လူငယ်ဆိုတာ အချိန်ရှိတုန်း သင်ယူ လေ့လာနေရမယ်နော။ Share တာထက် ဒီကလေး ကို အားကျ အတုယူ လူငယ်တွေ ပိုဖတ်ဖြစ်အောင် လူပိုမြင် အောင် ပြန်ကူးတင်လိုက်ပါတယ်။
စာနဲ့ဓာတ်ပုံ credit to ရွှေတိုက်စိုး
ကလေးနာမည် က ရဲမင်းဖြိုး။ အိမ်နာမည် နဲ့ အရပ် ထဲ က အများခေါ်တာက ကလားလေး ရပ်ကွက်ထဲ ရဲမင်းဖြိုးဆို သိပ်မသိ။ ကလားလေးဆိုရင် အကုန်သိတယ် ၉တန်းဖြေပြီး ၁၀တန်းတက်မယ့် လူငယ်လေး။
တကယ်တော့ ကျနော်တို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းသားလေးပေါ့။ ကျနော်တို့ တံခါးပေါက် လုပ်ငန်းမှာ လူလိုရင် ကလားလေးကို ခေါ် ခိုင်းကွာ အဲ့ ကောင် လက်ယား လက်ယား လုပ်နေတာ ခေါင်းခေါက်ပြီး ခေါ်ခိုင်း ကွာ ဆိုပြီး မိန့် ကြားဖူးပါတယ်။ အလုပ်ရုံနေရာနဲ့ ကလားလေးတို့ အိမ်ကလည်း သိပ်မဝေးဘူးလေ။
တစ်ရက် အလုပ်က ဝန်ထမ်းတချို့ အလုပ်မလာတာနဲ့ ကြုံပါလေရော။ ကလားလေးကလည်း အလုပ်လုပ်တဲ့ နားရောက်လာတော့ ( တကယ်တော့ သူ့ဘဝမှာ UPVC တံခါးပေါက်ဆိုတာ ကြားလည်း မကြားဖူး မြင်လည်း မမြင်ဖူး ဒီလူတွေ ဘာတွေ လုပ် နေကြတာ လဲ ဆိုပြီး မြင်ဖူးတယ်ရှိအောင်ဆိုပြီး လာကြည့် တာ)

ဘုန်းကြီး မိန့် ထားတာလည်း သတိရတော့ ဟျောင့် ကလားလေး ငါ့ကို ဒီနေ့ ကူမှာလားဆိုတော့ `ဟုတ်´ ဆိုပြီး တစ်ခွန်းပဲ ပြန်ပြောတယ်။
အေးကွာ ကူမှာဆိုလည်း မင်းအိမ်ကိုသွားပြော ဒီနေ့ ဒီမှာ အလုပ်ကူမယ့်အကြောင်း မင်းအိမ်က ခွင့်ပြုရင်ပြန်လာခဲ့ ကွာ လို့ ဆိုတော့ ဟုတ် ဆိုပြီး ခပ်သုတ်သုတ်လေး ပြန်သွားလေရဲ့။
ကိုယ်လည်း အလုပ်ကများပြီး လူနဲနေတော့ ကလားလေးပြန်လာရင် ကူရင်တော့ အကောင်းသား ပဲ ဆိုပြီး သူ့ကို တောက်တိုမယ်ရ ခိုင်းလို့တော့ ရလောက်ပါရဲ့ ဆိုပြီး စိတ်ထဲ က တွေးနေတုန်းရှိသေး ဘောင်းဘီ တိုလေးဝတ်ပြီး ပြန် ရောက်လာပါရော။
မင်းအိမ်ကို သေချာရော ပြောခဲ့ ရဲ့ လားဆိုတော့ ဟုတ် ပြောခဲ့တယ် တဲ့။
အေးကွာ ငါ ကဖြတ်စက်မှာ အချောင်းတွေ ဖြတ်မယ် မင်းက အနောက်ကနေ အပြတ် စ ကို ကိုင်ပေး
အချောင်းရှည်တွေ စက်ပေါ် တင်ပေးပေါ့။ ဘယ်လိုဘယ်လိုပေါ့ ဆိုပြီး လုပ်ကြတော့။
ဘယ်နေ့ ကတည်း က ဘယ်လိုလာကြည့်ထားတယ်မသိ။ ကိုယ့် ရဲ့ အမြဲ တမ်းဝန်ထမ်းတွေ လုပ်သလိုဘာပြီးရင် ဘာဖြစ်မယ် ဘယ်လို ကိုင်ရမယ် UPVC အချောင်းတွေ ကို စက်ပေါ် တင်တဲ့ အခါ အမှောက် အလှန် က အစ အကုန် ကွက်တိ။ ကိုယ်တောင် နဲနဲ မျက်မှောင် ကျုံ့ သွားတယ်။ ဒီကောင် ဘာလားပေါ့။
