လွန်ခဲ့တဲ့ ၁၄ရက် အတွင်းမှာ ၊ကိုယ့် ပူပင်သောက စိတ်တွေကို ဖုံးဖိ ဖြေဖျောက် နေရ လို့ အခုမှ ပို့စ် ရေး တင်ဖြစ်ပါတယ်။ အမေရိကားမှာ အခြေတကျ နေထိုင် နေတဲ့ ကိုယ့် မောင် အငယ်ဆုံးလေး စ ပြီး ဖျားပါတယ်။သူက ကျန်းမာရေး အသိ နဲ့ဆင်ခြင်နေထိုင် တတ်သူပါ။သူ့ ဖျားတဲ့ ဝေဒနာ ခံစားရပုံကို သံသယ ရှိလို့ အခန်းတစ်ခန်းထဲမှာ isolate စ လုပ်ပြီး နေလိုက်ပါတယ်။ သူ့သား နဲ့ သမီးကလည်း ငယ်ကြသေးတယ်လေ။
စဖျားကတည်းက ကိုယ်နဲ့ နေ့စဥ် VC ခေါ် စကားပြောကြတယ်။ တစ်ယောက်တည်း အထီးကျန် မနေရ အောင်ရယ်၊ သူ့အခြေအနေ မှန်ကို သိရအောင် ရယ်ပါ။စ ဖျား ကတည်းက တစ်လျှောက် ကိုယ်ပူချိန် မကျသွားဘူး။ Day 2, Day 3 မှာ အသက်ရှုကြပ်တယ်၊ဝမ်းလျောတယ်၊ အနံ့ စ မရတော့ပါဘူး။ သူ့ အဖျားကို သံသယရှိလို့ စဖြစ်ကတည်းက ဆရာဝန်ကို ဆက်သွယ်ပါတယ်။သူတို့နိုင်ငံ ဆရာဝန်တွေဟာ အခု ကပ်တွင်းမှာ ဖုန်းမကိုင်နိုင်ကြပါဘူး။ voice mail ချန်ထားခဲ့ရပါတယ်။သူတို့ အားချိန်မှာမှ ပြန်ဆက်သွယ် လာကြပါတယ်။
မောင်လေး ဖြစ်သလိုပဲ ဖျားနာ နေကြပြီး ၊ကိုယ့် ဘာသာ သံသယ ရှိသူတွေကို အွန်လိုင်း ကနေ ကြည့်ပေးပါတယ်။ ခံစား နေရတဲ့ လက္ခဏာ တွေဟာ ကိုဗစ် ဟုတ်နိုင်ပါတယ် ဆိုပြီး၊ ပါရာ အုပ်စုဝင် သောက်ဆေး တစ်မျိုး ညွှန်းပါတယ်။ကိုယ့်ဘာသာ ဝယ်သောက်ကြပါ။ကိုယ် ကတော့ သေချာအောင် စစ်ကြည့်စေချင်တာ။

သူတို့ဆီမှာ စစ် မပေးပါဘူး။ အွန်လိုင်းက ကြည့်ပြီး ဆုံးဖြတ်ပေးလိုက်ပါတယ်။ Positive ဖြစ်နိုင်ချေ များပါ တယ်တဲ့။ မောင်လေး နေထိုင်ရာ ကောင်တီဟာ အမေရိကားမှာ ကူးစက်လူနာ အများဆုံး ဖြစ်သလို၊သေဆုံးသူလည်း များပါတယ်။သည့် အတွက် သူတို့ဆီမှာ positive အရေအတွက် စာရင်းအရ ထပ်တိုး မဖော်ပြလို တော့ ပါဘူးတဲ့။
Day 4 မှာ ဝမ်းလျောတာ သက်သာသွားပေမယ့် ညဘက်တွေ အသက်ရှုကြပ်တာ၊ ဝမ်းဗိုက်အောက်ပိုင်း ကြပ်ခဲခဲ ဖြစ်ပြီး နေလို့ မကောင်း၊ အိပ် မပျော် ဖြစ်နေတာတွေ ရှိနေပါတယ်။အစား လည်း မစားချင်ဘဲ လူက တစ်ချိန်လုံး နှုံး နေပြီး၊ကိုယ်နဲ့ စကားပြောရင်တောင် ဇာက်မထောင်နိုင် ဖြစ်နေပါတယ်။ကျန်တာတွေကို စိတ်မပူ ပေမယ့် ၊ အသက်ရှုကြပ်တာ ကို ပူပင်မိပါတယ်။
