။ ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါ တယ်။
အကျိုးပေးဂဏန်း - ၄/၅/၀။ အထူးဟော - စီးပွားရေးတွေပြန်လည်ဦးမော့လာမည်။ ယတြာ - လက်ဖက် ၉ ပုံ ပုံပြီးတော့ ဘုရားကပ်ပါ။
ခုနှစ်ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။
ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)၊ 09775555695၊ 09445555695။