Skip to main content

အမျိုးသမီး တစ်ယောက်အဖြစ် မွေးလာတဲ့ အတွက် ရာသီ သွေးဆင်းတာက ရှက်စရာ မဟုတ်ပါ

အမျိုးသမီး တစ်ယောက်အဖြစ် မွေးလာတဲ့ အတွက် ရာသီ သွေးဆင်းတာက ရှက်စရာ မဟုတ်ပါ

ဒီနေ့ one stop mart မှာ Pad သွားဝယ်တော့ ပိုက်ဆံရှင်းတဲ့အခါမှာ Cashier ညီမလေးက အရမ်းအားနာတဲ့မျက်နှာလေးနဲ့ အိတ်အမဲမရှိလို့ အိတ်အဖြူနဲ့ပဲ ယူသွားလို့ရမလားတဲ့ ကိုယ်ကလည်း ရပါတယ် ကိစ္စမရှိပါဘူးပေါ့။

ငယ်ငယ်ကဆို ကော်ဖီမစ်အိတ်ကြီးတွေနဲ့ ပတ်ပြီးတဖုံ ကြွပ်ကြွပ်အိတ် အမဲကြီးတွေနဲ့ တစ်သွယ် ဝယ်ခဲ့ရတာတွေ အခုပြန်တွေးရင် သိပ်စိတ်ညစ်တာပဲ ။ အမျိုးသမီးတစ်ယောက်အဖြစ် မွေးလာတဲ့အတွက် သွေးဆင်းတာက ရှက်စရာ မဟုတ်သလို pad ဝယ်ရတာကလည်း တကယ်ကိုပဲ ရှက်စရာ မဟုတ်ပါဘူး။

ကိုယ်တိုင်လည်း ငယ်ငယ်ကဦးလေးကြီးတွေဆိုင်ထိုင်ရင်မပြောရဲမဝယ်ရဲကြုံခဲ့ဖူးတယ်။ City Mart တွေမှာ ပိုက်ဆံရှင်းခါနီးဆိုလည်း ကိုယ့်အထုပ်အပေါ် တခြားပစ္စည်းတွေ ဖုံးရတာအမော။ ကျောင်းတက်နေတုန်းက ဆိုရင်လည်း ကောင်လေးတွေမြင်မှာစိုးလို့ padလေးကိုလိပ်ပြီး အိမ်သာသွားခဲ့ရတာတွေအစုံပါပဲ ။

တကယ်တော့ ရာသီလာတာ ရှက်စရာ လုံးဝလုံးဝမဟုတ်ပါဘူး ။ အမျိုးသမီးတစ်ယောက်အဖြစ် မွေးလာတာ ဖြစ်တဲ့အတွက် လစဉ်ဓမ္မတာ ကြုံရတာပါ။ လူကြားထဲမှာ Pad ဝယ်ခြင်းကလည်း ရှက်ဖို့ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူးနော် ။ ရာသီသွေးဆင်းခြင်းက အမျိုးသမီးတစ်ယောက်မှာ မလွဲမသွေကြုံရတဲ့ ကိစ္စပါ ရှက်စရာ ကိစ္စမဟုတ်ပါဘူး ။

Period & Sanitary napkins are not things to get embarrassed about.

ဒီစာလေးကိုလည်း အမျိုးသမီးတွေအတွက် အချစ်တွေနဲ့ ရေးတဲ့စာမို့ အမှားတွေပါရင် နားလည်ပေးကြပါဦးနော်။

Moe's Diary