Skip to main content

ဗိုလ်ချုပ်ပုံပါ (၅၀၀) တန် ငွေစက္ကူ အသစ်တွေကို ဒီနေ့ စလဲပေးပြီ

ယခုသတင်းအား O Media ဖေ့ဘုတ် Page မှတဆင့် ပြန်လည် မျှဝေဖော်ပြပေးခြင်း ဖြစ်သည်။

ဇူလိုင်(၂၁)ရက်၊ ၂၀၂၀။

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ (၅၀၀)တန် ငွေစက္ကူတွေကို ဒီနေ့ ဇူလိုင်လ(၂၁) ရက်နေ့ကစပြီး မြန်မာ့စီးပွားရေးဘဏ်တွေမှာ စလဲပေးနေပါပြီ။



အဲဒီငွေစက္ကူကို (၇၃)နှစ်မြောက်အာဇာနည်နေ့မှာ စဖြန့်မယ်လို့ ဗဟိုဘဏ်ကကြေညာခဲ့တာဖြစ်ပြီးရုံးပိတ်ရက်တွေကြောင့် ဒီနေ့မှ စလဲပေးနေတာဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄)လွတ်လပ်ရေးနေ့ကလည်း ဗိုလ်ချုပ်ပုံပါ(၁၀၀၀)တန်ငွေစက္ကူတွေကိုစဖြန့်ဝေခဲ့ပါသေးတယ်။



Source & Photo : Kyaw Htet Aung (O Media)