Skip to main content

ပထမဆုံး ပြန်လည် ရရှိတဲ့ အနုပညာကြေးနဲ့ အဘိုး အဘွား တွေကို လိုက်လံ ကူညီခဲ့တဲ့ ယုန်လေး

ပထမဆုံး ပြန်လည် ရရှိတဲ့ အနုပညာကြေးနဲ့ အဘိုး အဘွား တွေကို လိုက်လံ ကူညီခဲ့တဲ့ ယုန်လေး

ငါတို့အားလုံးရဲ့မြေ သီချင်းဗွီဒီယို ဖန်တီးမှုကြောင့် ဝေဖန်တိုက်ခိုက်မှုများစွာကြုံခဲ့ရတဲ့ယုန်လေးကတော့ အချိန်တစ်ခုလောက် သူကိုယ်သူပြန်လည်တည်ဆောက်ပြီးချိန်မှာတော့ အရင်လိုပဲအလုပ်တွေပြန်စလုပ်တော့မှာဖြစ်ကြောင်း မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။



အဲ့လိုရေးသားမျှဝေပြီးပြီးချင်းမှာပဲအလုပ်အပ်သူတစ်ယောက်ရရှိခဲ့တာကြောင့် ယုန်လေးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။



ဒီနေ့မှာတော့ ပထမဆုံးပြန်လည်ရရှိလာတဲ့အနုပညာကြေးလေးနဲ့ သူလုပ်နေကြ ပရဟိတအလုပ်တွေကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာပါတယ်။



အနုပညာကြေးရရခြင်း လှူချင်တာနဲ့ ညီလေးတစ်ယောက်ပို့ထားတဲ့ (၂၃)လမ်းမှာ ဈေးရောင်းတဲ့အဖွားဆီ ညတွင်းချင်းသွားခဲ့ပေမယ့် မတွေ့လို့ မလှူခဲ့ရပါဘူးတဲ့။



ဒါပေမယ့် ဒီနေ့မှာတော့ အဖွားဆီကို နောက်တစ်ခေါက်ပြန်သွားပြီး တစ်သိန်းလှူဒါန်းပေးနိုင်ခဲ့တဲ့အပြင် သူလက်ထဲပါတဲ့ပိုက်ဆံငါးသိန်းစလုံးကို လမ်းမှာတွေ့သမျှ ခက်ခက်ခဲခဲပိုက်ဆံရှာနေတဲ့သူတွေအကုန်လုံးကို လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…



ယုန်လေးကတော့ သူ့ကို အလုပ်အပ်တဲ့သူတွေလည်း ကုသိုလ်ထပ်တူရစေဖို့ သူ့ရဲ့အလှူဒါနလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ပထမဆုံးပြန်လည်ရရှိတဲ့အနုပညာကြေးနဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့သူတွေကို လိုက်လံလှူဒါန်းပေးခဲ့တဲ့ ယုန်လေးရဲ့ဒီနေ့ပြုလုပ်ခဲ့တဲ့ အလှူဒါနပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။





Photo : Yone Lay

Credit : Cele Gabar