Skip to main content

ပိဋိကတ်သုံးပုံ လုံး ကို အာဂုံဆောင်နိုင်တဲ့ အရှင်သူမြတ် တစ်ပါး ထပ်မံ ပေါ်ထွန်းလာပြီ

ယခု သတင်းကို ( State Counceller Office ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။

ပိဋိကတ် သုံးပုံစလုံး ကို အာဂုံဆောင်နိုင် သည့် သာသနာ့ အာဇာနည် အရှင်မြတ် တစ်ပါး ထပ်မံပေါ်ထွန်း လာကြောင်း ယနေ့( ဇူလိုင်၂၀ရက် )ကျင်းပ ခဲ့သည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူ ဒါန်းပွဲ မှ သိ ရသည် ။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပခဲ့သည့် ( ၇၂ ) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် အောင်မြင် တော်မူကြသည့် တိပိဋကဓရတိပိဋ ကကောဝိဒ ဘွဲ့ တံဆိပ်တော်ရ ကျောက်ပန်းတောင်း ဆ ရာတော် အပါ အဝင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ် တော်ကြီး ၌ ယမန်နေ့ နံနက် ၈ နာရီ က ကျင်းပခဲ့ခြင်းဖြစ်သည်။



အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ဗန်းမော်ကျောင်းတိုက် ဆရာတာ် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသော ဆရာ တော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့သလို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ကြည်ညို ခဲ့သည် ။

ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် အရှင်မြတ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် တိပိဋက မဟာဂန္ထဝင် နိကာယ်ကျောင်းတိုက်မှ “အရှင်ပညာဝံသာဘိဝံသ” ဖြစ်ပြီး အရှင်မြတ်အား နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့တံဆိပ်တော်နှ င့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူ ဒါ န်းခဲ့သည်။



အခမ်းအနား တွင် ပိဋကတ် နှစ်ပုံခွဲ အာဂုံအောင် မူလအာဘိဓမ္မကဘွဲ့ရ တစ်ပါး၊ ပိဋကတ် နှစ်ပုံအောင် ဒီဃနိကာယကောဝိဒဘွဲ့ရ ၂ ပါး၊ ပိဋကတ် နှစ်ပုံ အာဂုံအောင် ဒီဃဘာဏကဘွဲ့ရ ၄ ပါး၊ ပိဋကတ် တစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒဘွဲ့ရ ၅ ပါး၊ ပိဋကတ် တစ်ပုံ အာဂုံအောင် ဝိနယဓရဘွဲ့ရ ၂၄ ပါး၊ ဝိနည်း ပထမပိုင်း ရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒဘွဲ့ရ ၉ ပါး၊ ဝိနည်းပထမပိုင်း အာဂုံအောပူင် ဥဘတောဝိဘင်္ဂဓရဘွဲ့ရ ၆၀ တို့ကိုလည်းဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ကို ဆက်ကပ်လှူ ဒါန်းခဲ့သည်။

မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်မှ စ၍ နှစ်စဉ်မ ပျက်ကျင်းပပြီးစီး ခဲ့သည့် (၇၂) ကြိမ်အတွင်း ပထမဦးဆုံးသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက မင်းကွန်းဆရာတော်ကြီး အရှင်ဝိစိတ္တသာရာဘိဝံ သအပါအဝင် ယခုနှစ်ကျင်းပသည့်စာမေးပွဲ၌ ပိဋိကတ်သုံးပုံ အာဂုံဆောင်နိုင် သည့် ၁၅ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်သူမြတ် တစ်ပါး ထပ်မံပေါ်ထွန်းခဲ့ခြင်းဖြ စ်သ ည်။