Skip to main content

လုပ်စား ဂိုဏ်း များ အကြောင်း သိစေရန် (ကိုယ်တွေ့ ဖြစ်ရပ်)

ကိုယ်တွေ့ဖြစ်ရပ် အများသိအောင် Share ပေးကြပါ လုပ်စားဂိုဏ်းများ အကြောင်း သိစေရန်။

အရင်ကတည်းက လူနဲနဲပြတ်ပြီး ကားနဲနဲရှင်းတဲ့နေရာတွေမှာ ဒီလိုလူတွေ ဂိုဏ်းဖွဲ့ပြီး လုပ်စားနေကြပါတယ်။ လက်ရှိ ကိုဗစ်ကာလ မှာနေ့လည်ပိုင်းတောင် လူရောကားပါ ရှင်းတဲ့နေရာ တော်တော်များလာတော့ ဒီလိုလုပ်စားဂိုဏ်းတွေအတွက် ခွင်ပိုကောင်းလာတယ် ဆိုရပါမယ်။

ကျနော်က ဗဟန်းမှာနေသာပါ။ မေ ... ရက်နေ့က အိမ်အပြန် မှန်းခြေ နေ့လယ်ပိုင်းပဲ ရှိပါသေးတယ်။ ရွှေဂုံတိုင် ဂုံးကျော်တံတားအောက်ကနေ SSCဘက်ကိုသွားတဲ့ လမ်းက နဲနဲလေးတော့ ကျဉ်းတယ်။ ဒါနဲ့ တံတားအောက်ခြေမှာ ဘောလုံးကန်တဲ့ လူငယ်လေးတွေလည်း ရှိပါတယ်။



အဲ့ဒီနားလည်းရောက်တော့ ဓါတ်ပုံထဲက လူက ကျနော့်ကားဘက်ကြည့်မှန်ကို တံတောင်နဲ့ တစ်အားရိုက်ချိုးပြိး(ပုံပါအတိုင်း) ကျနော်ကပဲ သူ့ကိုကားနဲ့ တိုက်မိ သလိုဖြစ်ပြီး အဲ့ဒီမှာ လူလိမ့်ပြီး အော်တော့
တာပဲဗျာ ။

ကျနော်လည်း ကားကိုချက်ချင်းရပ်ပြီး အဲ့ဒီလူနားသွားတော့ မလှမ်းမကမ်းမှာ ( ဗီဒီယိုဖိုင် ကြည့်ရန် ) စောင့်နေတဲ့ လူ၃ ယောက်ချက်ချင်းပြေးလာပြီး " လုပ်ကြပါ အုံး , ဘယ်လိုလုပ်လိုက်တာလဲ " အော်ပြောပြီး ဆေးခန်းသွားမယ်ချည်း လုပ်တာပဲ ။

ကျနော်လည်း ရုတ်တရက် ကြောင်ပြီး ဘောလုံးကန်နေကြတဲ့ လူငယ်တွေကလည်း အခင်းဖြစ်နေရာကို ကားတိုက်ပြီဟေ့ဆိုပြီး အော်ပြေးလာကြတယ်။ ဒါနဲ့ပဲ ကျနော်လည်း အဲ့ဒီလုပ်စားသူကို ကျနော်ကား ပေါ်ခေါ်တင်ဖို့ လုပ်ပါတော့တယ်။



အဲ့ဒီအချိန်မှာ အဲ့ဒီအခင်းဖြစ်နားအိမ်က လူတစ်ယောက် ထွက်လာပြီး ကမန်းကတန်း အကိုရဲစခန်းပဲသွားပါ လို့လှမ်းပြောလိုက်သာ ကြားလိုက်တယ်။ ကျနော်လည်း အဲ့ဒီနားက ဆေးခန်းကိုသွားတော့ ဆေးခန်းက ယာဉ်တိုက်မှုဖြစ်တဲ့ကိစ္စကြောင့် ဆေးရုံကြီးပဲသွားဖို့ တိုက်တွန်းပါတယ်။

ကျနော်တို့လည်း ဆေးခန်းက ပြန်အထွက် မိတ်ဆွေတစ်ယောက် ( ဖြစ်ဖြစ်ချင်း သတင်းပို့လိုက်တဲ့ ကျနော်ဖုန်းဆက်ထားတဲ့ မိတ်ဆွေတစ်ယောက် ) က ကျနော့်အနားလာပြီး အကိုကြီးလိုက်ခဲ့ဆိုပြီး သူပဲ ကားတတ်မောင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မောင်းလာခဲ့လိုက်တယ်။

လုပ်စားတဲ့ ငနဲက ချက်ချင်းရိပ်မိပြီး အကိုတို့က ဆေးခန်းမှ မဟုတ်တာဆိုပြိး ကြောင်သွားတယ်။ ရပ်/ကျေးရုံးရောက်တော့ ရပ်ကွက်လူကြီးတွေတစ်ချို့နဲ့ ရဲစခန်း သွားကြပါတယ်။



ရဲစခန်းရောက်တော့ စခန်းမှူးက နဲနဲမေးပြီး "ခင်ဗျား မျက်နှာကို ရင်းနှီးနေသလိုပဲ ဆိုပြီး Mask ချွတ်ခိုင်းလိုက်မှ

" ဟ... ဒီကောင်က ...ဟိုတစ်နေ့က Honda Insigh ကားနဲ့တိုက်မိပြီး လျောကြေး တောင်းထားတဲ့ ကောင်ပဲ " လို့ပြောလိုက်တော့မှ ကျနော်စိတ်ထဲ အတော် အံအားသင့်သွားခဲ့ပါတယ်။

ကျနော်ကိုတော့ ရဲစခန်းက အချက်အလက် တစ်ချို့ယူပြီး ပြန်ခိုင်းလိုက်ပါတယ်။ ကျန်တာတွေတော့ ဥပဒေအတိုင်းပဲ သွားမယ်လို့ မျှော်လင့်ပါတယ်။

CCTV video file ပေးပို့သူကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

Source : Soe Moe