ထိုင်းရဲတပ်ဖွဲ့က လာအိုနိုင်ငံသား ရွှေအတုပေါင် ဂိုဏ်း ၀င်များကို လိုက်လံ ဖမ်းဆီးနေ
ထိုင်းနိုင်ငံ ချွန်ဘူရီနဲ့ ပတ္တယား မြို့တွေက ရွှေဆိုင်တွေမှာ ထိုင်းနဲ လာအို နိုင်ငံသား ရွှေတုပေါင်းဂိုဏ်းတွေဟာ တစ်လအတွင်း ရွှေဆိုင်တစ်ဆိုင်ထဲကို 376 ရွှေချိန် ၃၇၆ ဘတ်သား ( ကာလတန်ဘိုး ဘတ်(၉)သန်း ကျော် လိမ်ပေါင်သွားခဲ့ကြတာပါ ပတ္တယားမြို့က ရွှေဆိုင်ပိုင်ရှင် တွေလည်း ခုလိုရွှေတုဂိုဏ်း၀င်တွေ ရွှေတုတွေလာပေါင်သွားတာ ခံလိုက်ရပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့မှာတော့ ရွှေတုပေါင်ဂိုဏ်း၀င်တစ်ဦး ရွှေဆိုင်မှာလာပေါင်နေတုံး ဆိုင်ရှင်က လက်ရဖမ်းဆီးနိုင်ခဲ့လို့ ရဲတပ်ဖွဲ့၀င်တွေက တခြားဂိုဏ်း၀င်တွေ ကိုပါ ဆက်လက်ဖေါ်ထုတ်ဖမ်းဆီးနိုင်ဘို့ လိုက်လံ ဖမ်းဆီးနေပြီလို့ သိရပါတယ်။

ယခု လာပေါင်ကြတဲ့ ရွှေတုတွေဟာ လာအိုနိုင်ငံတွင်းမှာ အတုလုပ်ပြီး သယ်ဆောင်လာတာဖြစ်နိုင်ပြီး အစစ်နဲ့ ခွဲမရအောင် ရွှေအစစ် လောင်းထားလို့ အတွင်းသားကို ပွတ်တိုက်ကြည့် ယုံနဲ့ မသိနိုင်ဘဲ ဖြတ် ကြည့် စစ်ဆေးမှ သာ အသွင်းသားတွေဟာ ငွေကြိုးတွေသတ္ထုကြိုးတွေ ဖြစ်နေတာတွေ့ရပါတယ်။

ရွှေတုပေါင်သူတွေ ဟာ မြန်မာနိုင်ငံက ရွှေအပေါင်ဆိုင်တွေကိုလည်း ရောက်လာမှာကြောင့် လာပေါင်တဲ့ ရွေတွေကို အထူးသတိထား စစ်ဆေးကြဖို့ လိုပါတယ်။
SAW