Skip to main content

ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ကိုယ်တိုင် သွားရောက် ဝယ်ယူပေးခဲ့သူ

ဂေါ်ဖီထုပ်တောင်သူများကို ကူညီပံ့ပိုးခြင်း

ကျွန်မဖေဖေ ဦးအောင်ကိုဝင်းက ဝယ်ယူမယ့်သူမရှိလို့ ဖျက်ဆီးရတော့မယ် ဂေါ်ဖီထုပ် (၅) သိန်းကျော်ကို ဂေါ်ဖီထုပ်တောင်သူများတွေအား ကူညီဖို့အတွက် ကိုယ်တိုင်သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကားကြီးများနဲ့ ဖြန့်ဝေလှူဒါန်းနေပါတယ်။



ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ့်၊ တောင်ရိုးနှင့် ကယန်းတိုင်းရင်းသားတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ရေ (၅) သိန်းလောက် ရှိမယ်လို့ ခန်မှန်းတာကြောင့် ဖေဖေက ဝယ်ယူပြီး နိုင်ငံအနှံအပြားက အကျဉ်းထောင်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ မြင်းခြံ၊ ရမည်းသင်း၊ မော်လမြိုင်၊ အေးသာယာက မိဘမဲ့ဂေဟာများ နဲ့ အခြေခံပြည်သူတွေကို စနစ်တကျ ဖြန့်ဝေလျက်ရှိပါတယ်။



“တစ်ရက်တစ်ရက် စိုက်ထာခဲ့တာတွေ ဘယ်ပို့ရမှန်းမသိတော့ စိတ်မကောင်းဘူး။ ဘယ်ရောင်းရမှန်းလည်း မသိဘူး။ အခုတော့ နောက်ရာသီဆက်ပြီး ရင်းနှီးစိုက်ပျိုးဖို့ ကျွန်မ အရင်းလေး ရပါပြီ။ ” ဆိုတဲ့ တောင်ရိုးလူမျိုး တောင်သူတစ်ဦးရဲ့ ပြောစကားကို ကြားတဲ့အခါမှာ ကျွန်မ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့အခက်အခဲကို တတ်နိုင်သမျှ ကူညီလိုက်နိုင်လို့လည်း ပီတိဖြစ်မိပါတယ်။



တောင်သူတွေ လတ်တလော အဆင်ပြေစေဖို့အတွက်လည်း ဆန်( ၃)ပြည်၊ ဆီ(၁)ဗူး၊ ဆား(၁)ထုပ်၊ ကုလားပဲ (၅၀) ကျပ်သား၊ ငွေကျပ်တစ်သောင်းစီကိုလည်း ပေးဝေခဲ့ပါတယ်။



တောင်သူများရဲ့ အခက်အခဲကို ကိုယ်တိုင်ယာခင်ထဲဆင်းပြီး ကူညီပေးတဲ့ ဖေဖေနဲ့ COVID 19 စားနပ်ရိက္ခာထောက်ပံရေးကော်မတီ ( တောင်ကြီး) ကို ကျေးဇူးတင်ပါတယ်။

ကုန်ကားတွေ သက်ဆိုင်ရာမြို့တွေရောက်လာချိန်မှာ လိုအပ်နေတဲ့ အခြေခံပြည်သူများ လက်ထဲအရောက် ထပ်ဆင့်ဖြန့်ချီပေးတဲ့ မိတ်ဆွေများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။



ဒီလို ခက်ခဲတဲ့ကာလမှာ ကျွန်မတို့တတွေ တစ်ဦးကိုတစ်ဦး တတ်နိုင်သမျှ ကူညီရင်း အတူတကွ ဖြတ်ကျော်ကြမှာပါ။

Nang Lang Kham