Skip to main content

မြန်မာတစ်နိုင်ငံလုံး (၈) ခုမြောက် သီလရှင် စာသင်တိုက်ကို ကိုယ်တိုင် ဆောက်နေကြသော ဆရာလေးများ

မြင်းခြံမြို့တွင် မြဝတီ သီလရှင် စာသင်တိုက် တည်ဆောက် ဖွင့်လှစ်သွားမည်

မြင်းခြံ (ဇူလိုင် ၂၀)

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ အထက(၃) ကျောင်းအရှေ့ဘက် ၊မြင်းခြံမြို့ (GTC) ကျောင်းတောင်ဘက်၊မြင်းခြံမြို့ မြေလတ်ဂေါက်ကွင်း၏ အရှေ့မြောက်ဘက်တွင် မြဝတီ သီလရှင်စာသင်တိုက်ခွဲအား မြို့နယ်သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်အရ တည်ဆောက်လျှက်ရှိကြောင်းသိရသည်။



ယခုဆောက်လုပ်လျှက်ရှိသော မြဝတီ သီလရှင်စာသင်တိုက်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ရှိ မြဝတီ သီလရှင်စာသင်တိုက်မှ မြန်မာတနိုင်ငံလုံး(၈)ခုမြောက် ပရိယတ္တိစာသင်တိုက်တည်ထောင်၍ သီလရှင်စာသင်တိုက်ခွဲအဖြစ် မြင်းခြံမြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ



ယခုအခါအလှူရှင်များ၏ လှူဒါန်းမှုနှင့် ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ပြီးစီးကာ နောက်ထပ်ကျောင်းဆောင်သစ်များ ဆောက်လုပ်လျှက်ရှိကြောင်းသိရှိရသည်။



အဆိုပါ မြဝတီ သီလရှင်စာသင်တိုက်သို့ မြင်းခြံမြို့ အထက(၃) ကျောင်း တောင်ဘက်လမ်းမှ အရှေ့အတိုင်းသွားရပြီး မြေလတ်ဂေါက်ကွင်းမြောက်ဘက်တည့်တည့်မှ ကန်ရွာကျေးရွာသွား လမ်းဟောင်းအတိုင်း ဝင်ရောက်သွားနိုင်ကာ



မြဝတီ သီလရှင်စာသင်တိုက်အား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၂၆)ရက်နေ့တွင် စာသင်တိုက်ဖွင့်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်းသိရှိရပြီး အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူလှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရသည်။



09780870765 ဦးထွန်းဝင်းအောင် (မြင်းခြံ စည်ပင်) မှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ဇော်မင်းအောင်(မြင်းခြံ)