ရှေ့ကယာဥ်ကို ညာဘက်ကနေလည်း ကျော်တက်လို့ ရတယ်ဆိုတာ သိပါသလား
ကျွန်တော်တို့တွေ မိမိရှေ့ကယာဥ်တွေကို ကျော်တက်ကြတဲ့ နေရာမှာ သာမန်အားဖြင့် ဘယ်ဘက် (လက်ဝဲဘက်) ကနေပဲ ကျော်တက်ကြရမယ်လို့ အများ သိထားကြပါတယ်။ အဲ့ညာဘက် (လက်ယာဘက်) ကတော့ ကျော်တက်လို့ မရဘူးရယ်လို့ပေါ့။
မှန်ပါတယ် မိမိရှေ့ကယာဥ်ကို ကျော်တက်မယ်ဆိုရင် သာမန်အားဖြင့် ဘယ်ဘက် (လက်ဝဲဘက်) ကပဲ ကျော်တက်ရပါ့မယ်။ သို့သော် ဒီလိုအခြေအနေမျိုးမှာ ဆိုရင်တော့ ညာဘက် (လက်ယာဘက်) ကနေ ကျော်တက်နိုင်ပါတယ် အဲ့ဒါတွေကတော့

၁။ ရှေ့ကယာဉ်ဟာ လက်ဝဲဘက် (ဘယ်ဘက်)ကို ကွေ့ဖို့ အချက်ပြနေတဲ့အခါ။
၂။ လမ်းမှာ ယာဉ်တွေ ပိတ်နေလို့ လက်ယာဘက် (ညာဘက်) မှာပဲ လမ်းပွင့်နေတဲ့အခါ၊
၃။ ယာဉ်ကြော ပြောင်းတဲ့ အနေနဲ့ လက်ဝဲဘက် (ဘယ်ဘက်) ယာဉ်ကြောမှာ မောင်းနေတဲ့ယာဉ်ရဲ့ ရှေ့သို့ လက်ယာဘက် (ညာဘက်) ယာဉ်ကြောမှ လမ်းပြောင်းဝင်တဲ့အခါ၊
၄။ တစ်လမ်းမောင်းမှာ မောင်းနှင် သွားလာတဲ့အခါ။
ကဲ အဲ့အချက်(၄)ချက်နဲ့ ကြုံလာတဲ့ အခါမျိုးမှာ လက်ယာဘက် (ညာဘက်) ကနေလည်း ကျော်တက်လို့ ရပါပြီဗျာ။ အဲ့ မျဉ်းသေတို့ မလွတ်တလွတ် ကျော်တက်တာတို့ လုတက်တာတို့တော့ ကျွန်တော်သိတယ်။ ကျွန်တော်ကို ခင်ကြတဲ့ ယာဉ်မောင်းတွေမို့ အဲ့ဒီလိုတော့ လုပ်မှာ မဟုတ်ဘူးလို့။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (30.7.2020)