Skip to main content

ကိုယ်ပိုင်ဟန်လေးနဲ့ ကြိုးစားပြီး အောင်မြင်လာတဲ့ ဖြူဖြူထွေးကို အားရ ကျေနပ်မိတယ်ဆိုတဲ့ တင်မိုးလွင်

တင်မိုးလွင်ကတော့ ဟိုးအရင်အချိန်ကတည်းကနေ အခုချိန်ထိ စမတ်ကျတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်တဲ့အပြင် ထက်မြက်တဲ့အတွေးအခေါ်တွေနဲ့ မိန်းကလေးတိုင်းစံထား သင့်တဲ့မော်ဒယ်လ်တစ်ယောက်ပါ။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မြန်မာအမျိုးသမီး တွေအတွက် စမတ်ကျကျနေတတ်စေဖို့နဲ့ အတွေးအခေါ်ကောင်းတွေကို စဉ်ဆက်မပြတ်မျှ ဝေပေးနေသူပါ။

ဒီတစ်ခေါက်မှာတော့ လတ်တလော ပရိသတ်ရဲ့အချစ်တော်ဖြစ်လာတဲ့ ဖြူဖြူထွေးနဲ့ပတ် သ က်ပြီး ရင်ထဲမှာ အားရကျေနပ်မိတဲ့အကြောင်းကို မျှဝေလာပါတယ်။ ” အသားဖြူဖြုအညာသူ လေး… ကျမတို့ T&M နဲ့ MMDC တို့ပူးပေါင်းတဲ့ တင်ဆက်မှုသင်တန်းမှာ သူ ပါခဲ့တယ်…အမြဲတမ်းပြုံးနေ၊ ရယ်နေတာ သူမရဲ့အကျင့်ပါ…



အဆို၊အက၊လူရွှင်တော်၊ သရုပ်ဆောင်တာ တွေ ဝါသနာအလွန်ပါကြောင်း သူမပြောပြလို့ သိရတယ်…အနုပညာလောကထဲကို ဖြေးဖြေးမှန် မှန်၊ ဖြူဖြူစင်စင် လျှောက်လှမ်းဖို့နဲ့ ပရိသတ်တွေရဲ့သဘောထားကိုကျမပြောပြခဲ့တယ်… နောက်ပိုင်းမတွေ့ဖြစ်ကြတဲ့အချိန်မှာ သူမကိုအောင်မြင်စေချင်လို့ အကြံဉာဏ်တစ်ချို့ကို လည်း မက်ဆင်ဂျာကနေရေးပို့ခဲ့တယ်…

သင်တန်းတွေပြီးလို့ နှစ်တွေကြာမှ ယူနီကုဒ်သံတမန်တွေအနေနဲ့ တစ်ခေါက်ပြန်တွေ့ကြ တာပါ… ကိုယ်ပိုင်ဟန်လေးတွေနဲ့ ကြိုးစားအောင်မြင်လာလို့ တကယ်ကိုအားရကျေနပ်မိ ပါတယ်… ဆက်လက်ပြီးလည်း မှန်ကန်စွာလျှောက်လှမ်း အောင်မြင်ပါစေ သမီးရေ” ဆိုပြီး ဖြူဖြူထွေးနဲ့ ကြုံဆုံဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေကို မျှဝေခဲ့ပါတယ်။



ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ ရိုးသားမှုနဲ့ မွန်မြတ်တဲ့စိတ်ထားတို့ကြောင့် အမာခံပရိ သတ်အင်အား တဖြည်းဖြည်းတိုးများလာတဲ့အနုပညာရှင်တစ်ယောက်ပါ။ တီချယ်တင်မိုး လွင်ကတော့ ဖြူဖြူထွေးရဲ့ အောင်မြင်လာမှုနဲ့ ပတ်သက်ပြီး အားရကျေနပ်မိကြောင်း ရေးသား မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…

Credit : Rainbow- Cele Gabar