တစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် ပထမ ရရှိခဲ့သော မမေသက်ထွန်းအား bella scholarship ဂုဏ်ပြု ချီးမြှင့်
ဤသတင်းအား CeleGabar ဖေ့ဘုတ် စာမျက်နှာမှတဆင့် ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါသည်။
(၂၀၁၉- ၂၀၂၀) ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးရှိပြီး အမှတ်ပေါင်း (၅၅၂) မှတ် တနိုင်ငံလုံးအမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သော မမေသက်ထွန်းအား bella မှ သွားရောက် တွေ့ဆုံကာ လက်ဆောင်များပေးအပ်ခဲ့ပြီး bella scholarship အား ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

Bella အနေနဲ့ လှရင်းနဲ့ လှူ , လှူရင်းနဲ့လှဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အားတက်သရောနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ၂၀၁၇ ခုနှစ်မှစလို့ ယခုလက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။ Bella အနေနဲ့ ပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်အားလုံးဟာ Bella ကို သုံးစွဲသူ Star လေးတို့အားလုံးရဲ့ အလှူပဲဖြစ်ပါတယ်။

ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုတဲ့ စကားနဲ့အညီ ပညာတခေတ်ကို ထူထောင်နိုင်စေဖို့ အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တွေရဲ့ ပညာရေးကဏ္ဍကို အဓိကထားကာ ထောက်ပံ့ပေးလျက်ရှိပါတယ် ဒီလိုထောက်ပံ့ပေးတဲ့နေရာမှာ Pannthee foundation မှ ကောက်ယူထားတဲ့ စစ်တမ်းတွေမှတဆင့် အမှန်တကယ်လိုအပ်လျက်ရှိသော နေရာတွေအထိ လူအား ငွေအား စေတနာအားတွေနဲ့ အားတက်သရော ပါဝင်လှူဒါန်းလျက်ရှိပါတယ်။

အနာဂတ်မှာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ဆိုတာ တိုင်းပြည်ကို ခေါင်းဆောင်မည့် လူငယ်တွေ ပညာရေးနဲ့ ဉာဏစွမ်းအားတွေ အဘက်ဘက်မှာထူးချွန်နေမှ ဖြစ်မှာမို့ လူငယ်တွေပညာရေးကို အပူအပင်ကင်းကင်းနဲ့ လေ့လာဆည်းပူးနိုင်ရန်အတွက် Bella National Star Scholarship ဆိုတဲ့ “ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်း” ကို မိမိတို့ဝါသနာပါရာ ဘာသာရပ်များကို အမှန်တကယ်ထူးချွန်စွာတက်မြောက်ချင်သော, မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်ဖြင့် တိုင်းပြည် နှင့် လူမျိုးကို အကျိုးပြုလိုသော ထူးချွန်သူ တက္ကသိုလ်ကျောင်းသား ကျောင်းသူ များကို ပညာသင်ထူးချွန် ထောက်ပံ့ဆု Bella National Star Scholarship အားပံ့ပိုးလှူဒါန်းပေးခြင်းဖြစ်ပါတယ်။
Source : CeleGabar