ထိုင်းစတိုင် ငါးဆားအုံမီးကင် ဆိုင်တွေမှာ ဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာ လုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော်

ထိုင်းစတိုင် ငါးဆားအုံမီးကင်
နှစ်သက်ရာ ငါးတစ်ကောင်ကို ကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲက အရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။
ထုထားသော စပါးလင်နဲ့ ရှောက်ရွက် အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့ အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့် ရေအနည်းငယ် တို့ကို စေးလာသည်အထိ နယ်ပြီး ငါးရဲ့နေရာအနံ့ကို သုတ်လိမ်းပေးပါ။

ပြီးရင် ၁၅ မိနစ်ခန့် လေသလပ်ခံပေးပါ။ ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက် လှန်ပြီး မိနစ် ၃၀ ခန့် ကင်ပေးရပါမယ်။ အချိန်ပြည့်လို့ ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီး အတွင်းမှ အသားဖြူဖြူလေးကို စားလို့ရပါပြီ။
အတော်လေး ကောင်းမွန်တဲ့ ငါးဆားအုံလေးပါရှင့်။ အချဉ်ရည် ဖျော်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့် ထည့်မွှေကာ တွဲဖက် စားသုံးနိုင်ပါတယ်။
Credit : Thai Page