Skip to main content

ဆိုင်ကြီးတွေ ကျော်လာလို့ အလွယ်တကူပဲ တံခွန်တိုင် အဝိုင်းကွေ့နားက အောင်သိဒ္ဓိ ဆိုတဲ့ ဆိုင်မှာ ဆီဝင်ထည့်တာ

မနေ့က မန္တလေးအိမ်က ကားယူပြီး အပြင်ထွက်တော့ ဆီထည့်ပေးခဲ့ဆိုလို့ သွားရင်းနဲ့ ဆိုင်ကြီးတွေ ကျော်လာလို့ အလွယ်တကူပဲ တံခွန်တိုင် အဝိုင်းကွေ့နားက အောင်သိဒ္ဓိ ဆိုတဲ့ဆိုင်မှာ ဆီဝင်ထည့်တာ

အိမ်ကမှာလိုက်တာ ခါတိုင်းဖြည့်နေကျ ၂၀၀၀၀ ၂၅၀၀၀ အလွန်ဆုံးပဲတဲ့။ ဆီပန့်က စဆွဲကတည်းက တသောင်းကျော်။ ကြည့်ရင်း ကြည့်ရင်း ၃၀၀၀၀ ၄၀၀၀၀ ဖြတ်ခနဲ့ပဲ။ အဲ မဟုတ်တော့ဘူး တော်မယ်ပြောတော့မယ်ဆိုတော့ ၅၄၀၀၀ တဲ့ ဘောက်ချာတောင်းလာခဲ့တယ်။



အိမ်ကျ မောင်လေးက ဆီဖြည့်ခဲ့တယ် ၅၄၀၀၀ ဆိုတော့။ ဟေတဲ့ ညည်းဘယ်နှလီတာ ဖြည့်ခဲ့တာလဲတဲ့။ မသိဘူး ဘောက်ချာပါတယ်ဆိုပီး ပေးလိုက်တော့ Alphard တစီး တိုင်ကီအသစ်စက်စက်အပြည့်မှ 65 liters ပဲဆန့်တာ အဲ့ဆိုင်က နာမည်နဲ့လိုက်တာဗျ တိုင်ကီပါ ချဲ့ပေးတာနော် 79.18 liters တဲ့။

Alphard ရဲ့ spec နဲ့ ဘောက်ချာလေး ယှဉ်ကြည့်ကြဦး။ ဘာမှမဟုတ်ဘူး ဆိုင်ကောင်းလေး လာကြော်ငြာပေးတာ ငါဟဲ့ မန္တလေးသူ။



ဆိုင်ရှင်နဲ့သိရင် လက်တို့ပီး ပြောလိုက်ကြဦး ခရီးသွားတွေဆိုပီး တခါစံ စားနေပုံရတယ်
သံသရာကြောက်ပါလို့။

Aye Aye Aung