အဲတာနဲ့ ၂ယောက်သား တစ်နေ ကုန် ဖြတ်လိုက်တာ တော်တော်လေး အလုပ်ပြီးသွားတယ်။ ညနေ အလုပ် နားချိန်ရောက်တော့ ရော့ မုန့်ဖိုးဆိုပြီး တော့ ၄၀၀၀ ပေး လိုက်တယ်။
ဟေ့ ကလားလေး မနက်ဖြန် လာဦးမှာလားဆိုတော့ ဟုတ် လာမယ်တဲ့။ အေးကွာ လာခဲ့ ငါတို့ကို ကူပေးဆိုတော့ ' ဟုတ် ' ဆိုပြီး ပိုက်ဆံ ၄ထောင် ယူပြီး ပြုံတုံ့ ပြုံးနဲ့ ပြန်သွားပါရော။
နောက်ရက် အလုပ်သွားလုပ်တော့ ဒင်းက ကိုယ့် ထက် အရင် ရောက်နှင့်နေပြီ။ အံမယ် တကယ်လာတယ်ဟ ဆိုပြီး နဲနဲ ထူးဆန်းသွားတယ်။ စိတ်ထဲမှာ မလာလောက်ဘူး ထင်ထားတာ။
အလုပ်တွေ လုပ်ကြတော့ သူ့ထက် အကြီးတွေ စက်က ကျလာတဲ့ ဖြတ် စ အချောင်းတွေ တံခါးခွေ တွေ ဟိုနားရွှေ့ ဒီနားပုံနဲ့ အကုန်လုံးရဲ့ ကြက်ဥ ဘဲဥလေးပေါ့။ တောက်တိုမယ်ရ အကုန် လုပ်ပေးရှာတယ်။ သူအားနေတဲ့ အချိန် လူကြီးတွေ စက်ကိုင်တာတွေ ခလုပ်နိပ်တာတွေ အကုန် လိုက်ကြည့်တယ်။ ဘာပြီးရင်ဘာ ဆိုတာလိုက်မှတ်တယ်။ တကယ်တမ်းက သူ့ကို ဘယ်သူမှ သင်မပေးပေမယ့် သူ့ဟာသူ အမြင် နဲ့ သင်ယူနေတာပါ။
စက်ကိုင်နေတဲ့ လူကြီးတွေ ရေသောက် သေးပေါက် လုပ်တဲ့ အချိန် သူက အားနေတဲ့စက်မှာ တံခါးပေါက်တွေ ဝင်လုပ်ပါလေရော။
ဟျောင့် ကလားလေး ဖြစ်လို့လား ဆိုတော့ ဟုတ် ဖြစ်တယ်ဆိုတော့။ အေး လုပ်ကွာ ငါ ဘေးက ကြည့်ပေးမယ်ဆိုပြီး လုပ်တော့ အကုန်လုံး step by step ကွက်တိ။ အံမယ် တယ်ဟုတ်ပါလား ပေါ့။
ကလားလေး မင်း ဒီ တံခါးပေါက်တွေ ဆက်မှာလားဆိုတော့။ ဟုတ် ဆက်မယ် ဆိုတော့ သူ့ကို စက် က ဘယ်လို ဘယ်ခလုပ်က ဘယ်လို ဘယ်အစိတ်အပိုင်းက ဘယ်လို ဆိုပြီး အသေးစိတ် သင်ပေး ပြပေး ပြီးရင် လုပ်ငန်းခွင် အန္တရာယ်တွေ ပြောပြ လုပ်ငန်းမှာ safety ဘယ်လိုအရေးကြီးကြောင်း Do and Don't တွေ ပြောပြ။
ပြီးတော့ ကိုယ် တာဝန်ယူတဲ့ အပိုင်းမှာ ဘယ်ချိန် ဘယ်နေရာလေးတွေ ဂရုစိုက်ပြီး လုပ်လိုက်ရင် နောက် ဆက်လုပ်မယ် process မှာ ဘယ်လို အကျိုးရှိကြောင်း။ ဘာမလုပ်လိုက်ရင် နောက်လုပ်ငန်းစဥ်မှာ ဘယ်လို error တက်နိုင်လဲ ဆိုတာတွေ ကိုယ့်ရဲ့ ထုတ်ကုန် QC ဘယ်လို ကောင်းလာကြောင်း အကုန်ရှင်းပြ ပြီး နေ့ခင်းဘက် သူ့ကို တံခါးတွေ ခွေ ခိုင်းလိုက်တယ်။
လုပ်ငန်းအတွေ့အကြုံ မရှိတော့ အလွဲလေးတွေ ရှိတယ်။ မှားသွားတဲ့ အကြောင်း လွဲသွားတဲ့ အကြောင်း ချက်ချင်း report လုပ်တယ်။ ဘာလို့ ဖြစ်တာလဲ ဆိုတာကိုမေးတယ်။
ဘာကြောင့် ဘယ်လိုလွဲသွားတယ် ဘယ်နေရာကိုဘယ်လိုလေး ပြန်လုပ်လိုက်ရင် ဆိုတာ solution ပေးလိုက်တယ်။ ပုံစံတူ အမှား ထပ်မဖြစ်တော့ဘူး တည်တည်ညိမ်ညိမ်ပဲ ဆက်လုပ်လုပ်တယ်။
