Skip to main content

၂၀၀ ဖိုး ၃ လုံးတဲ့ မြို့အနှံ လှည့်လည် ခြေလျှင် ဂတ်စ်ဖြည့်တဲ့ အလုပ်နဲ့ ဝမ်းစာ ရှာစားနေရတဲ့ အဘ

၂၀၀ ဖိုး ၃ လုံးတဲ့ မြို့အနှံ လှည့်လည် ခြေလျှင် ဂတ်စ်ဖြည့်တဲ့ အလုပ်နဲ့ ဝမ်းစာ ရှာစားနေရတဲ့ အဘ

တစ်သောင်းတန် မီးခြစ်လေး

200 ဖိုး 3 လုံးတဲ့ မြို့အနှံလှည့်လည် ခြေလျှင်ဂတ်ဖြည့် တဲ့အလုပ်နဲ့ ဝမ်းစာရှာစားနေတဲ့ အဘ။ တရုတ်မီးခြစ်ဆို 100 ယိုးဒယားမှ 200ကျပ် ပဲရှိတာ များသော အားဖြင့် ဂတ်လည်း သိပ်မဖြည့်လိုကျပါဘူး။ အသစ်ပဲဝယ် သုံးကျတာ များတဲ့အတွက် အဘ တစ်နေ့မှ ဘယ်နှစ်လုံး ဖြည့်ရပါ့မလဲ တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။



တစ်ရက် အလုံး 20 ဖြည့်တာတောင် တစ်ရက်စာဝမ်းစာ ဖြည့်နိုင်ပါ့မလားနော်။ အဘ သမီး မီးခြစ်လေး ဂတ်ဖြည့်ချင်လို့ ဆိုတော့ ဝမ်းသာအားရ အထုတ်လေးဖြေပြီး တစ်စခြင်းစီ ဖြုတ်တပ် ဂတ်ဖြည့်ပေးတယ် လိုရမယ်ရ ဆောင်ထားတဲ့ မီးခြစ် လေးပေါ့။



ဘယ်လောက်ကျလည်း အဘ ဆိုတော့ 100 တဲ့။ 10000 တန်လေးတစ်ရွက် ပေးလိုက်တော့ အကြွေမရှိဘူး သမီးတဲ့။ ရတယ် မအမ်းနဲ့ အဘ စားချင်တာစား ဆိုပြီးပေး လိုက်တော့ ကြောင်ကြည့်နေတယ်။



စားချင်တာတော့ စားမှာ မဟုတ်လောက်ဖူး ဆန် လေး ဆီလေး ဝယ်မယ်ဆိုတာတော့ အတတ်သိနေတယ်။ မွေးနေ့ အလှူလေးပါလို့ ပြောလိုက်တော့ ဆုတွေ အများကြီးပေးတယ်။

ပေးချင်တဲ့ message လေးကတော့ သက်ကြီးရွယ်အို အိုမင်းမစွမ်း အားကိုးရာမဲ့ နေသူ ဝမ်းစာအတွက်ရုန်းကန်နေရ သူတွေကို အနီးအနားမှာ ကြုံခဲ့ရင် တတ်နိုင် သလောက်လေး ကူညီဖေးမှ ပေးကမ်း အားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။



အရင်းနှီး နဲနဲနဲ့ ရိုးသားစွာ ရှာဖွေ စားသောက် ရပ်တည် ရှင်သန် ရတာ မလွယ်ပါဘူးနော်။

နန်းယောင်း