ဆရာဝန်ကို ထပ်ဆက်သွယ်ပြီး၊ အသက်ရှု ကြပ်နေကြောင်းနဲ့ဆေးရုံကို သွားလိုက် စေချင်တာပါပဲ။ ဒါပေမယ့် သူတို့ဆီမှာ ကျွန်တော့်ထက် အသက်ရှုရ ခက်ခဲတဲ့ သူတွေကိုတောင် လက်ခံ ကုသ မပေးတော့ ပါဘူးတဲ့။ ကိုယ့်ဘာသာ အသက်ကို ကြိုးစားရှုပြီး၊ ညွှန်ကြားလိုက်တဲ့ဆေး သောက်၊ isolate ၁၄ လုပ်နေပေးဖို့သာ တိုက်တွန်းပါတယ်။ တော်တော့် ကို အခြေအနေ ဆိုးတဲ့ လူနာမှသာ ဆေးရုံက လက်ခံ ပေးကြပါတော့တယ်။ ကျန်းမာရေး ဝန်ထမ်းတွေ ကိုတောင် Positive ဖြစ်၊ မဖြစ် စစ် မပေး (နိုင်) ကြ တော့ပါဘူး။
Day 8 Day 9 လောက်ထိ ထူးခြား သက်သာလာတာ မတွေ့ ရတဲ့ အခါမှာ၊ ကိုယ့်ပူပန်စိတ်က ထိပ်ရောက် လာပါတယ်။ အသက်ရှုကြပ် သက်သာအောင် ရေနွေးငွေ့ရှု၊ဆားရည်နဲ့ အာလုတ်ကျင်း၊ဂျင်းပြုတ်ရည် သောက်ပေး နဲ့ ကိုယ့် သိ သလောက် လျှောက် လုပ်ခိုင်းနေမိပါတယ်။အစ်မ စိတ်ချမ်းသာအောင် သူကလည်း လုပ်ရှာပါတယ်။

ဆရာဝန်ဆီကို နောက်တစ်ကြိမ်ထပ်ဆက် ခံစားရတာတွေ ပြောပြကွာ၊ မင်းဟာက မသက်သာဘူးလေ လို့ ကိုယ် နားပူနားဆာ လုပ်တော့ သူကြိုးစားကြည့်တယ် ။အွန်လိုင်းကပဲပေါ့။ ဆေးတစ်မျိုး ပြောင်း ညွှန်းပေးပါတယ်။ Benzonatate ပါတဲ့ ချောင်းဆိုးတဲ့ သူတွေ အတွက်ပို အဆင်ပြေတယ် လို့ ဆိုပါတယ်။မောင်လေးက ချောင်းမဆိုးပေမယ့် ၊အသက်ရှု လမ်းကြောင်း ဆိုင်ရာ ပြဿနာ တွေကို ဖြေရှင်းပေး နိုင်တယ်လို့ ဆေးညွှန်းက ဆိုထားပါတယ်။
ဒီဆေးကိုတော့ သူတို့ အစိုးရက ထုတ်ပေးတာပါ။ Positive ဖြစ်နိုင်ချေ ရှိသူတိုင်းကို ဒီဆေး တစ်မျိုးပဲ ထုတ်ပေးတာပါ၊သက်သာ ပျောက်ကင်းသွား ကြသူတွေလည်း သာဓက ရှိနေပါတယ်။ဘေးထွက်ဆိုးကျိုး အနေနဲ့က လူကို နှုံးစေပါသတဲ့။ သူက ဒီတိုင်းကို လူက နှုံးနေတာ ဆေးကို သောက် သင့်၊ မသောက်သင့် မောင်နှမ နှစ်ယောက် ဆုံးဖြတ်ကြပါတယ်။ ဘာမှ သိလို့ မဟုတ်ဘူးနော်။ အမြန်သက်သာ ပျောက်ကင်းစေချင်တဲ့ စိတ်နဲ့ပါ။ အဲ့ဒီတော့ စ သောက်ကြမယ်ပေါ့။ အညွှန်းက တစ်နေ့ သုံးကြိမ်။
သူ့ တိုင်းပြည် ညဟာ ကိုယ့်တိုင်းပြည် နေ့ဖြစ်နေလို့ ကိုယ်လည်း နေ့ ည လွှဲ အိပ် လိုက်တယ်။ကိုယ့်ပူပန်စိတ် နဲ့မက်ဆေ့ ပို့နေရင် သူ အိပ်ရမှာ မဟုတ်လို့ ၊မင်း အချိန်မရွေး ဆက်သွယ် မမ ရှိနေမယ် ဆိုပြီး စောင့်နေလိုက်တယ်။ သူတို့ဆီက မိုးလင်း လောက်တဲ့ အချိန်ထိ မက်ဆေ့ ဝင်မလာတော့ ၊ကိုယ် မနေနိုင်တော့ မက်ဆေ့ စပို့ ကြည့်လိုက်တယ်။ စာ မပြန်ဘဲ VC ခေါ်လာပါတယ်။
