Skip to main content

ညနက်မှ အိပ်တဲ့သူတွေ အိပ်ရေး၀အောင် မအိပ်တဲ့သူတွေ ကြုံတွေ့လာရမည့် အရာများ

ယခုပိုစ့်ကိုတော့ ညဘက်တော်တော်နဲ့ မအိပ်နိုင်တဲ့သူတွေ ဖတ်သင့်ပါတယ် ။ Aki ရဲ့ သူငယ်ချင်းတစ်ယောက် ညဘက်လုံးဝ မအိပ်ဘဲ မနက်ကျမှ အိပ်လို့သူ့ကိုတရားချရာကနေ ဒီ post ရေးဖြစ်တာပါ ။ Acc ထဲက လူတချို့လဲ မအိပ်ကြဘူးထင်တယ် Story တွေတင်ကြတာတွေတွေ့ လေ့ရှိလို့ Anyway, ကိုယ်သိသလောက် Knowledge ကို share ပေးချင်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့ မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှ အိပ်ကြတာများတယ် ။ အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။ အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။

တချို့က ဒီလိုတွေးတယ် " ညမအိပ်ဘဲ မနက်မှ အိပ်လဲ အိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲ လွဲတာ ဘာအလုပ်မှ မလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ ညမအိပ်ဘဲ မနက်မှအိပ်တာလဲ အိပ်ရေးမဝတာကို ဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့် အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစ ခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန် မပြောင်းဘဲ ဒီလိုပဲဆက်သွားနေရင်တော့ Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ။ Symptoms စပြရင်ယေဘုယျအားဖြင့် ခေါင်းအပိုင်းက စပြကြတာများတယ် ။ Memory Issues မှာဆိုရင် ညဘက်ဆို ကိုယ့် brain က သူ့ထဲ အသစ် ထပ်ထည့်ရမယ့် Information တွေ memory အသစ်တွေကို မှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။ အဲ့အချိန်တွေမှာညမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်း မမှတ်မိတာတွေ မေ့လွယ်တာတွေ ဖြစ်လာနိုင်တယ် ။ အာရုံစူးစိုက်မှုနဲ့ thinking ပိုင်းတွေမှာ အားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး ထစ်ကနဲရှိ စိတ်ကတို ၊ စိတ်ထဲဘယ်အရာမှ အချိုး မပြေဘူး။ မြင်မြင်သမျှ ကန့်လန့်ကြီးဖြစ်ပြီး စိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့ သူတွေဆိုရင် Anxiety, Depression တွေပါ ဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကတော့ ဆိုးကျိုးကရတဲ့ weight လို့ပဲ ပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေ တက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့Sleep Deprivation အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင် ကိုယ်ခံအားကိုလဲ ကျဆင်းစေတဲ့ အတွက် ရောဂါပိုးတွေ အလွယ်တကူဝင်နိုင်တယ် ။ ( တော်ကြာ Covid ကူးတာကြောင့်ဖျားတာမဟုတ်ဘဲ deprivation ကြောင့် ဝေဘာဂီ ရောက်ကုန်ကြမယ် သတိထား )

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေက နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိုစတဲ့ရောဂါတွေ ဖြစ်နိုင်တယ် ။ Sex Hormones တွေပွားနှုန်းကိုလဲ လျော့စေပါတယ် ။ Sleep Deprivation ဖြစ်တာ ကြာလာရင် ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်တယ် ။

ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအား မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။ အိပ်ရေးမဝရင် အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါ ဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတာပါ။ (Covid ကြောင့်မဟုတ်ဘဲ Stay home နေရင်းအိပ်ရေးမဝလို့ သေရင် လူကြားမကောင်းဘူးနော်)

ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။ လက်တွေ့example ပြရရင် အဲ့သူငယ်ချင်းက မနက် ၆ နာရီမှအိပ်သတဲ့။ ပြီးတော့ ဒီလိုအိပ်နေတာ ဟို Covid ပို့စတွေ့တဲ့ညကတည်းကတဲ့လေ ဦးနှောက်ချောင်ထွက်ပြီးမသေတာပဲ ကံကောင်း။ သူ့ကို ညဘက်စောစောအိပ်ဖို့ ဒီနေ့မှ သတိပေးဖြစ်တယ်။ But အကျင့်ပါနေတာ ၂ လတောင်ရှိပြီဆိုတော့ သူ့စိတ်ကိုက ဖြစ်နေတာ ၆ နာရီထိုးမှ အိပ်လို့ရတာ ဒီထက်စောပြီး အိပ်ချင်နေရင်လဲ အတင်း တင်းထားတယ်။

သူဖြစ်တဲ့ Sides Effect ကတော့ Brain အပိုင်းနဲ့ Emotion အပိုင်းပဲ ဖြစ်သေးတယ် ဆိုပေမယ့် ဒီအပိုင်းတွေကလဲ ကိုယ်ခန္ဓာအတွက် အရမ်းအရေးကြီးပါတယ် ။ ( သူဆို စာလုံးတွေ မေ့တာတွေ message ပို့ရင် type ချင်တာကတခြား ရေးမိတာက တလွဲတွေ ဖြစ်တယ် )

အခုလို စာအရှည်ကြီးကို အဆုံးထိ ဖတ်ပေးတာ ကျေးဇူးတင်ပါတယ် ။ ၁၂ နာရီ အလွန်ဆုံးထားပြီးအိပ်ကြပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

Credit : မူရင်းရေးသားသူ