သရုပ်ဆောင် နန်းခင်ဇေယျာရဲ့ မာလာ ရှမ်းကောကို ဝေဖန် မှတ်ချက် ပေးလိုက်တဲ့ Master Chef မှ ဒေါ်ဖြူဖြူတင်
ယခု သတင်းအား (Shwe Yaung Myanmar) facebook page မှတစ်ဆင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Master Chef ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင်တွေကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ရာမှာ အထူးနာမည်ကြီး တဲ့ပြိုင်ပွဲတစ်ခု ဖြစ်သလို ဒိုင်လူကြီးများဟာလည်းစည်းစနစ်ကြီးလှပြီး အသေးစိတ်ကြည့်ရှူစစ်ဆေးရာမှာ ထူးချွန်ကြသူတွေဆိုတာ ပရိသတ်ကြီးလည်းသိရှိပြီးဖြစ်မှာပါ။

သရုပ်ဆောင် နန်းခင်ဇေယျာကတော့ကိုဗစ် ၁၉ ကာလမှာ မာလာရှမ်းကော ရောင်းချနေတာဖြစ်ပြီး Master Chef ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူတင် ကို အင်တာဗျုးအစီအစဉ်တစ်ခုမှာ တွေ့ဆုံရာမှာသူမရဲ့ မာလာရှမ်းကောကို Judge လုပ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ဒီလို Judge လုပ်ခိုင်းခဲ့ရာမှာတော့ Master Chef ဒိုင်လူကြီး ဒေါ်ဖြူဖြူတင်က နန်းခင်ရဲ့ မာလာရှမ်းကောကို အားရပါးရဝေဖန်လာခဲ့တာပါ။
နန်းခင်ရဲ့ မာလာရှမ်းကောကိုအရမ်းအစပ်လွန်ကဲတယ်လို့ခံစားရတဲ့အတွက် ကျန်းမာရေးအရ မကြိုက်ဘူးလို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ အစပ်လွန်ကဲတာတွေ စားလေ့ရှိသူတွေကိုပါ ဘာအရသာရလို့စားတာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ကျန်းမာရေးအရ အရသာတစ်ခုကို လွန်လွန်ကဲကဲ ထည့်ထားတဲ့အစားအစာတွေကို မစားသင့်ကြောင့်လည်း ပြောကြားခဲ့တာပါ။

နန်းခင်ဇေယျာရဲ့ မာလာရှမ်းကောကိုတော့ သူမသမီးဖြစ်သူတွေက ကြိုက်ကြပြီး Packaging နဲ့ ပြင်ဆင်ပုံ မှာယူရန် ဝန်ဆောင်မှုတွေကောင်းမွန်တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။နန်းခင်ဇေယျာကလည်း သူမအနေနဲ့ ဒေါ်ဖြူဖြူတင်နဲ့ခင်မင်နေတာကြာပြီဖြစ်ပေမယ့် လက်ဆောင်ပို့ပေးရာမှာ Feedback ကောင်းရဖို့ မမျှော်လင့်ရဲတဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဒေါ်ဖြူဖြူတင်က ဆိုင်ဖွင့်ဖို့အစီအစဉ်ရှိနေတဲ့ နန်းခင်ဇေယျာအတွက် အကြံဉာဏ်ကောင်းတစ်ချို့ပေးလာခဲ့ပြီး New Covid စတိုင်အနေနဲ့ Online Delivery စတိုင်အနေနဲ့ ဇောက်ချလုပ်ကိုင်သင့်တယ်လို့အကြံပေးခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရော ဒေါ်ဖြူဖြူတင်ရဲ့ ဝေဖန်ချက်တွေကို သဘောတူကြရဲ့လား။?? ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို Comment မှာရေးထားခဲ့ကြပါအုန်းနော်။
Source : Shwe Yaung Myanmar