မော်တော်ယာဉ် လုပ်ငန်းလိုင်စင် လျှောက်ရင် ဘာတွေလို သက်တမ်း ဘယ်လောက်ရ ဘယ်လောက်ကြိုတိုး ရသလဲဆိုတာ
အစ်ကိုတို့ အစ်မတို့ရေ ပို့ဆက် (သို့မဟုတ်) လုပ်ငန်းရုံးလို့ ခေါ်ခဲ့ကြတဲ့ မော်တော်ယာဉ်တွေရဲ့
လုပ်ငန်းလိုင်စင်တွေ ထုတ်ပေးတဲ့ ရုံးကို ကညန လက်အောက်ခံ မဟုတ်တော့ဘဲ ပို့ဆောင်ရေး စီမံကိန်းဦးစီဌာနအဖြစ် 1.8.2020 ရက်နေ့မှစ၍ သီးခြား အဆင့်တိုးမြှင့် ဖွဲ့စည်းလိုက်တာမို့ ပို့ဆက်/လုပ်ငန်းရုံးလို့ မပြောတော့ဘဲ ပို့ဆောင်ရေးစီမံကိန်းဦးစီဌာနလို့ပဲ သုံးနှုန်းရတော့မယ်နော်။
ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနကနေ ငါ့ညီ ငါညီမတို့ရဲ့ မော်တော်ယာဉ် လုပ်ငန်း အမျိုးအစားအလိုက် လုပ်ငန်း လိုင်စင်တွေ ထုတ်ပေးတယ်။ မော်တော်ယာဉ် လိုင်းတွေကို ကြီးကြပ် ကွပ်ကဲတယ်။ နိုင်ငံတော်အဆင့် အခမ်းအနားများမှာ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်နော်။

ဦးလေးတို့ အဒေါ်တို့ရဲ့ ကားတွေကို လုပ်ငန်းလိုင်စင် လျှောက်မယ်ဆိုရင်ဖြင့် ဘာတွေလိုအပ်သလဲ ဆိုတာလေး ပြောပြပါရစေဗျာ။ ဒီလိုလေးတွေ လိုပါတယ်။
၁။ မှတ်ပုံတင် မူရင်း/မိတ္ထူ
၂။ သက်တမ်းရှိယာဉ်လိုင်စင် မူရင်း/မိတ္တူ
၃။ မော်တော်ယာဉ်ရဲ့ဓါတ်ပုံသုံးပုံ (ရှေး၊နောက်၊စတီယာရင်ဘက်ဘေး)
၄။ ပြစ်မှု၊ပြစ်ဒဏ် ကင်းရှင်းမှု အထောက်အထား
၅။ ပတ်စ်ပို့ပုံ(၂)ပုံ
၆။ အိမ်ထောင်စုစာရင်း မူရင်းနဲ့မိတ္တူ တို့ပါခင်ဗျာ။
လုပ်ငန်းလိုင်စင် လျှောက်ထားမယ်ဆိုတဲ့ ငါ့ညီရေ လုပ်ငန်းလိုင်စင် သက်တမ်းကို ငါ့ညီရဲ့ ဆန္ဒအရ တစ်နှစ်မှ သုံးနှစ်အထိ လျှောက်ထားနိုင်တယ်ကွာ။ သတ်မှတ်ရက် မကုန်မီ အနီးဆုံး ရက်ပေါင်း (၃၀) ကြိုတင်၍ လုပ်ငန်းလိုင်စင်ကို သက်တမ်း တိုးနိုင်တယ် ဆိုတာလေးလဲ မှတ်ထားပါ ငါ့ညီရေ။
လုပ်ငန်းလိုင်စင် အမျိုးအစားတွေကတော့ "က" "ခ" "ဂ" "ဃ" "င" "စ" တို့ ဖြစ်ပါတယ်။ တစ်ခုချင်းစီရဲ့ အကြောင်းအရာ အမျိုးမျိုးကိုတော့ Post ရေးတင် ရှင်းပြပြီးသားမို့ ထပ်ပြီး ပြောမပြတော့ပါဘူး ခင်ဗျာ။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (20.8.2020)