Skip to main content

ပရိသတ်ကြီး အတွက် အိမ်မှာ နေရင်း ဈေးဝယ်လို့ရမဲ့ နည်းလမ်း ပေး လိုက် တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ရောဂါပိုးရန်ကို ကြောက်ပြီး အပြင်ထွက် ဈေးမဝယ် ဖြစ်တော့ တဲ့ ပရိသတ်ကြီး အတွက် အိမ်မှာ နေရင်း ဈေးဝယ်လို့ရမဲ့ နည်းလမ်း ပေး လိုက် တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ရိုးသား သွက်လက်ပြီး ပကာသနမရှိတဲ့ ဖြူဖြူထွေးကတော့ တစ်နေ့တခြား တိုးများလာတဲ့ အမာခံပရိသတ်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူ တစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနား၊ ကြော်ငြာရိုက်ကူးရေးစတာတွေမှာ အများဆုံးတွေ့မြင်လာရတဲ့အပြင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ကြော်ငြာလေးတွေကိုလည်း နေ့စဉ်နဲ့အမျှတွေ့မြင်ရမှာပါ။



ဒီတစ်ခေါက် မှာတော့ ဈေးဝယ်ရတာ ဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် အချိန် မကုန်၊ အလုပ်မရှုပ်၊ ကိုဗစ်ကြောက်စရာမလိုဘဲ အိမ်မှာပဲထိုင်နေရင်း အမျိုးစုံဝယ်လို့ ရတော့မယ့်အကြောင်းကို ကြော်ငြာလေးနဲ့ မျှဝေခဲ့ပါတယ်။ သူအမြဲကြော်ငြာပေးလေ့ရှိတဲ့ rgo47 ဈေးဝယ်အပလီကေးရှင်းကနေပြီးတော့ မကြာခင် မှာ Facebook Live လွှင့်ကာ ဈေးရောင်းချတော့ မှာဖြစ်ပြီး အစားအသောက်၊အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာ တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်တော့မှာပါ။

ဘာကြော်ငြာလေး ပဲ ရိုက်ရိုက် ကိုယ်ပိုင် ဇာတ်ညွှန်း၊ ဇာတ်အိမ်လေး နဲ့ ရိုက်တတ်တဲ့ ဖြူဖြူထွေးကတော့ ဒီတစ်ခေါက် မှာ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်သူ ဂွမ်းပုံကြီးနဲ့ ဒီကြော်ငြာလေး ကို ရိုက်ကူးကာ မျှဝေခဲ့ပါတယ် ။ ရောဂါပိုးရန်ကို ကြောက်ပြီး အပြင်ထွက် ဈေးမဝယ်ဖြစ်တော့တဲ့ ဈေးဝယ်ဝါသနာရှင်တို့အတွက် ဖြူဖြူထွေး ကြော်ငြာပေးလိုက်တဲ့ သတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit : Cele Gabar