သူ့ကိုမြင်လိုက်ရတော့ ကိုယ်လန့်သွားတယ်။ လူက ကြောင်တောင်တောင် လေးနဲ့။ မမ ကျွန်တော် တစ်ညလုံး မအိပ်လိုက်ရဘူး။ ဆေး တစ်ခွက်စာ သောက်ပြီး ကတည်းက လူက ကုတင်ပေါ် လူးလှိမ့် တစ်ချက် တစ်ချက် အကြောတွေ ဆတ်ကနဲ ဆတ်ကနဲ ဆွဲနဲ့ နှုံးတာလည်း ၊လူက အားကို မရှိတော့ သလို ပဲ
အသက်ရှုလို့ လည်း မကောင်းဘူးတဲ့။
အရင်ရက်တွေက သူ အားငယ်မှာစိုးလို့ Vcပြောတိုင်း အေးဆေးပါဆိုပြီး အားတင်းထားတဲ့ ကိုယ်ဟာ၊ စကားပြောရင်း ယောက်ယက်ခတ် နေတဲ့ သူ့ပုံလေးမြင်ပြီး မျက်ရည်တွေ ကျလာ ပါလေရော။ ကိုယ့်စိတ်ထဲမှာ အခုလိုဖြစ်နေချိန် မြန်မာပြည်မှာ သူ့ကိုရှိစေချင် လိုက်တာ။
ကိုယ်တို့ဆီမှာ သံသယဖြစ်ဖွယ် ဆိုတာနဲ့ ကွာရန်တင်း ကို တန်းပို့၊ Positive လူနာဆို အရေးပေါ်ကားကြီးနဲ့ လာသယ်၊ လူနာ နေထိုင်ရာ တိုက် လမ်း ရပ်ကွက် ကို lock down ချ မိသားစုဝင်တွေ အားလုံးကို ကွာရန်တင်း ဖို့ ခေါ်သွားကြ သက်ဆိုင်ရာ ဆေးရုံ ကွာရန်တင်း စခန်း နေရာ ရောက်တာနဲ့ အပူတစ်ဝက် လျော့ရပြီ ကုသစရိတ် အခမဲ့ ကွာရန်တင်း စရိတ် မေတ္တာ နဲ့ ဝိုင်းကြ ရံကြတာများ စိတ်လုံခြုံ မှု ရှိလိုက် ရတာ။
ကိုယ် မျက်ရည်ကျတာ မြင်တော့မှ သူလည်း လန့်ပြီး အသိပြန်ဝင် လာပုံ ရတယ်။ ဟေးး မမ အေးဆေး ဘာမှ မဖြစ်ဘူးနော်။ ဒီမှာ လူတိုင်းနီးပါးက ကူးစက်ခံနေရတာ Positive ဖြစ်လား မဖြစ်လား လည်း ပိုက်ဆံပေးပြီး စစ်တာ တောင် ရ မနေတော့ ဘယ်သူမှ အရေးလုပ် မစစ်ကြတော့ဘူး။ ဒီ ရောဂါ က တအားကြောက်စရာ မလိုဘူး။ ကူးစက်တာ မြန်တာ တစ်ခုပဲ စိုးရိမ်နေရတာ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးလည်း ဘယ်တိုင်းပြည်မှ တရားဝင် ထွက်မလာသေးဘူး။ ဘာမှ မလုပ်ဘဲ isolate လုပ်တာနဲ့ ပျောက်သွားသူတွေလည်း ရှိကြတယ်။ စိတ်ပူစရာ လုံးဝ မရှိနော်။ ငါ့အစ်မ ကတော့လုပ်တော့မယ်။ လူနာက ပြန်အားပေးနေရတယ် ဆိုပြီး အားပေးစကား ကို သူ့ ဘာသာပဲ ပြောသွားတော့တယ်။
ဆရာဝန်ကို ပြန်ဆက်သွယ် ဆေးကြောင့် ခံစားရတာတွေကို Voice mail ချန်ထားခဲ့ပြီး ပြောပြလိုက်တော့။ ဒီ တစ်ခါ လူကိုယ်တိုင် ဆေးခန်း လာပြပါတဲ့ ဆေးတစ်မျိုး ပြောင်း သောက်ခိုင်းပါတယ်။ အဲ့ဒီဆေးနဲ့ သက်သာ အဖျားကျသွားပါတယ်။ အနံ့တော့ အပြည့် ပြန် မရသေးဘူး။ လူက နှုံးနေတုန်းပေါ့။ အစာ ပြန်စား လာပါပြီ။
