ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွက် တစ်လစာ ဟောစာတမ်း
တနင်္ဂနွေ သားသမီးအတွက်
တနင်္ဂနွေနေ့ သားသမီးများသည်အလုပ်အကိုင်အောင်မြင်မှုနှင့် ကြုံတွေ့မည်။ဆရာကောင်းမိတ်ဆွေများနှင့်ဆုံမည်။ မမျှော်လင့်ထားသောအကူညီများရရှိမည်။ ဤလတွင် အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း မလုပ်သင့်ပါ၊ တစ်ပိုင်းတစ်စဖြစ်တတ်သည်။ အပြိုင်အဆိုင် မနာလိုသူပေါများမည်။ ခရီးရှည် ရက်ရှည်ခရီး မထွက်သင့်ပါ။ သူများဦးစီးသောခရီးဝေး မထွက်သင့်ပါ။ အစားအသောက်မှား၍ အစာအဆိပ်သင့်တတ်သည်။ အထူးသဖြင့် ဝမ်းဗိုက်နှင့်ပတ်သက်၍ အထူးဂရုစိုက်ပါ။ ချစ်သူနှင့်အိမ်ထောင်မရှိသူများ ချစ်သူရည်းစား အသစ်ရမည်၊ အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားမည့်လဖြစ်မည်။ အိမ်ထောင်ရေးအဆင်ပြေမည့်လဖြစ်သည်။
ဤအချိန်တွင် အညံ့များ ပြေပျောက်စေရန် ယတြာ - အိုးတစ်လုံးတွင် သဲအပြည့်ထည့်ပီး ရေအနည်းငယ်လောင်းပါ၊ ပြီးလျှင် ရွှေထီး၊ ငွေထီးစိုက်၍ ဘုရားတွင်လှူပါ။ မိမိလိုရာ ဆုကိုတောင်းပါ။
တနင်္လာ သားသမီးအတွက်
ဤလအတွင်း ဘယ်သွားသွား၊ ဘယ်လာလာ မိမိထက်ကြီးသူ၊ ငယ်သူနှစ်ဦး ဒုက္ခပေးမှုကို ခံရမည်။ မိမိရဲ့အတွင်းကိစ္စများသူတစ်ပါးကို မတိုင်ပင်ကောင်းပါ။ငွေရေးကြေးရေး အချေးအဌား အကျိုးမပေးပါ။သူတစ်ပါးအတွက် အာမခံပေးတာ တာဝန်ယူပေးတာ အကျိုးမပေးပါ။သူများကိစ္စ မိမိကိစ္စ ဖြစ်တတ်သည်။ရပ်ဝေးမှ သတင်းကောင်းကြားရမည်၊ ခရီးထွက်ရမည်။ပညာရေးတွင် အင်တာဗျူးအောင်မြင်ခြင်း၊ ရာထူးရာခံတိုးခြင်း၊ အတန်းစားမေးပွဲများ အမှတ်ကောင်းများဖြင့်အောင်မည်။ အကြီးအကဲ အားပေးချီးမြှောက်ခြင်းခံရမည်။ အသက်၂၄၊ ၃၂နှစ် အရွယ်ရှိသူများ ကျန်းမာရေးဂရုစိုက်ပါ။ အတိုက်အခိုက်များမည်။ အိမ်ထောင်ရေး၊ အချစ်ရေး ကံမကောင်းပါ။ အသက်၁၉၊၂၀၊၂၁နှစ် အရွယ်များ အချစ်ရေးစန်းပွင့်မည်။ အပေါင်းအသင်း ဂရုစိုက်ပါ။
ဤလတွင်အညံများ ပြေပျောက်စေရန် ယ ယတြာ - အိမ်ဘုရားတွင် သင်္ဘောသီးတစ်လုံး၊ ချိုချဉ်(11)လုံးနှင့် ပန်းအဝါရောင် (15) ပွင့်ကို ကပ်လှူပေးပါ။
အင်္ဂါ သားသမီးများအတွက်
ဤလတွင်စကားပြောရာ၌ပါးနပ်စွာသုံးချရမည်၊ အပြောအဆို ဆင်ခြင်၍ စကားနုတ်ကျွံတာမျိုးမဖြစ်ပါစေနှင့် ငြင်းပွားစရာလူမှုရေးပြဿနာများဖြေရှင်းရတတ်သည်။ မိတ်ဆွေသည်ရန်သူဖြစ်စေသည်၊ ဥပေက္ခာ ပြုနိုင်လေ မိမိအတွက်အကျိုးပေးလေဖြစ်သည်။ လုပ်ငန်းစီးပွားအောင်မြင်သောကာလဖြစ်သည်။ အလုပ်အကိုင်အသစ်လုပ်ရခြင်း၊ တိုးချဲ့ရခြင်း၊ နေရာပြောင်းရွှေ့ရခြင်း ကြုံရမည်။ တန်ဖိုးရှိစက်ပစ္စည်းများ အပျက်အပျောက်များမည်။ ကျန်းမာရေးအတွက် ဝမ်းဗိုက်အထူးဂရုစိုက်ပါ၊ အမျိုးသမီးများသည် အမျိုးသမီးရောဂါ အထူးဂရုစ်ိုက်ရမည်။ ပညာရေးတွင် လူမှုရေး၊ အချစ်ရေးကိစ္စများဖြစ်ပေါ်ပါက ပညာမှာ တစ်ပိုင်းတစ်စဖြစ်ပီး နှောင်နှေးလိမ့်မည်။ ဆုံးဖြတ်ချက်မှန်ကန်ဖို့အရေးကြီးသည်။ အိမ်ထောင်ရှိသူများ သားသမီးအတွက် ကျန်းမာရေး စိတ်ပူပင် သောကရောက်တတ်သည်။ ဤရက်ပိုင်းတွင် တနင်္ဂနွေ နှင့် စနေသားသမီးများထံမှ မျှော်လင့် မထားသောအကူညီများရမည်။
