သူ့စည်း ကိုယ့်စည်း နားမလည်တာဟာ ယဥ်ကျေးမှု မဲ့တာပါဘဲ
ဒီကိစ္စ ထပ်မပြောချင်ပေမယ့် ကမ္ဘာပျက်သလို ဝိုင်းအော်နေကြတော့လည်း မပြောမပြီး မတီးမမြည် ဆိုတဲ့အတိုင်း ဒကာ ဒကာမတွေ သဘောပေါက်အောင် နားရှင်းအောင်တော့ ထပ်ပြောရလိမ့်ဦးမယ်၊ မန္တလေး ကမ်းနားလမ်း တာရိုးပေါက်တဲ့ကိစ္စနဲ့ ပက်သက်ပြီး ဆရာတော် ဦးဆေကိန်ကို ဝေဘန်လို့ဆိုပြီး တချို့ ဒကာ ဒကာမ တွေနဲ့ တချို့ကိုယ်တော်တွေက မကျေမနပ်ဖြစ်နေကြ တယ်၊ ဆရာတော် ဘက်ကနေ ကာကွယ် ပြောဆို ရေးသားနေကြတယ်၊ မိမိတို့ကပဲ ဦးဆေကိန်ကိုမနာလိုဖြစ်နေတာလိုလို ဦးဆေကိန်မှာ မြူတစ်မှုံလောက်မှ အပြစ်မရှိတာလိုလို ပြောနေကြ တယ်။
မိမိတို့က သူ့အလှူတွေ ပရဟိတလုပ်ငန်းတွေကို အပြစ်မပြောပါဘူး၊သူလုပ်တဲ့ ပရဟိတလုပ်ငန်းတွေ သိနေမြင်နေ ကြားနေရတာပဲ၊ ကုသိုလ်ဆိုတာ ဘယ်သူလုပ်လုပ် သာဓု ခေါ်ပါတယ်၊ မနာလို ဖြစ်စရာလည်း အကြောင်းမရှိပါဘူး၊သူ့ကို လှူနေတဲ့ ဒကာ ဒကာမတွေ ဆက်လှူကြပါ ကိုးကွယ် ကြပါ၊ ရှိသမျှ အကုန်ထုတ် အကုန်ချွတ်လှူလည်း ဘာမှ မပြော လိုဘူး၊ ဟုတ်တယ် ခင်များတို့ပြောသလိုပဲ ကျုပ်တို့ ဝေဘန်လို့လည်း ဦးဆေကိန်မှာ ဘာမှ အထူးထွေ ထိခိုက်စရာ မရှိပါဘူး။
ဒီတော့ ကျုပ်တို့ ဝေဘန်လို့ ခင်များတို့ ဘာမှ စိုးရိမ် ထိတ်လန့်မနေကြနဲ့၊ ကျုပ်တို့က သူ့အလှူကို ဘာမှ မပြောဘူး၊ ပြောချင်တာက ဒီလို ကူညီဖို့လာရာမှာ ဖောင်းဖြစ်သွားတဲ့ သူ့အမူအရာ အပြောအဆိုကို ထောက်ပြတဲ့သဘောပဲ၊ ဒါကလည်း ပြောမှဖြစ်မယ်၊ ဒီလိုမှ မပြောရင် ဒီလို ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ အတင်းစွက်ဖက်ပြောတဲ့အကျင့်စရိုက်တွေကို လူငယ်တွေ အတုယူမှားကုန်မယ်၊ ရှင်ငယ်ရဟန်းငယ် တွေ အတုယူမှားကုန်မယ်၊ ဒါ့ကြောင့် ခင်များတို့လို စကားကြီး စကားကျယ်ပြောရရင် ကျုပ်တို့ကလည်း လူငယ်တွေအတွက် တိုင်းပြည်အတွက် ပြောနေတာ။

ဦးဆေကိန် ပြောဆိုနေတဲ့ ရုပ်သံဖိုင်လ်ကို သေချာ ကြည့်ကြပေါ့၊ ကူညီချင်လို့ ရောက်လာတာ မှန်တယ်၊ ဘုန်းကြီးတတ်နိုင်သလောက် ကူညီချင်ပါတယ်၊ ဘာအပ်သလဲ ဒကာတို့ စသဖြင့် ဒီလို ရိုးရိုးရှင်းရှင်း ပြောဆိုကူညီတယ်ဆိုရင် ဒါ ဘာပြဿနာမှ မရှိဘူး၊ အားလုံးကလည်း သာဓုခေါ်ကြမှာပဲ၊ ဒါပေမယ့် သူ့အမူအရာ အပြောအဆိုတွေက သိပ်မရိုးရှင်းဘူး၊ ဟိတ်တွေ ဟန်တွေ မာန်တွေ ပါတယ်၊ ငါတတ်ငါသိ ငါလုပ်မှဖြစ်မယ် ဆိုတဲ့သဘောတွေ အထင်းသား ပေါ်လွင်နေတယ်၊ သဲချရမယ် ကျောက်ချလို့မရဘူး ဆိုတာက ပါသေးတယ်။
အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်တဲ့ ဝန်ကြီးဦးဇာနည် အောင်၊ မြို့တော်ဝန်ဦးရဲလွင်၊ နယ်လုံဝန်ကြီး၊ ဆည် မြောင်းဝန်ကြီးဌာနကအင်ဂျင်နီယာများအပါဝင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေ ပညာရှင်တွေ တာရိုးအနီးဝန်ကျင်မှာ အရေးပေါ် ခေါင်းချင်းဆိုင် ဆွေးနွေးနေကြတဲ့အချိန် ဦးဆေကိန် သူနောက်လိုက် တွေ နဲ့ရောက်လာတယ်၊ ပြီး သူပြောချင်ရာတွေ ဇွတ်ဝင်ပြောတာပဲ၊ တာဝန်ရှိပုဂ္ဂိုလ်တွေ အရေးပေါ်စည်းဝေးနေတဲ့နေရာ မပင့်မဖိတ်ပဲ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ပဲ ဇွတ်ဝင် လာတာကိုက မယဥ်ကျေးတာပဲ၊ သူ့စည်းကိုယ့်စည်းဆိုတာ ရှိရမယ်၊ သူ့တာဝန် ကိုယ့်တာဝန် ဆိုတာကိုလေးစားရမယ်၊ ဒါ ယဥ်ကျေးမှုပဲ။
ဦးရဲလွင်ကလည်း အကျိုးကြောင်း နဲနဲ ရှင်းပြတယ်၊ နောက်ဝန်ကြီးဦးဇာနည်အောင်က ရှင်းပြတယ်၊ လုပ်စရာရှိတာတွေအရေးပေါ်လုပ်ဆောင်နေတယ်၊ အဖွဲ့စုံလည်း ရောက်နေပါပြီ၊ အားလုံး စီမံသင့်တာတွေ စိမံနေပါတယ်၊ ဒါ့ကြောင့် စိတ်မပူပါနဲ့လို့ လျှောက်တယ်၊ ဦးဆေကိန်က ဒီစကားကိုပဲ လိုရာ ဆွဲယူပြီး သူပြောချင်တာ ဇွတ်ပြောတော့တာပဲ၊ မပူဘူး မပြောနဲ့ ပူလို့လာတာ မပူနဲ့ဆို ပြန်မယ်တွေ ဘာတွေနဲ့ ဆိုက်ကိုတွေ ပရိယာယ်တွေ ဟိတ်ဟန်တွေ လျှောက်လုပ်တာပဲ၊ သူ့အကြောင်း ဂဃနဏမသိတဲ့ ဒကာ ဒကာမတွေ ရိုးအတဲ့ဒကာ ဒကာမတွေကတော့ ဒါတွေ ဘယ်နားလည်မလဲ၊ ကြည်ညိုစိတ်နဲ့ ဆရာတော်ပူပန်လို့ လာကူရှာတယ် ဒီလောက်ပဲ မြင်ကြတာ၊ ဆရာတော်ရဲ့ ဟိတ်ဟန်လုပ်တဲ့အကျင့် ကြွားတတ်တဲ့စရိုက်ကို နားမလည်ကြဘူး။
