နည်းနည်းလေးမှ အတင့်မရဲလိုက်ပါနဲ့။ သူများတွေကို မပြောတော့ဘူး။ ကိုယ့်ထဲက လူတွေကိုပဲ ပြောတော့မယ်။ ပိန်းတဲ့လူတော့ ထိမှာပဲ။
ကျနော်တို့ဆီမှာ ဟိုပြည်နယ်ကဖွင့် ဒီပြည်နယ်ကဖွင့် နည်းနည်း ပြန်ဖွင့်တယ်။ လူနာတွေ ချက်ချင်း ပြန်များလာတာပဲ။
အခုပဲ ကိုဗစ်ခန်းထဲက ထွက်လာတာ။ ဦးဏှောက်ထဲ catheter ကို ပရော်ဖက်ဆာကထည့်တယ်။ကျနော်က နောက်က လုပ်စရာရှိတာလုပ်။ ဦးနှောက်ထဲ CT ရိုက် catheter တွေထည့် တော့ ယောင်နေတယ်။ဦးနှောက်ထိတယ်။ Stroke ဖြစ်တဲ့ ကိုဗစ်လူနာတွေလည်းရှိတယ်။

ပြီးခဲ့တဲ့ လတုန်းကလူနာတွေမှာ ဦးနှောက်ထိတာ မပါဘူး။ ဒီ ပရော်ဖက်ဆာ (Neuro Intensivist) ဦးနှောက် အာရုံကြော အရေးပေါ် အထူးကု အားနေခဲ့တာ။ အခုလူနာတွေကျမှ ဦးနှောက်ထိတာတွေ ပါလာတယ်။
နောက်တစ်ယောက်က ကိုယ့်ထက်တောင် ငယ်သေး။ ကိုယ့်ထက်တောင် ကျန်းမာသေး။ ECG ဆွဲတော့ ကိုယ်ပေါ်မှာ အဆီမရှိဘူး။ 6 PACK နီးနီး ရှိတဲ့ ဗိုက်သားနဲ့။ ကိုဗစ်ဟာ နှလုံးကိုတော်တော်ထိတယ်။ နှလုံးရပ်သေတဲ့ လူနာ မနည်းဘူး။
အနောက်နိုင်ငံက နံပါတ်တွေ နည်းလာလို့ အဟုတ်မမှတ်နဲ့။ မနေ့က ကျောက်ကပ်စက်ကို ဝင်လုပ်တော့၊ လူနာက ကိုဗစ်လို့ ရေးမထားဘူး။ သံသယလူနာလို့ပဲ ရေးထားတယ်။ စစ်ထားတာက မထွက်သေးလို့ စာရင်းမပါတာ။ ဒီလောက် လက္ခဏာတွေနဲ့ ဘာလူနာလဲဆိုတာ သိပြိးသား။တကိုယ်လုံး ရှိသမျအကုန်ဖုံး ပေါ့။
ဒီပိုးဟာ ကိုယ်တွင်းအင်္ဂါတွေကို ယောင်ယမ်းစေတယ်။ အဆုပ်ဆိုတာကတော့ ပြောမနေနဲ့။ အစက်တွေ တဝက်လောက်က အမည်းတွေချည်းပဲ။
တုပ်ကွေးပါကွာ ဆိုတဲ့ လူပိန်းတွေကို စက် ငါးလုံးလောက် တပ်ထားတဲ့ Induced coma လူနာတွေကို ခေါ်ပြလိုက်ချင်တယ်။ သူတို့ပိန်းတာ လူကောင်းတွေ ဒုက္ခရောက်တယ်။
သူများပိန်းတိုင်း လိုက်မပိန်းနဲ့။ ဆေးတွေ ဆိုတာက စမ်းတုန်း။ သူများယောင်လို့ လိုက်မယောင် ကြပါနဲ့။ တတ်နိုင်သလောက် အိမ်ထဲနေပါ။ အပြင်ထွက်ရင် မျက်နှာဖုံးတပ်ပါ။ လက်ဆေးပါ။ မျက်နှာ နားရွက် မကိုင်ရန်။ Second wave ဆိုတာ လူက လုပ်တာပါ။
မောင်ဝင်းဦး
Photo from Dr Yair