အဆိုးအညံ့များ ပြေပျောက်စေရန် ယတြာ - အိမ်ဘုရားတွင် ကံ့ကော် (၉) ညွန့် လှူပေးပါ။
ဗုဒ္ဓဟူး သားသမီးအတွက်
အလုပ်အကိုင်အသစ်လုပ်ကိုင်ရမည်၊ မကိုင်ဖူးသော ငွေကိုင်ရမည်။ မလှူဖူးသောအလှူမျိုး လှူရမည်။ ထီထိုးပေးပါ။ အိမ်ထောင်ရေးသာယာမည်၊ သားသမီးဝင်ကိန်းရှိသည်။ ရွှေ၊ငွေ ရတနာများလည်းဝင်မည်။ ပတ်ဝန်းကျင်၏ သပုတ်လေလွင့် ပြောဆိုခြင်းခံရမည်၊ ကိစ္စတစ်ခုကိုလွယ်လွယ်နှင့်မဆုံးဖြတ်ပါနှင့် စိတ်အေးအေးထားပီး ဖြေရှင်းပါ။ပတ်ဝန်းကျင်တွင် နာရေး သတင်းကြားပါက အကူငွေ တစ်ထောင့်ခုနှစ်ရာ၊ တစ်သောင်းခုနှစ်ထောင် စသည့်၁ ရာဂဏန်းကို လှူရမည်။ ကျန်းမာရေးတွင် သွေး၊လေရောဂါနှင့် အာရုံကြောကိုအထူးဂရုစိုက်ပါ။ အသက် ၂၆၊၂ရ အရွယ်ရှိသူများ ဆိုင်ကယ်စီး၊ ကားစီး အထူးဂရုစိုက် သင့်ပါသည်။ကံဇာတာအမြင့်အချိန်ရောက်ရှိနေသောကြောင့် အပြိုင်အဆိုင်ပေါများမည်၊ မနာလိုသူပေါများမည်။
အညံ့များ ပြေပျောက်စေရန် ယတြာ - မိမိ၏မွေးနံဂြိုဟ် ဗုဒ္ဓဟူးဂြိုဟ်နံဒေါင့် ဘုရားမှာ ရွက်လှညွန့်(17)ညွန့်၊ ဖယောင်းတိုင်(17)တိုင်၊ အမွှေးတိုင်(17)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊
ကြာသပတေး သားသမီးအတွက်
ဤရက်ပိုင်းအတွင်းတွင် နာမည်ဂုဏ်သတင်းတိုးတက်မည်၊ ဆုထူးဂုဏ်ထူးရမည်၊ မမျော်လင့်ပဲ အလှူအတန်းတစ်ခုလှူရတတ်သည်။ ပညာကံအထူးကောင်းသည်။ ရပ်ဝေးနိုင်ငံခြားမှ အလုပ်အကိုင်များ အဆက်သွယ်ရမည်။ မြုပ်နေသော ငွေကြေးများပေါ်မည်၊ ရစရာရှိသော ငွေများရမည်။ အလုပ်အကိုင်အပြောင်းအလဲ ကြုံတွေ့ရမည်။လုပ်ငန်းတိုးချဲ့ခြင်း လုပ်ငန်းအသစ်စတင်ခြင်း ကောင်းမည်။ စပ်တူရှယ်ယာတူ ရှောင်ကြဉ်ပါ။ အိမ်ထောင်အိမ်ဖက် အပြောင်းအလဲ ကြုံတွေ့ရတတ်သည်။ အထူးသဖြင့်အသက် ၃၅၊၃၇၊၃၈နှစ်အရွယ် ရောက်သူများ အထူးဂရုစိုက်သင့်ပါသည်။မြေ၊မီး၊မိန်းမ၊ မင်းစိုးရာဇ၊မူးယစ်ဆေးဝါး စသောပြဿနာများ ကြုံတွေ့ရတတ်သည်။ဘာသာခြား၊လူမျိုးခြား အတိုက်အခိုက်ရှိသည်။ ကျန်းမာရေးမှာ သွေးအားနည်းရောဂါ ဖြစ်တတ်သည်။ ချစ်သူရှိပြီးသောသူများ စိတ်ချမ်းသာ၍ ချစ်သူမရှိသောသူများ အောင်သွယ်တော်ကို အားကိုးရမည့်ကာလဖြစ်သည်။
အညံ့များ ပြေပျောက်စေရန် ယတြာ - တန်ခိုးကြီးဘုရားတွင် ပန်းအနီရောင်(19)ပွင့်၊ အောင်သပြေ (19) ညွန့်၊ ဖယောင်းတိုင်း(19)တိုင်၊ အမွှေးတိုင် (19)တိုင် ထွန်းညှိ ပူဇော်ပေးပါ၊၊
သောကြာ သားသမီးအတွက်