တာဝန်ရှိသူတွေ အရေးပေါ်စည်းဝေးနေတဲ့နေရာ အတင်းဝင်လာပီးမှ ပြောခွင့်ရမလားတွေ ဘာတွေ ပြောနေတာက လူကြားကောင်းအောင်ဟိတ်ဟန်ထုတ် ပြောနေတဲ့ပရိယာယ်သာဖြစ်တယ်၊ ဘုန်းကြီးက ဇွတ်အတင်း လာပြောနေတဲ့ကိစ္စ မပြောနဲ့လုပ်လို့ ရမလား၊ ရိုင်းရာကျတော့မှာပေါ့၊ ဒါကို ငေးကြည့် နေတဲ့ ပင်ပန်းပုံပေါက်နေတဲ့ မြို့တော်ဝန်ကိုမြင်ရတာ ကရုဏာသက်စရာပါ၊သူ့ဇနီး ဆုံးထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်၊ ဒီအခြေနေကြားကနေ သူလည်း အရေးပေါ် လာရောက် ကြပ်မတ်ဆောင်ရွက် နေတာ၊ သူရော တာဝန်ရှိပုဂ္ဂိုလ်တွေရော ကိုယ်ပင်ပန်း စိတ်ပင်ပန်းနဲ့ အကောင်းဆုံးကြိုးစားနေကြတာ၊ ပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်နေကြတာ၊ သူပုံကြည့်ရတာ အတော်စိတ်မသက်မသာ ဖြစ်နေပုံဘဲ။

တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အင်ဂျင်နီယာပညာရှင်တွေက ကျောက်ခြင်းတွေ ဘာတွေနဲ့ စနစ်တကျလုပ်ဆောင် ထားပါတယ်လို့ လျှောက်နေတာကို သူက သဲအိတ်ချမှ ရမယ် ဘာညာနဲ့ ဇွတ်အတင်း ပြောနေတာတွေ့ရတယ်၊ သူပြောတဲ့အတိုင်းသာ သဲအိတ်ချရရင် ရေစီးသန်တာကြောင့် ထိန်းမနိုင်သမိးမရဖြစ် လူတွေပါ အကုန် ဒုက္ခရောက်ကုန်မယ်၊ နောက် အင်ဂျင်နီယာပါလား ဘာပါလား ငါနဲ့လိုက်ခဲ့ ဘာညာနဲ့ သူလုပ်ချင်ရာ ဇွတ်ဝင်ပြောတာပဲ၊ ဒီလိုစွက်ဖက်တာမျိုး မလုပ်သင့်ဘူး၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေကို လေးစားရမယ်၊ သူတို့တာဝန် သူတို့လုပ်ပိုင်ခွင့်ကိုလေးစားရမယ်၊ ငါဘုန်းကြီးပဲဆိုပြီး နေရာတကာ ဆရာလုပ်တဲ့အကျင့်တွေ မလုပ်သင့်ဘူး။
တချို့က ပြောတယ်၊ ဘုန်းကြီးက အင်ဂျင်နီယာဘွဲ့ရ ဘာညာနဲ့၊ သူဘာသူ ဘာဘွဲ့ရရ ဒီလောက် စွက်ဖက်စရာမလိုဘူး၊ သူဘွဲ့က AGTI ဒီပလိုမာအဆင့်ရှိတာပဲ၊ ဒီထဲမှာ အင်ဂျင်နီယာ BE/ ME ပညာရှင်တွေ လက်တွေ့လုပ်ငန်းအတွေ့ကြုံ ကြွယ်ဝသူတွေ အများကြီးပါတယ်၊ တချို့ ဒကာ ဒကာမတွေကျ တော့ လည်း သဒ္ဓါကောင်းပေမယ့် ပညာမဆောင်းကြတော့ ဒါတွေဘယ်မြင်နိုင်ပါ့မလဲ၊ တချို့လူတွေကျတော့လည်း လောကီပညာတွေ တတ်ပေမယ့် ဘုန်းကြီးအရေး ဘာသာရေး သာသနာရေး လေးလေးနက်နက် ဘယ် သဘောပေါက်နိုင်ပါ့မလဲ၊ အပေါ်ယံလေးကြည့်ပြီး ဆရာတော်ကို ဝေဘန်လို့ဆိုပြီးတော့သာ မခံမရပ်နိုင် ဖြစ်နေကြတာ။
ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိတို့နီးစပ်ရာ စာတတ်ပေတတ် ဆရာတော်ကြီးတွေ မေးလျှောက်ကြည့်ကြပါ၊ ဒီကိစ္စအပေါ် ဘယ်လိုမြင်သလဲလို့၊ ဆရာတော်ကြီးတစ်ပါး မိန့်တဲ့စကား တစ်ဆင့် ပြန် ဖောက်သည်ချလိုက် အုံးမယ်၊ ဦးဇင်းတစ်ပါးက ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးက နာမည်ကြီး စာတတ်ပေတတ်ဆရာတော် ကြီး တစ်ပါးကို အကျိုးအကြောင်း မေးလျောက်ကြည့် တယ်၊ ဆရာတော်ကြီးက ဒီကိစ္စမှာ ဦးဆေကိန်လည်း မှားတယ်၊ ဦးသောဘိလည်း မှားတယ်၊ နှစ်ပါးလုံး မှားတယ်၊ ဦးဆေကိန်က ဝင်စွက်ဖက်လို့ မှားတာ၊ ဦးသောဘိက စကားကြမ်းလို့ မှားတာလို့ မိန့်ပါသတဲ့၊ ရှင်းရှင်းပြောရရင် ဦးဆေကိန်ရဲ့ အတ္တုက္ကံသန ကိုယ့်ဂုဏ်ကိုဖော်တဲ့အကျင့် ကြွားဝါတတ်တဲ့အကျင့် တွေကြောင့် မျက်စိစပါးမွှေးစူးနေတဲ့ စာချဘုန်းကြီးတွေ စာတတ်ပေတတ်ဘုန်းကြီးတွေ မန္တလေးမှာ အများကြီးပဲ၊ မကောင်းတတ်လို့ လူမုန်းများမှာစိုးလို့
သာ လူသိရှင်ကြား မပြောကြတာ။
မိမိတို့ဒကာ ဒကာမတွေကလည်း ခက်သားပဲ၊ လှူနိုင် ကျွေးနိုင် မွေနိုင်ရင် အကုန် အကောင်းချည်း မြင်လိုက်ကြတော့တာပဲ၊ ဘာမှ မဝေဘန် မဆန်းစစ် တတ်တော့ဘူး၊ ဒီကိစ္စမှာ ဒီ့ထက် လေးနက်တဲ့ သက်ရောက်မှုကို ပြောရရင် ဒီအစိုးရ ဘာမှမတတ် နိုင်လို့ပဲ သူက ဝင်ကူညီရတာလိုလို၊ သူကူညီမှပဲ ဒီကိစ္စက အောင်မြင်နိုင်မှာလိုလို ၊ ဒီလို အမြင်တွေ ဖြစ်ပြီး အစိုးရအပေါ် လူထုက အယုံကြည်မဲ့တာတွေထိ ဖြစ်လာနိုင်တယ်၊ မန္တလေးတိုင်းဆိုတာ အားလုံး သိတဲ့အတိုင်းပဲ၊ ဝန်ကြီးချုပ်ရော မြို့တော်ဝန်ရော အင်မတန် အလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေ၊ သိပ်အတွဲညီတယ်၊ ပြည်သူကသိပ်လေးစားတယ်။
ဒီကိစ္စအတွက် ပြုပြင်ထိန်းသိမ်းရေးအစီစဥ်တွေ ပြန်လည်နေရာချထားရေးအစီစဥ်တွေ ကာကွယ်ရေး ရေရှည်အစီစဥ်တွေ ရေဘေးဒက္ခသည်တွေအတွက် ကူညီထောက်ပံရေးအစီစဥ်တွေ တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအစီစဥ်တွေကို ဝန်ကြီးချုပ်ကိုယ်တိုင် အကုန် ပြောပြီးသားပဲ၊ အစိုးရမှာ တာဝန်ရှိတဲ့ အကြောင်း ပြည်သူ့အခက်ခဲတွေကို အစိုးရ တာဝန်ယူ ကာကွယ်စောင့်ရှောက်မယ့်အကြောင်းတွေ အကုန် ပြောထားတယ်၊ အစိုးရက အလုပ်မလုပ်လို့ အရည်ချင်းမရှိလို့ဆိုရင် ထားတော့၊ ပြီး ရိုးရိုး လာကူညီရင် ထားတော့၊ခုတော့ ဒီလိုမဟုတ်ဘူး၊ ဦးဆေကိန်ရဲ့ ပြောပုံ ဆိုပုံတွေကြောင့် ဝေဘန်ရတာဖြစ်တယ်၊ ထပ်ပြောမယ်၊ သူ့အလှူတွေ သူ့ပရဟိတတွေ ဘာမှ မပြောဘူး၊ ငါဘုန်းကြီးဆိုတဲ့သဘောနဲ့ ဝင်စွက်ဖက် ဆရာကြီးလုပ်တာကိုသာ ဝေဘန်တာဖြစ်တယ်။
