Skip to main content

မြစ်ကြီးနား ဆေးရုံကြီးကို ပြည်သူ့ဆေးရုံကြီးလို့ ခေါ်ထိုက်ပါပြီ

မြစ်ကြီးနား ဆေးရုံကြီးကို ပြည်သူ့ဆေးရုံကြီးလို့ ခေါ်ထိုက်ပါပြီ။ ဘာလို့ဆို ပြည်သူပြည်သားတွေ အတွက် ငဲ့ညှာပေးလို့ပါ။

မနောကွင်းရှေ့မှာ ကားက ဆိုင်ကယ်ကို ဝင်တိုက်ပြီး လက်ကျိုးသွားတဲ့ လူနာကို ခွဲစိတ်ကုသပေးပြီး ချို့တဲ့တယ်၊ အလျော်လဲ မရဘူး၊ ကားယာဉ်မောင်းက ဆေးရုံတောင် မပို့ပေးဘဲ ထွက်ပြေးသွားတယ်ဆိုလို့ ပုံမှန်ဆို တစ်သိန်းကျော် ကျသင့်မဲ့ ခွဲစိတ်စားရိတ်၊ ဆေးရုံ စားရိတ်တွေကို မယူတော့ဘဲ ရန်ပုံငွေသာ အလှူငွေ ထည့်ဝင်သွားပါလို့ ပြောလို့ နှစ်သောင်းခွဲ ပဲ ကုန်ကျခဲ့ပါတယ်တဲ့။



လက်ကောက်ဝတ် တစ်ခုလုံး ပြုတ်ပြီ တွဲလောင်းကျနေလို့ သံချောင်းနဲ့ ဆွဲထားရတာပါ။ အရိုး ပြန်ဆက်သွားအောင်။ ကျေးဇူးတင်ပါတယ်။ မြစ်ကြီးနား ဆေးရုံကြီး ။

ခုလိုမျိုးပဲ ချို့တဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးတာ ကြားသိရတော့ အလွန်အမင်း ဝမ်းသာပီတိဖြစ်ရ လွန်းလို့ အားလုံးသိရအောင် ရှယ်ပေးလိုက်ရပါတယ်နော်။

ပေးပို့သူ - မြစ်ကြီးနား ဆေးရုံကြီးမှ ဆရာဝန်များအား အထူးကျေးဇူးတင်ပါတယ်ဆိုတဲ့ လူနာ။ မိတ်ဆွေတို့လဲ အတွေ့အကြုံကို မျှဝေပေးပါအုံးရှင်။

Source : မြစ်ကြီးနားလမ်းညွှန်- Myitkyina Directory