Skip to main content

လာသမျှ သူတွေကို အနှောက်အယှက် ပြုနေတဲ့ ကျုံးဘေးက အမျိုးသမီး နှစ်ယောက်

ယခု သတင်းကို ( Kai Ra ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

တင်ရမလား မတင်ရမလား အကြိမ်ကြိမ်စဉ်းစားပြီးမှ တင်ပါတယ်… လူပုံတွေ မဖျက်ဘူးဆိုတာလဲ ရှောင်လို့ရအောင် သိအောင် တမင်မဖျက်ဘဲ တင်ပေးတာပါ….



ပုံပါ အမျိုးသမီး တစ်စုက ကျုံးဘေးစိတ်အပန်းဖြေပြည်သူများကို အရမ်းအနှောက်ယှက်ပြုနေပါတယ်ရှင့် ဆိုင်ကယ်နဲ့လာပါတယ် လူများတဲ့နေရာထိုးရပ်ပြီး ပထမတော့ နေကြာစေ့နဲ့ တစ်ရှူးဇွတ်ရောင်းပါတယ်…

ထိုင်နေတဲ့လူတွေကြားတွေ တိုးဝှေ့ပြီးရောင်းတာပါ ပြီးရင် မဝယ်ဘူးဆို ပိုက်ဆံတောင်းပါတယ်… ၁၀၀ ၂၀၀ လောက် သဒ္ဒါရင် ပေးခဲ့လို့ပြောတောင်းတာပါ… တမင်မပေးချင်လို့ အနုတ်မပါဘူး ဘာညာ ကြည့်ကျပ်ပြောရင် ဘယ်လောက်ပါလဲ ပါတာပေးအန်းမယ်အတင်းတောင်းပါတယ်…



လုံးဝကို မပေးနိုင်ဘူးဆို ယုတ်ညံ့စွာ ဆဲရေးတိုင်းထွာသွားပါတယ်…. ( ခြေအကောင်း လက်အကောင်း သန်သန်မာမာတွေပါ ) တောင်းစားရမယ့် အရွယ်လဲ မဟုတ်ပါဘူး… ဒါ့အပြင် သူများ personal တွေပါ စိတ်ဝင်စားပါတယ်

ယောက်ျားမိန်းမ အတူထိုင်နေတာမြင်ရင် ပေးစားပြောပါတယ် ဘယ်သူက ဘယ်သူ့ရည်းစားလဲ ဘာညာတွေရော မပေးမချင်းကို ရပ်ပြီး ပြောနေတာပါ ( သူတောင်းသွားသမျှကို လိုက်ပြီး ကြည့်ခဲ့တာပါ ) ပုံရိုက်တာတောင် မသိမသာလိုက်ရိုက်ရပါတယ် ( ကြောက်လို့ပါ ☹️ )



ညနေတိုင်း ၅ နာရီ ဝန်းကျင်ဆို လာတယ်လို့ တွေ့နေကျလူတွေက ပြောပါတယ်…. ဆရာတို့က်ု တင်ပြအပ်ပါတယ်ရှင့်

Edit – ဒီညနေပဲ စည်ပင်နှင့် ရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပြီး ထိုအမျိုးသမီးများကို ခေါ်ယူသွားပြီ သိရပါတယ်….



မြို့တော်အတွက် အမြဲအသင့်ရှိပေးတဲ့ MCDC တာဝန်ရှိလူကြီးမင်း ဆရာကြီးများကို အထူးကျေးဇူးတင် လေးစားရပါတယ်ရှင့်

Kai Ra