ဖေ့ဘုတ် သုံးရာတွင် သတိရှိကြစေလိုပါသည် ခင်ဗျာ
ဒေါ်--------၊ ၄၉ နှစ် သည် ရန်ကုန်မြို့၊ အင်းစိန်ရှိ တူမဖြစ်သူထံသို့ အလည်ရောက်ရှိစဉ် လွန်ခဲ့သော နှစ်လခန့်က Facebook ၌ သိကျွမ်းရင်းနှီးခဲ့သူ ရွက်သစ် အကောင့် နှင့် Thu Rain အကောင့်ပိုင်ရှင်
သူရိန်ထွန်းဆိုသူက ပဲခူးမြို့ပေါ်ရှိ ဘုရားများဖူးရန် လိုက်ပို့ပေးမည်ဟုဆိုကာ ယာဉ်အမှတ် အမျိုးအစား မမှတ်မိ ခဲရောင် Taxi ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ပါသည်။
ထိုနေ့နံနက် ၁၁ နာရီ အချိန်ခန့်တွင် ပဲခူးမြို့မှ ရန်ကုန်မြို့သို့ အမြန်လမ်းမကြီးအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၀/၀) နှင့် (၀/၁) အကြားအရောက် သူရိန်ထွန်းမှ ကားအနား ပေးဦးမည်ဟုဆိုကာ ကားရပ်နားပြီး ကားနောက်ခန်း၌ ၎င်းတို့ (၂) ဦး စကားထိုင်ပြောစဉ် သူရိန်ထွန်းမှ ဒေါ် -------- ဝတ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများအား ခေတ္တဝတ်ဆင်လို၍ ခဏချွတ်ပေးရန်နှင့် ထမင်းစားပြီးက ပြန်ပေးပါမည်ဟုပြော၍ ခေတ္တချွတ်ပေးခဲ့ပါသည်။
ရွှေထည်ပစ္စည်းများ ချွတ်ပေးပြီးနောက် သူရိန်ထွန်းဆိုသူမှ ထမင်းစားသွားမည် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန် ခေါ်သည့်အတွက် ကားရှေ့ခန်းသို့ ပြောင်းထိုင်ရန် ကားနောက်ခန်းမှ ဆင်းချိန် ကားအား မောင်းနှင် ထွက်ပြေးသွားခဲ့ပါသည်။

ချွတ်ပေးခဲ့သည့်ရွှေထည်ပစ္စည်းနှင့် ပါဆုံးပစ္စည်းစာရင်း
၁။ မီးလင်းလက်ကောက် (၂) ကွင်း၊ ကာလတန်ဘိုး ၂၄၀၀၀၀ဝိ/-
၂။ လုံးချောလက်ကောက် (၅) ကွင်း၊ ကာလတန်ဘိုး ၁၅၀၀၀၀ဝိ/-
၃။ စပရိန်လက်စွပ် (၂) ကွင်း၊ ကာလတန်ဘိုး ၉၀၀၀၀ဝိ/-
၄။ ကျောက်နီလက်စွပ် (၁) ကွင်း၊ ကာလတန်ဘိုး ၆၀၀၀၀ဝိ/-
၅။ ကျောက်ပြာလက်စွပ် (၁) ကွင်း၊ ကာလတန်ဘိုး ၃၀၀၀၀ဝိ/-
၆။ စိန်ပွင့် (၂)ပွင့်တွဲပါ စိန်လက်စွပ် (၁) ကွင်း၊ ကာလတန်ဘိုး ၃၀၀၀၀ဝိ/-
၇။ စိန်လော့ကတ်သီးပါ ပလက်တီနမ်ဆဲကြိုး (၁) ကုံး၊ ကာလတန်ဘိုး ၁၅၀၀၀၀ဝိ/-
၈။ ၀၉ ၄၄------- MPT SIM ကတ်နှင့် Telenor. နံပါတ် မမှတ်မိ Sim ကတ်ပါ MI Note 7 အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံး၊ ကာလတန်ဘိုး ၂၅၀၀၀ဝိ/-
၉။ တစ်ထောင်ကျပ်တန် ငွေစက္ကူ (၁) အုပ် ၁၀၀၀၀ဝိ/
စုစုပေါင်း ၇၈၅၀၀၀ဝိ/
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်-------- မှ ၃.၈.၂၀၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၅ အချိန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည့်အတွက် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် အမှတ်(၃) လမ်းဆုံ ရဲစခန်းမှူး ရဲအုပ် သန့်ဇင် အမှတ်(၃)လမ်းဆုံ တိုးလ်ဂိတ် တာဝန်ခံ ရဲအုပ် မင်းမင်းစိုးနှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များမှ ရဲလုပ်ငန်းများ ပြီးပြည့်စုံစွာ စုံစမ်းထောက်လှမ်းကာ တရားခံ ဖမ်းဆီးရမိရေး ပါဆုံးပစ္စည်းများ ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ကြပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တို့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရွက်သစ် fb Acc နှင့် Thu Rain fb Acc ပိုင်ရှင် သူရိန်ထွန်းဆိုသူမှာ ဇော်မျိုးလွင်၊ ၂၇ နှစ်၊ (ဘ)ဦးခင်မောင်လွင်၊ ၁၂/အစန(နိုင်)၂၃၂၄၅၄၊ အမှတ်(၆၅၃)၊ မြို့ပတ်လမ်း၊ ရွာမအနောက်ရပ်၊ အင်းစိန်မြို့ ရန်ကုန်တိုင်းဒေသကြီး နေသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး
ပြစ်မှုကျူးလွန်သူ ဇော်မျိုးလွင်အား ၈.၈.၂၀၂၀ ရက်နေ့ ည ၉ နာရီအချိန် အမှုဖြင့်ဖမ်းဆီးကာ သက်သေခံ ပစ္စည်းများ သိမ်းဆည်းခြင်း၊ အမှုခိုင်မာစွာ တည်ဆောက် အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး