Skip to main content

အရေးကြီးလို့ လိုက်နာစေချင်ပါတယ် ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ

အရေးကြီးလို့ လိုက်နာစေချင်ပါတယ်။

စစ်တွေမှာ ပြည်တွင်းကူးစက်မှုတွေ ပိုတွေ့လာပါတယ်။ အပြင်ထွက်တဲ့သူ ၅% လောက်ပဲ mask ဝတ်တာတွေ့ရလို့ ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်တဲ့ အခြေအနေပါ။

စစ်တွေက မန္တလေးနဲ့ဝေးတယ်လို့ မတွေးစေချင်ပါ။ ယာဥ်လိုင်းတွေကနေ တစ်နေ့ ခရီးသည် ၈၀ ကျော်ဝင်ရောက်နေတာပါ။

စစ်တွေဘက်က လာသူတွေ quarantine လုပ်နေသလို ယာဥ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှစ်ယောက်လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ။



ကူးစက်မှု အလွန်မြန်ဆန်တဲ့ ကိုဗစ် သန္ဓေပြောင်းပိုးကိုတွေ့လာရပြီးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထား ဖို့ ဆေးသုတေသန ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းက မနေ့ကပဲ သတိပေးလိုက်ပါသေးတယ်။

ပြည်သူတွေ အပြင်ထွက်ရင် mask တပ်ပါ။ လူစုလူဝေးကို ရှောင်ပါ။ လက်မကြာခဏဆေးပါ။ ခပ်ခွာခွာနေပါ။ တတ်နိုင်သရွေ့ အပြင်မထွက်ပါနဲ့။

Ye Lwin