မနေ့က ၁၄ ရက်ပြည့်တော့ negative ဖြစ်သွားကြောင်း ကိုယ်က ပြန်စစ်ကြည့်စေချင် ပြန်ရောလေ
မေလဆန်း တစ်ပတ်ဆို သူ အလုပ်ပြန်ဝင်ရတော့မယ်။ ကလေးတွေကို လည်း ကူးစက်မှာ စိုးတယ်လေ။ ဆရာဝန်ကို အွန်လိုင်းက ထပ်ချိတ်ခိုင်းတော့ သူ မဆက် ချင်နေ ပါဘူး။ အားနာဖို့ ကောင်းနေပြီ ၊သူတို့က အလုပ်များနေကြမှာတဲ့။ ဆရာဝန် ပြောမှာကို ကျွန်တော် ကြိုသိပြီးသားပါ။ လူနာတွေ အားလုံးကို ဒီလိုပဲ ပြောတာပါ တဲ့။
သောက်ဆေးတွေ ရပ်လိုက်ပြီး သုံးရက်မြောက် နေ့ထိ အဖျား ပြန်မတက်ရင် negative ဖြစ်ပြီတဲ့ (သူတို့ဆီက negative စစ်ပေးပုံ) နောက်တစ်ပတ် isolateထပ်နေ၊ တစ်ပတ် ပြည့်ရင် အခန်းအပြင်ထွက် အလုပ်သွားလို့ ရပါပြီတဲ့။ ကိုယ်က ဇွတ် ဆက်ခိုင်းလို့ သူ ဆက်လိုက်ပေမယ့် အဖြေက သူကြို ပြောသလိုပါပဲ။
မောင်လေး ဖျားနာ ဝေဒနာပြင်းထန် ခံစားနေရ ချိန်မှာ သူလည်း မြန်မာပြည်ကို တမ်းတ ပါသတဲ့။ မြင်ကြား နေရတဲ့ အစိုးရ အဖွဲ့အစည်း၊ ကျန်းမာရေးဝန်ထမ်း၊ အလှူရှင်တွေ ဘော်လန်တီယာ တွေရဲ့ လုပ်ဆောင်ချက်ဟာ လူနာကို နွေးထွေး စေပါသတဲ့။
သူကတော့ မြန်မာ အငွေ့အသက် ရအောင် ယူကျူ့ ကနေ မြန်မာကားတွေ ရှာကြည့်သတဲ့။ အရင်က ပေါကားလို့ ထင်မိခဲ့တာတွေ တောင် အခုချိန် ပြန်ကြည့်တော့ သိပ် မပေါတော့ဘူး မမရယ်တဲ့ သူ အားယူပုံ။ ဖွံဖြိုးပြီး နိုင်ငံနဲ့ ဖွံဖြိုးဆဲ နိုင်ငံ တွေမှာ ကွာခြား ကွဲပြားတာ အများကြီး ရှိနေပါတယ်
၁။ မောင်လေးလည်း အလုပ် မလုပ်တဲ့ လ တွေ အတွက် လစာရ မနေပါဘူး။ ဒါပေမယ့် သူတို့ အစိုးရက tax တွေကို နှစ်စဥ် ဧပြီလမှာ ဘဏ်အကောင့်ထဲ ထည့်ပေးထားပါတယ်။ အခု သူတို့ရနေတဲ့ ထောက်ပံ့ကြေး ဒေါ်လာ တွေ ဆိုတာ ကိုဗစ် ဖြစ်လို့ ထူးပြီး ပေးနေတာ မဟုတ်ပါဘူး။
၂။ ကိုဗစ်နဲ့ ပတ်သက်လို့ သူတို့ အစိုးရ ကိုယ်တွယ်ဖြေရှင်းတာ နောက်ကျ သွားမှန်း အားနည်းနေမှန်း သူတို့ ပြည်သူတွေ သိနေပါတယ်။ ရီပါပလစ်ကန် ဖြစ်ဖြစ် ဒီမိုကရက်တစ် ဖြစ်ဖြစ် အနိုင်ရ ပါတီရဲ့ သမ္မတ ကို ရွေးချယ် တင်မြှောက်ပြီး ပြီဆိုရင် သူ့ သက်တမ်း မကုန်မချင်း ပြည်သူတွေဟာ အကောင်းဆုံး ဖောလိုဝါ လုပ်ကြပါသတဲ့။ (သမ္မတကို မဲ မပေးခဲ့သူပင် ဖြစ်ပါစေ)
