Skip to main content

လေးစားစရာ လုပ်ရပ်နဲ့ စိတ်ဓာတ်ကြောင့် အွန်လိုင်းမှာ လူကြိုက် များနေတဲ့ အုပ်ချုပ်ရေးမှူး

ယခု သတင်းကို ( ကိုအေးမင်း ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကံတင်+ ဒေါ်ဝင်းရီ၊ သားကိုဆန်း+မမြမြသင်း၊ ကိုထွန်း+မသီတာစန်း မိသားစုမှ ကျွန်းဖိုပင်ရွာရှိ အိမ်ခြေပေါင်း ၂၀၀ ကျော်ကို တစ်အိမ်လျှင်ဆန် တစ်တင်းစီ လှူဒါန်းပါသည် (5-5-2020)။



အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ အခုလို မွန်မြတ်လှတဲ့ လုပ်ရပ်ကြောင့် အွန်လိုင်းမှာလည်း လူအများက ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ သာဓုသာဓုသာဓုပါဗျာ။



ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေသော ယခုလိုကာလမှာ ယခုကဲ့သို့ လိုအပ်သော အလှူဒါန ပြုလုပ်လူဒါန်းသော စေတနာရှင် မိသားစု ဒီထက်မက ဆထက်ထမ်းပိုး တိုး၍ လှူဒါန်းနိုင်ပြီး ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ကျတော်များ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



ယခုကဲ့သို့ ဂုဏ်ယူလေးစားဖွယ် လူဒါန်းမှုအစုစုကိုလဲ အများပြည်သူ သာဓုခေါ်နိုင်ကြစေဖို့ ယခုကဲ့သို့ ထပ်ဆင့်ဖော်ပြ ဂုဏ်ပြုအပ်ပါသည်။