ည ဆိုင်း ဆင်းမလားဆို မငြင်းဘူး ညဆိုင်းပါလာကူပေးတယ်။ ကိုယ့်စိတ်ထဲ မှာ သြော် ဒီကောင် နေ့တွက်ကိုက်တော့ လာလုပ်နေတယ်လို့ပဲ မှတ်တာ။
တစ်ရက် အလုပ်သိမ်းပြီး ညနေဘက်ကြီး မိုးတွေ ရွာပါလေရော။ နောက်ရက် ကိုယ်မျှော်လင့်ထားသလို တချို့ အပြင်မှာထားခဲ့တဲ့ ပစ္စည်းတွေ မိုးစိုကုန်ပြီမှတ်နေတာ။ အလုပ်ရုံရောက်တော့ ထင်ထားသလိုမဟုတ် အကုန်အမိုးအောက် ရောက်နေတာ။ မေးကြည့်တော့ မိုးရွာတော့ ကလားလေး ပြေးလာပြီး သိမ်းပေး ထားတာ တဲ့။
OMG အံ့သြ ပြီးရင်း အံ့သြရင်းပါ့။ အလုပ်အပေါ် မှာလည်း တကယ်ကို စေတနာထားတယ်ဆိုတာ ပေါ်လွင်တယ်။ သူ့မှာ talent ရှိတယ်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ကို believe in ပေးသွားတာပါ။
ကျနော်တို့ကို ရက်တိုတိုလေးအတွင်း မှာ သူလုပ်နိုင်တယ် i can do ဆိုတာ ကို လုပ်ပြသွားတာပါ။ အသက်အရွယ်နဲ့ မလိုက်အောင်ကို တက်ကြွပြီး သင်ယူလိုစိတ် အပြည့်ရှိတဲ့ လူငယ်လေးပါ။ ရတဲ့ နေ့တွက် တွေ ကို အိမ်ပြန်ပေးပြီး ကျောင်းဖွင့်ရင် သုံးဖို့ ကျောင်းစရိတ် စုနေတယ်ဆိုပဲ ( လုပ်အားနဲ့ ထိုက်တန်လို့ လူကြီးတစ်ယောက် ရဲ့ လုပ်ခ နေ့တွက် ကို တိုးပေး ထားတာ )။
အရင်ရက်က ကြက်ဥ ဘဲဥလို သဘောထားတဲ့ ကလေး။ အခု ရက်ပိုင်းအတွင်း ကြက်ဖ ဘဲဖ ကြီး ဖြစ်သွားပြီ။ အလုပ်ချိန်ကို လေးစားတယ် သင်ယူတယ် တာဝန်ယူတယ် တာဝန်ကို တိတိကျကျ ထမ်းဆောင်တယ် ပျော်ပျော်ရွှင်ရွှင်နေတယ် အမှားကို ဝန်ခံတယ် မသိတာကို မသိကြောင်း ဝန်ခံတယ် မေးတယ် အမှန်ပြင်တယ် သူ့ကြောင့် team work ပုံစံ အပျက် မခံဘူး ကြိုးစားလုပ်တယ် လာဘ်မြင်တယ်။
တကယ်ကို ချီးကျူးမှု နဲ့ ထိုက်တန်တဲ့ ဆယ်ကျော်သက်လေးပါ။ နွေရာသီကျောင်း ပိတ်ရက်မှာ PUBG တို့ Mobile Legends တို့ ဆော့ပြီး အချိန်ကုန် နေတဲ့ ဆယ်ကျော်သက်တွေ ထက် တော့ အများကြီး တန်ဖိုးရှိတဲ့ ကလေးပါ။ တချို့ လူကြီး တွေထက်လည်း တန်ဖိုး ရှိပါတယ်။
ကျနော်ကတော့ သူ့ကို အလုပ်ခိုင်းရခြင်း ထက် အလုပ်အပေါ်မှာ တတ်ဖိုးထားတတ်တဲ့ သူတစ်ယောက်ကို အတတ်ပညာ တစ်ခု သင်ပေးလိုက်ရခြင်း အတွက် ဝမ်းသာ ပီတိ ဖြစ်မိတယ်။ ချီးကျုးမှုနဲ့ တကယ်ကို ထိုက်တန်တဲ့ ဆယ်ကျော်သက် ကလေးပါ။
မြန်မာပြည်မှာ သူ့လို လူငယ်လေးတွေ ရှိလိမ့်မယ်လို့လဲ မျှော်လင့်မိတယ်။ အများကြီးလည်း ရှိပါစေ လို့လည်း ဆုတောင်းပါတယ်။
မေတ္တာဖြင့် မျိုးကြီး