Skip to main content

Covid-19 ရောဂါ အတွက် Remdesivir ဆေးကို အရေးပေါ် ကုသဆေး အဖြစ် အမေရိကန် FDA အသိအမှတ်ပြု

Covid-19 ရောဂါ အတွက် Remdesivir ဆေးကို အရေးပေါ် ကုသဆေး အဖြစ် အမေရိကန် FDA အသိအမှတ်ပြု

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Remdesivir ဆေးကို Covid-19 ရောဂါ ပြင်းထန်သူတွေကို ကုသဖို့အတွက် အမေရိကန် FDAက ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

သွေးတွင်းအောက်ဆီဂျင်ပမာဏအလွန်အမင်း နည်းပါးတဲ့ Covid-19 ရောဂါသည် ဒါမှမဟုတ် အသက်ရှူစက်လိုအပ်နိုင်တဲ့ Covid-19 ရောဂါသည်တွေမှာ သုံးနိုင်တယ်လို့ US FDA ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ US FDAအကြီးအကဲနဲ့ Gilead ဆေးကုမ္ပဏီ အရာရှိတို့ တွေ့ဆုံပြီး ဒီကြေငြာချက်ထွက်လာတာ ဖြစ်ပါတယ်။ Remdesivir ဆေးကို Gilead ဆေးကုမ္ပဏီက ထုတ်တာပါ။

Covid-19ရောဂါအပြင်းထန်ဆုံးလူနာတွေမှာ Remdesivir ဆေးကို အရေးပေါ်ဆေးအနေနဲ့ ပေးဖို့ US FDA က ဆုံးဖြတ်ချက်ချပေးခဲ့တာပါ။ ဒီဆေးကို ဆေးရုံတက်ရတဲ့ Covid-19လူနာတိုင်းအတွက် သုံးသင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီဆေးနဲ့ ကုတဲ့ လူနာတွေက မကုတဲ့ လူနာတွေထက် ပြန်လည်နေကောင်းနိုင်ခြေ ၃၁ ရာခိုင်နှုန်း မြန်တယ်လို့လည်း ဆိုထားပါတယ်။

ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် အသည်းအင်ဇိုင်းမြင့်တက်စေတာကြောင့် အသည်းဆဲလ် ရောင်ရမ်းခြင်း၊ သွေးပေါင်ကျခြင်း၊ ပျို့ချင်အန်ချင် စိတ်ပေါ်ခြင်း၊ ချွေးထွက်များခြင်းတို့ ဖြစ်နိုင်တယ်လို့လည်း US FDA က မှတ်ချက်ပြုထားပါတယ်။

Credit : Healthy Life Journal