ဤရက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပခရီး ထွက်ကိန်းရှိသည်၊ အောင်မြင်မှုရမည်။အဖိုးတန်ပစ္စည်းများဝင်မည်။ တန်ဖိုးရှိသောလက်ဆောင်ပစ္စည်းများ ရတတ်သည်။ ငွေမမြဲပါ ငွေအထွက်များမည်။ လူလိမ် ငွေလိမ်ခံရ၍ ငွေလျော်ကိန်းရှိသည်။ငွေကြေးအရှုပ်အရှင်း သတိပြုပါ။မိသားစုနှင့်စိတ်သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပေါ်မည်။ အထူးသဖြင့် အသက် ၂၉နှစ်မှ ၃၅နှစ် အတွင်း ရှိသော သူများသည် ရုံးပြင်ကဏ္ဍ အမှုအခင်းများရင်ဆိုင်ရတတ်သည်။ အချစ်ရေးနှင့်အိမ်ထောင်ရေးတွင် တစ်ဖက်သက် အထင်လွဲမှားခြင်း အစွပ်အစွဲခံရခြင်းနှင့်ကြုံရမည်။ အတွင်းစကား အတွင်းပြဿနာစသော ကိစ္စများကို သူတစ်ပါးအား တိုင်ပင်ခြင်းမပြုသင့်ပါ။ လူယုံသတိထားပါ။ ကျန်းမာရေးတွင် မဖြစ်ဖူးသော ရောဂါဝေဒနာနှင့် သွေးထွက်သံယိုများ မမျှော်လင့်ပဲ ကြုံတွေ့ရတတ်သည်။
အညံများ ပြေပျောက်စေရန် ယတြာ - စက္ကူကန်တော့တွင် ထန်းလျက် (၈) လုံး ထည့်၍ ခွေးတစ်ကောင်အား ကျွေးပါ။ ကျွန်ုပ်၏ အညံ့များပြေပျောက်ပါစေဟု ဆိုကာ ကျွေးပါ။ ငါးများကို အစာကျွေးပါ။
စနေ သားသမီးအတွက်
စနေသားသမီးများသည် ဘဝ၏ အောင်မြင်ဆုံးအချိန်ကို ရောက်ခါနီးမှ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်တတ်သည်။ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် အချိန်များ ကုန်စေမည်။ ကြီးမားသော ဒုက္ခမဟုတ်သော်များလည်း စိတ်နှောက်ယှက်မှုများ ကြုံရမည်။ အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်မှ အကျိုးရှိမည်။ တစ်ပိုင်းတစ်စ မထားပါနှင့်။ နာမည်ဆိုး ထွက်တတ်သည်။ လက်အောက် ငယ်သားများ သတိထားပါ။ မမျှော်လင့်ပဲ အကြီးအကျယ် ငွေဝင်ကိန်းရှိသည်။ စက်ပစ္စည်းကြီးကြီး ဝင်တတ်သည်။ မလုပ်ဖူးသော အလှူတန်း ကြီးကြီးမားမား မမျှော်လင့်ပဲ လုပ်ရတတ်သည်။ မတူညီသော အလုပ်တစ်ခုတွင်အောင်မြင် ထင်ရှားမည် အသက်၂၉နှစ်ပြည့် ၃ဝအဝင် ၆ လတွင် ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ရမည်။ ဆေးသောက် ဆေးမှား ဂရုစ်ိုက်ပါ။ စက်ပစ္စည်း အဝင်ကောင်းသည်။ မိသားစု ပြဿနာ အိမ်တွင်းရေး ပြဿနာ ရင်ဆိုင်ရမည်။
အညံ့များ ပြေစေရန် ယတြာ - အသက်ကြီးသူ တစ်ဦးကို ဒိန်ချဉ် သို့မဟုတ် နွားနို့လှူပါ။
ရာဟုသားသမီးများအတွက်
ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာ သတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။
အညံ့များ ပြေပျောက်စေရန် ယတြာ - ပန်းအနီ (7)ပွင့်၊ ဖယောင်းတိုင် (7)တိုင်၊ အမွှေးတိုင် (7)တိုင် ပူဇော်ပေးပါ။ နွားနို့ (3)ခွက်ကပ်ပေးပါ။
နက္ခတ္တဗေဒပညာရှင် ဗေဒင်နှင့် လက္ခဏာ ဆရမင်းသုခ (မန္တလေးမြို့၊ ၇၃လမ်း/၃၄-၃၅လမ်းကြား၊ 09440243656)