၃။ ဧပြီလ ကုန်ရင် ကပ်ရောဂါ ပျောက်ကင်းပြီ Masks တပ်စရာ မလို ဆိုတဲ့ ထရန့် ရဲ့ စကားကို ယုံကြည်ပြီး အကာအကွယ်မဲ့ သွားလာကြလို့ ကူးစက် ဦးရေ ထိုးတက်သွားတာ သူတို့ အားလုံး သိကြပါတယ်။ ကမ္ဘာ့ ကူးစက်လူနာ သုံးသန်းမှာ အမေရိကားက တစ်သန်းလောက် ကိုး။ သူတို့ သမ္မတကို ဘာပြောကြလဲ ထရန့်ဟာ စီးပွားရေးဘက်ကို အာရုံပိုစိုက် တတ်သူ ဖြစ်လို့ ဒီတစ်ချက် လွတ်သွားတာ ဖြစ်နိုင်သတဲ့။
၄။ မောင်လေးကို မင်းသေချာ အားမရှိသေးရင် ခွင့်လက်ကျန် ရှိသေးတယ် မလား အလုပ် မဆင်းနဲ့ အိမ်မှာနေအုံး လို့ ကိုယ်က ပြောတော့။ (ခွင့် လက်ကျန် မရှိဘဲ stay at home နေရင် နောက် အလုပ် အသစ် ရှာတော့ ပဲ) ထရန့် အစိုးရ ကို ကူရတော့မယ်။ စီးပွားရေးဘက် မှာ အစိုးရက တအား အထိနာ နေပြီ သနားပါတယ် ကူရ မှာပေါ့တဲ့။
အမေရိကန် နိုင်ငံသား တစ်ယာက် အနေနဲ့ မောင်လေးက အတည် ပြောနေတာနော်။ စီးပွား ဆက်စပ် တွက်ချက်ပြတာတွေ အများကြီးပဲ ရှည်သွား မစိုးလို့ မဖော်ပြတော့ဘူး။
သူတို့တိုင်းပြည်က ထိပ်သီးနိုင်ငံပါ။ သူတို့ သမ္မတ နဲ့ အစိုးရ အဖွဲ့ မှာလည်း အမှားအယွင်း များစွာ နဲ့ပါ။ သူတို့ တိုင်းပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာ ထိပ်တန်း မှာ ရှိနေပါတယ်။ ကပ်ဘေးဟာ ဆင်းရဲ ချမ်းသာ ဖွံ့ဖြိုး နိမ့်ကျ မရွေး တစ်ကမ္ဘာလုံးကို ကူးစက်နေတာပါ။
သူတို့ ပြည်သူ တွေ ဘယ်လို သဘောထား အမြင်နဲ့ရင်ဆိုင် ကြလဲ။ နိုင်ငံတိုင်းမှာ ကျန်းမာရေး ညွှန်ကြားချက် မလိုက်နာတဲ့ ငတုံးတွေ ရှိနေကြတာပဲ။ အရာရာ ကို အဆိုးမြင် ကန့်လန့်တိုက် နေသူတွေ တစ်ဖို့တည်း ထား စီးပွားရေး သမားတွေလည်း ရှိနေကြတာ ပါပဲ။ ဒါပေမယ့် ပြည်သူ အများစုဟာ အကောင်းဆုံး ဖောလိုဝါ လုပ်ပေးနေကြ လို့ပါပဲ။
ကိုယ်ကတော့ ကပ်ဘေးကာလ မှာ ကိုယ့် အစိုးရကို သိပ်ကျေးဇူးတင်ပါတယ်။ ကိုယ်ရောစိတ်ပါ ပူးပေါင်း ပါဝင်လာကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ၊စည်ပင်ဝန်ထမ်းတွေ မီးသတ်ရဲဘော်တွေ နဲ့ စစ်သားကြီး တွေကိုလည်း ဦးညွှတ် ပါတယ်။ ငွေ အလှူရှင်များနဲ့ လုပ်အား အလှူရှင် ဘော်လန်တီယာ တွေကိုလည်း လေးစားပါတယ်။
ကပ်ရောဂါ ဟာ လူသားဆန်တဲ့ ကမ္ဘာမှာ ကြာကြာ မနေ ပါဘူးလေ။
ခင်သန္တာ (၁.၅.၂၀၂၀)
Source : Khin Thandar FB