ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။ အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။ လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။ ကြာသွားရင် အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိ တဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေ မကျရောက်နိုင်ပါဘူး လက်တွေ့ပါ..။ ကောင်းမှုတွေကြောင့်ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ ။
၁. ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား
၂. အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား
၃. အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား
၄. အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား
၅. သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား
၆. သဟဇာတ ပစ္စယော -ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား
၇. အညမည ပစ္စယော -ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား
၈. နိဿယ ပစ္စယော -ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာ ကို သိရပါစေသား
၉. ဥပနိဿယ ပစ္စယော -ရတနာသုံးပါး ကို ဦးထိပ်ထား ရပါစေသား
၁၀. ပုရေဇာတ ပစ္စယော -ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား
၁၁. ပစ္ဆာဇာတ ပစ္စယော -နောက် ၌ဖြစ်သော အကုသိုလ် ကို ပယ်၍ ကုသိုလ် ကို မျက်မှောက်ပြုရပါစေ သား
၁၂. အာသေဝန ပစ္စယော -လိုရာဆန္ဒမ ရှိအောင် ပြည့်စုံရပါစေသား
၁၃. ကမ္မ ပစ္စေယော -ကံသုံးပါးကို ထိန်းသိမ်းရပါစေသား
၁၄. ဝိပါက ပစ္စေယော -ဝဋ်ကြွေးသုံးသွယ် ကို ပယ်ဖျက်ရပါစေသား
၁၅. အာဟာရ ပစ္စယော -လိုရာ ကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား
၁၆. က္ကန္ဒြိယ ပစ္စယော -ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရ ပါစေသား
၁၇. ဈာန ပစ္စယော -သူတော်ကောင်းတရား ၇ ပါး ၊ ဉာဏ်စဉ် ၅ ပါး တို့နှင့် ပြည့်စုံရပါစေသား
၁၈. မဂ္ဂ ပစ္စယော -ဘာဝနာတရား ၂ ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား
၁၉. သမ္ပယုတ္တ ပစ္စေယော – သူတော်ကောင်း တို့နှင့်ပေါင်း၍ ၇ ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား
၂၀. ဝိပ္ပယုတ္တ ပစ္စယော- သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား
၂၁. အတ္ထိ ပစ္စယော- သမုတိနယ်၏ အသိကို ဟုတ်မှန်စွာ သိရပါစေသား
၂၂. နတ္ထိ ပစ္စယော – ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား
၂၃. ဝိဂတပစ္စယော – ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား
၂၄. အဝိဂတ ပစ္စယော – နောင်ပွင့်လတ္တံ့သော ဘုရားတို့ ကို ရှိခိုးရပါစေသား
ပဌာန်းအကျယ်အဓိပ္ပါယ်နှ င့်နေ့စဉ် ရွတ်နိုင်လျှင် အကောင်းဆုံးပါ..။ ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေ ရဲ့နောက်ဆုံးတွင် အမြဲပါတဲ့အတွက် ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်..ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်းအား မျှဝေပေးခြင်းဖြစ်ပါတယ် ။
မြန်မာ နိုင်ငံသူ နိူင်ငံသားအားလုံး ကျမ ချစ်ခင်ရသူအားလုံး F/b မှ ကျမ မိတ်ဆွေ သူငယ်ချင်းများအားလုံး ကျန်းမာ ပျော်ရွှင် အေးချမ်းသာယာပါစေကြောင်း ကျမ စောင့်တည်သော သီလ ဘာဝနာဖြင့်မေတ္တာ ပို့သပါသည်ရှင်. ။
ချစ်ခင် လေးစားလျှက် ။ ။
Credit-နှလုံးသားမှာဘုရားတည်ကြမယ်