9.8.2020 အလုပ်သွားဖို့ အိမ်က အထွက် taxi တစ်စီးတားလိုက်မိတယ်။ အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။
Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ ဖုန်းလေး။ ကြားကြားချင်း တကယ်ကို စိတ်ထဲမကောင်းသွားတာပါ။

ခဏနေတော့ နောက်ထပ် ဖုန်းတစ်ခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ ပြောတဲ့ဖုန်း။ တကယ်စိတ်ထဲကို ဆို့သွားတာ။ အာ့တာနဲ့ မနေနိုင်မထိုင်နိုင် အဘအကြောင်းလေး မေးကြည့်တော့ ဒီနေ့မနက်ဘဲ အဘဇနီးက ဆေးရုံတင်ထားရကြောင်း ဆေးရုံစရိတ်က မကုန်ပေမဲ့ အပြင်က ဝယ်ရမဲ့ဆေးက ဈေးကြီးနေတော့ ဆင်းရဲကြောင်း ရပ်ကွက်ကထောက်ခံစာ ယူလာပြရင် ဆေးဖိုးတဝက်ကို ဆေးရုံမှ စိုက်ပေးမည်ဖစ်ကြောင်း၊ ကျန်တဲ့လေးသောင်းကို taxi ဆွဲရင်း ဒီနေ့အတွင်း ရအောင်ရှာရမည် ဖြစ်ကြောင်း၊
ကျနော်လဲ ဒီ့ထက်ပို စပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတွေ မရှိဘူးလားလို့ မေးလိုက်တော့။ အဘမှာ မျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တွေ မောင်းတော့ ငွေရေးကြေးရေး အဆင်ပြေသေးတော့ ရှိတာလေးတွေ ထုခွဲရောင်းပြီး သား ၃ ယောက်ကို နိုင်ငံခြား ပို့ပေးခဲ့တာတဲ့။

သူတို့ဆီက ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အခုတော့ ပို့လိုက်တဲ့ နေ့ကစပီး ငွေရော လူရော ဘာအသံမှ မကြားရတော့တာတဲ့။ တကယ် စိတ်မကောင်းဘူး အာ့လို သားသမီးတွေ ရှိတာ။

လမ်းမှာ အာ့လို အဖိုးတေကိုတွေ့ရင် တတ်နိုင်သလောက်လေး ကူညီပေးကြပါလို့၊ ကျနော်ကတော့ ကျနော်တတ်နိုင်တဲ့ ဘက်ကနေ အဖိုးရဲ့ ဇနီးအတွက် ဆေးဖိုး ၅၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ အဖွားလဲ အမြန်ဆုံး သက်သာပီး သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။
Rio Khant