မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပေါက်ရောက်ပါသည်။ဒန့်သလွန်သီးကို ချဥ်ရည်ဟင်းအဖြစ်လည်းကောင်း၊ အရွက်ကို ဟင်းချိုအဖြစ်လည်းကောင်း ချက်စားကြသည်။ ဒန့်သလွန် အရွက်၊အသီး၊အပွင့်၊အမြစ်၊အခေါက် တို့ကိုတိုင်းရင်းဆေးအဖြစ် နိုင်ငံတော်တော်များများတွင် အသုံးပြုကြပါသည်။ မြန်မာဆေးကျမ်းများတွင်် ဒန့်သလွန်သည် အနည်းငယ်ချို၍ ဖန်သော အရသာရှိ၏။ ကြေလွယ်၏။ နှုတ်ကိုမြိန်စေ၏။ ဝမ်းမီးကိုတောက်စေ၏။ လေ၊သလိပ်၊သည်းခြေကိုနိုင်၏။ အပူနာ၊ရောင်ရမ်းနာတို့ကိုနိုင်၏။ မျက်စိကိုအကျိုးပြု၏ ဟုဖော်ပြပါသည်။
အရွက်
၁။ဒန့်သလွန်ရွက်၊ကြက်သွန်ဖြု၊ ပတဲကောမြစ်၊မိသလင် ဟင်းခါးချက်သောက်သော် အမျိုးသမီးရောဂါများအတွက် ကောင်း၏။
၂။ဒန့်သလွန်ရွက်နှင့်ကြက်သွန်ဖြူ ဟင်းချိုချက်သောက်သော် သွေးတိုးကျ၏။

အမြစ်
၁။ဒန့်သလွန်အမြစ်ကို ထုထောင်းကြိတ်ခြေ၍ အရည်ညစ်ကာ စာပွဲဇွန်းတစ်ဇွန်းသောက်ပါက အသံဝင် ၊ အသံကပ် ၊လည်ချောင်းနာ ပျောက်ပါသည်။
၂။ဒန့်သလွန်မြစ်နှင့်မုန်ညင်းစေ့ ဆတူရောကြိတ်ပြီးရေတွင် ၂နာရီကျော်မျှစိမ်ကာ စားပွဲဇွန်းတစ်ဇွန်းသောက်ပါက အစာမကြေ ၊ ဝမ်းဖောဝမ်းရောင် ရောဂါပျောက်ပါသည်။
၃။ဒန့်သလွန်မြစ်ကြိတ်ရေနှင့် ချင်းကြိတ်ရေ ရောသောက်ပါက ပန်းနာရောဂါ ပျောက်ပါသည်။
၄။ဒန့်သလွန်မြစ်မှုန့် နှင့် ပရန္နဝါ မြစ်မှုန့် ဆတူရော၍ ပျားရည်နှင့် စားသော် အင်အားပြည့်ဖြိုး ခွန်အားတိုးပြီး အသက်ရှည်စေပါသည်။
၅။အမြစ်ကိုကြိတ်၍ ရောင်းရမ်းခြင်းများအတွက် စည်းပေးနိုင်ပါသည်။
၆။အမြစ်ကြိတ်ရည်ကို ဆီချိုရောဂါအတွက်လည်းအသုံးပြုနိုင်ပါသည်။
အသီး
၁။ဒန့်သလွန်သီးကို ဟင်းချက်ကျွေးပါက ကလေးများ သန်ကောင် ၊ တုတ်ကောင်များ ကင်းရှင်းစေပါသည်။
အစေ့
၁။အစေ့သည် ခေါင်းကိုက်ခြင်းကိုပျောက်ကင်းသက်သာစေပါသည်။
၂။အစေ့ကို စားသုံးပေးခြင်းဖြင့် သွေးတွင်းအဆီဓါတ်ကို လျော့ချပေးပါသည်။
၃။အစေ့ကို အမှုန့်ပြု၍ နားကိုက်ခြင်း ၊ နားပြည်ယိုခြင်းများ အတွက်အသုံးပြုနိုင်ပါသည်။
၄။ အစေ့ကို ကြိတ်၍အဆီထုတ်ပြီး အနာပေါက် နှင့် ယားနာအမျိုးမျိုး အတွက် လိမ်းပေးနိုင်ပါသည်။
အပွင့်
၁။အပွင့်ကို ဖောရောင်ခြင်း အတွက်ဆေးဖော်စပ်ပြီး သုံးနိုင်ပါသည်။
အခေါက်
လတ်ဆက်သော ဒန့်သလွန်အခေါက်ရည်ကို နားထဲထည့်ပေးသော် နား နာကျင်ကိုက်ခဲခြင်း ၊ နှားပြည်ယိုခြင်း များကို ပျောက်ကင်းစေပါသည်။

ဒန့်သလွန်၏စွမ်းပကား - ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူ ခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ် တတ် သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။
သွေးတက်နှင့်သွေးတိုး - နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေး ပါက သွေး တိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်း ပါ သည်။
သန်ကောင်နှင့် ဒန့်သလွန်သီး - သန်ရှိပြီး ဗိုက်ပူ နံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များသေကြေကုန်ကြပါတယ်။ ဒီနည်း ဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ် ပါတယ်။
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း) - ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်း ပါတယ်။
နားကိုက်၊ နားအူ - အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင် သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများ ကို ပျောက်ကင်းသက်သာစေပါတယ်။
ပါးစပ်မှ နံခြင်းအတွက် - ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများ မှ သွေးယိုခြင်းများ အတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသော အစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေး ရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေး ယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ခေါင်းအုံ၊ ဇက်လေး - ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ် သန့် သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါ များ ပျောက်ကင်းစေတယ်။
နို့ထွက်ဆေး - မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည် များ ဖြိုင်ဖြိုင်ထွက်လာပါ တယ်။
ပန်းသေ၊ ပန်းညှိုး - ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့် ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။
ကိုးကား ၊ မြန်မာ့စွယ်စုံကျမ်း