တချို့က လာပြောကြတယ်၊ ကိုယ်တော်က ဘာအရည်ချင်းရှိလို့တုန်းတဲ့၊ အရည်ချင်းတွေ ဘာတွေပြောမနေနဲ့ ဒါ ဒီမိုကရေစီခေတ်ဦး သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံတို့ကိုတောင် ဝေဘန်လို့ ရတယ်၊ မှန်ဖို့ပဲလိုတယ်၊ ကိုယ်ပြောတာ ကိုယ်တာဝန်ယူဖို့ပဲလိုတယ်၊ နောက် ပြောကြသေးတယ်၊ ကိုယ်တော်က နိုင်ငံအတွက် ဘာလုပ်နေလဲတဲ့၊ သာသနာ အတွက် နိုင်ငံအတွက် စာသင်တယ် စာချတယ် တရားဟောတယ် စာရေးတယ်၊ ခင်များတို့လို ကြီးကြီးကျယ်ကျယ်ပြောရရင် လမ်းမှားရောက်မယ့် အသိအမြင်နည်းတဲ့ ခင်များတိုလို လူတွေကို ပြုပြင်စာတွေ တိုင်းပြည်ပြည်ပြုစာတွေ ရေးနေတယ်လို့ ခပ်တည်တည်နဲ့ ပြောလိုက်မယ်။
ဘာဘွဲ့ရလို့တုန်း ဘာတုန်းနဲ့၊ အလက်ာရဘွဲ့တောင် အတုယောင်တပ်ထားတာလိုလို ဘာလိုလိုလာပြောနေ ကြတယ်၊ ပရိယတ္တိသာသနာဟိတသာမဏေကျော်၊ သာသနဓဇဓမျမာစရိယ၊ ဒီဃနိကာယပါဠိပါရဂူ၊ ဒှိပိဋကဓရ၊ ဒှိပိဋကကောဝိဒ၊ မူလအာဘိဓမျမိက (ပိဋကတ်နှစ်ပုံခွဲ အာဂုံဆောင်)ဘွဲ့ ရထားတယ်၊ ဘွဲ့တွေက အရေးမကြီးပါဘူး၊ ရိုးသားဖို့ ဖြောင့်မတ်ဖို့ နိုင်ငံနဲ့ သာသနာအပေါ် စေတနာထားဖို့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ပဲလိုတယ်၊ ကိုယ့်စကားကို တာဝန်ယူ တယ်၊ အကယ်၍မကျေနပ်ရင် ဆရာတော်ဦးဆေကိန် နဲ့ အတူ မဟနဆရာတော်ကြီးများအထံမှာ သြဝါဒခံယူဖို့ အဆင်သင့်ပဲ။
( တစ်ချိန်က အာဏာရှင်တွေ နေရာတကာ ငါတတ်ငါသိလုပ်ခဲ့လို့ တိုင်းပြည်ပျက်စီးခဲ့ဖူးပြီ၊ မိမိတို့ ဘုန်းကြီးတွေလည်း အာဏာရှင်တွေလို ငါတတ်ငါသိ နေရာတကာ ဝင်မရှုပ်ဖို့ လိုတယ်။ တချို့ အာဏာရှင်ဆန်ဆန် ဘုန်းကြီးတချို့ကိုသာ ဆိုလိုပါသည်၊ ပရိယတ္တိတာဝန် ပဋိပတ္တိတာဝန် ထမ်းဆောင်နေတော်မူကြသော ဆရာတော် သံဃာတော်များနှင့် နိုင်ငံရေးမဖက် ပရဟိတ သက်သက်ဆောင်ရွက်တော်မူနေကြသော ဆရာတော်များကို ဆိုလိုခြင်း မဟုတ်ပါ။)
အရှင်ပညိဿရာလက်ာရ (ရန်ကင်းတောင်)
22-7-2020