Skip to main content

နေရာတကာ ယာဉ်တိုက်မှု ဖြစ်တိုင်း ကားသမားအလွန် ကားသမား အပြစ်လို့ မပြောပါနဲ့ဗျာ

ဓါတ်ပုံတွေရိုက် ဆယ်ဖီတွေဆွဲ လမ်းလယ်ခေါင်းမှာ လမ်းလယ်ခေါင်မှာ တခါတလေ အုပ်စုလိုက်ကြီး ပွမ်ပွမ်လုပ်လဲ လုပ်လုပ်ပဲ အေးဆေးရယ် ရပါသေးတယ်ဆိုတဲ့ အထာနဲ့ ချက်ချင်းရှောင်မယ် မထင်နဲ့ ဖြည်ဖြည်းချင်းလေး ရှောင်တာ တချို့ဆို ပွတ်ကာ သီကာလေး တိမ်းတာဗျာ။

မြို့တိုင်းလိုလို နေရာတိုင်းလိုလို ဆယ်ဖီဆွဲကြတာ အလှပုံ‌လေးတွေ ရိုက်ကြတာ စတိုင်းအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ ရှိုးထုတ်ရတာ ဟန်မကျတော့ ပုံစံပြောင်း ပဲပေးနေရတာနဲ့ လမ်းမကြီးအတိုင်း လာနေတဲ့ကားတွေ ဆိုင်ကယ်တွေ သူတို့နဲ့ လားလားမှ မဆိုင် ရေးချာမဆိုင်။ အဲ့ တိုက်ကြည့်ပါလား ကားသမားအပြစ် ယာဉ်မောင်းအပြစ်ပဲ ပြောမှာ သိပြီးသား။

ကားလမ်းမ လမ်းလယ်ခေါင်းကြီးမှာ ဆယ်ဖီဆွဲနေတဲ့ သူတချို့ဟာ အပျော်တမ်းလေးတွေ ခံစားနေကြတာ။ မောင်းလာရတဲ့ ကားသမားတွေကတော့ မိသားစုဝမ်းစာအတွက် အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရတာ။ မိမိအသက်အပြင် သိန်းရာချီတဲ့ကား သိန်ရာချီတဲ့ ကုန်ပစ္စည်းတွေကိုပါ မထိခိုက် မပျက်စီးအောင် ဂရုစိုက်ရပြီး အဲ့လိုလမ်းပေါ်က ဓါတ်ပုံရိုက် ဆယ်ဖီဆွဲနေတဲ့သူတွေကိုပါ မထိခိုက်အောင်‌ ဂရုစိုက် မောင်းနေရတာ။

ဒီတော့ ဓါတ်ပုံရိုက်လိုက ရိုက်ပါ။ ဆယ်ဖီဆွဲလိုက ဆွဲပါ။ ကားလမ်းမပေါ်နဲ့ ယာဉ်တိုက်မှု ဖြစ်နိုင်တဲ့ နေရာမျိုးတွေကိုတော့ ရှောင်ပါ။ မရဘူး အဲ့နေရာမှ အဲ့နေရာကိုပဲ ဆယ်ဖီဆွဲချင်တာ ဆိုရင်လည်း အခြားနေရာထက် ဆယ်ဆလောက် ပိုဂရုစိုက်ပါ။

ကားသမားတွေ ဘဝကိုလည်း စာနာပါ နားလည်ပါ။ သူတို့နေရာလေး ခဏလောက်ဖြစ်ဖြစ် ဝင်လို့ခံစားကြည့်ပါ။ နေရာတကာ ယာဉ်တိုက်မှုဖြစ်တိုင်း ကားသမားအလွန် ကားသမားအပြစ်လို့ မပြောပါနဲ့ဗျာ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (7.7.2020)