Skip to main content

"ဘုန်းဘုန်းရှိတယ် ဘုန်းဘုန်းရှိတယ်" ဆိုတဲ့ အားပေးမှုများနဲ့အတူ မြဝတီမြို့ Quarantine Centre များသို့ ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ ငွေကျပ် သိန်း (၁၀၀) ပေးပို့ လှူဒါန်းခဲ့

"ဘုန်းဘုန်းရှိတယ် ဘုန်းဘုန်းရှိတယ်" ဆိုတဲ့ အားပေးမှုများနဲ့အတူ မြဝတီမြို့ Quarantine Centre များသို့ ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ ငွေကျပ် သိန်း (၁၀၀) ပေးပို့ လှူဒါန်းခဲ့

(၆-၄-၂၀၂၀)ရက်နေ့ မနက် ၁၁နာရီအချိန် ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ မြဝတီ Quarantine Centreများတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်၊ ထိမ်းချုပ်၊ ကုသရေး ခရိုင်အဆင့်စောင့်ကြည့်ရေးလုပ်ငန်းကော်မတီသို့ ငွေကျပ်သိန်း(၁၀၀) ပေးပို့လှူဒါန်းခဲ့ရာ



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံပေးခဲ့ကြပါသည်။



Covid 19နှင့်ပတ်သက်၍ မြဝတီမြို့တွင် လက်ရှိဆောင်ရွက်နေသော လက်ရှိ အခြေအနေများအား ဆရာတော်ဘုရားမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပြီး "ဘုန်းဘုန်း ရှိတယ်၊ ဘုန်းဘုန်း ရှိတယ်" ဟု အားပေးစကားများကို မေတ္တာ/ဂရုဏာရှေ့ထား မိန့်ကြားခဲ့ပါသည်။



ဆရာတော်ဘုရားကြီး၏ ယနေ့ လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါရန်နှင့် ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါသည်။

ဆရာတော်ဘုရားကြီး၏ မေတ္တာတော်အာနုဘော်အစွမ်းကြောင့် COVID-19 ရန်မှ ကင်းစင်လွင့်ပျောက်ပါစေကုန်သတည်း။

"ဆရာတော်ဘုရားကြီးလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ/ ချမ်းသာပါစေ။ အသက်ရာကျော် ရှည်ပါစေလို့" ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ဘုရား။

သန့်ဇင်အောင်(၆/ ၄/ ၂၀၂၀)